Chapter 82

1.6K 154 0
                                    

အပိုင်း (82)


အားကျန်း နောက်တစ်ကြိမ် ကွန်ပစ်တော့မည့်အချိန်တွင် သိပ်မဝေးလှသည့် နေရာမှ သီးခြားကျွန်း‌ရှိ ရေပြင်ကနေ ပင်လယ် ဝံပုလွေ တစ်ကောင် ရေမျက်နှာပြင်ပေါ် အဆက်မပြတ် ခုန်ဆွ ခုန်ဆွ လုပ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။

"ဟေ့၊ ဟိုးမှာ"

ရီရောင့်သုန်းလည်း မြင်သည်ဖြစ်ရာ အခွင့်အရေးကြုံသည်နှင့် အားကျန်း အဆင်သင့် ကွန်ပစ်လို့ရစေရန် တစ်ခါတည်း လှော်သွားလိုက်သည်။

သည်တစ်ကြိမ်ကွန်က တိကျလေမှန်း သံသယ ဝင်စရာပင် မလို၊ ဟုတ်ပါ၏။ ကျရှုံးစရာ အကြောင်းကို မရှိပေ။

အားလုံး အလွန် စိတ်လှုပ်ရှားနေကြလေ၏။ ဒါတွေအကုန်လုံးက ငွေတွေလေ။ စိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မလဲ။

အားကျန်းမှာ တစ်ကြိမ်တည်းဖြင့် ငါးတွေ အများကြီးပါလာလျှင် သူတို့ ယောကျာ်းအားဖြင့် ဆွဲတင်မနိုင်မည်ကို စိုးသောကြောင့် နေရာကို ချုံ့ပြီး ခန့်မှန်းကာပစ်လိုက်သည်။

ငါးကွန်အထိ ပစ်ပြီးနောက်တွင် ထပ်ပြီး ပစ်လျှင်တောင် ဖမ်းနိုင်တော့မည် မဟုတ်ချေ။ လှေမှာလည်း ပင်လယ် ဝံပုလွေများဖြင့် ပြည့်နေပြီး သူတို့အတွက် နေစရာ နေရာပင် မရှိလု နီးပါး။ အားလုံးမှာ အူလှိုက် သည်းလှိုက် ရယ်မောကြသည်က သွားများ မမြင်ရတော့သည်တိုင်အောင်ပင်။

ရီရောင့်သုန်းကလည်း အပြုံးများဖြင့် မျက်လုံးများမှေးကျဉ်းပြီး ;

"အခု မင်းတို့‌ရဲ့လှေက အကောင်အထည် ပေါ်လာတော့မယ်၊ ငါးမုတ်နဲ့ ကျင်း ရာကျော်ရှိတဲ့ ပင်လယ်ဝံပုလွေ လှေအပြည့်ဆိုတော့ ရောင်းလို့လောက်မှာပဲ"

"အာ၊ ငါ မင်းလှေနဲ့ စပ်တူလုပ်ချင်သွားပြီ။ ငါ ဘယ်လိုလုပ်ရမလဲကွာ"

အားကွမ် တစ်ယောက် လှေပေါ် ဆောင့်ကြောင့်ထိုင်ရင်း ရီရောင့်သုန်းကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်လိုက်၏။

"စဉ်းတောင် မစဉ်းစားနဲ့ မင်း၊ ဒါက ငါ့ကိုယ်ပိုင်သီးသန့်ကွ!ဂ"

"ဟေး~ မင်းက ဘာလို့ လှေ အရင် ဝယ်လိုက်ရတာတုန်း၊ ညီအစ်ကိုတွေက မင်းနဲ့ စပ်တူ လုပ်ချင်နေကြတဲ့ဟာကို"

"ငါသာ ဒီလှေလေး မရှိနေရင် မင်းတို့ ဒီနေ့ ပင်လယ်ဝံပုလွေနဲ့ ငါးမုတ်ဖြူတွေ မိပါ့မလား"

အသေးလေးက နောင်တရစွာဖြင့် ;

"ပင်လယ် ဝံပုလွေကတော့ မိသွားပြီ၊ ကံမကောင်းတာက ပင်လယ်လိပ် တစ်ကောင်မှ မရလိုက်တာပဲ"

"ပင်လယ်လိပ် အရေအတွက်က နည်းနည်းလေးပဲ ရှိတာ၊ အဲ့တော့ ငါတို့ ဖမ်းမိတာ၊ မမိတာက ဘုရားသခင် အလိုတော်အတိုင်းပဲ၊ အပြစ်‌ မလုပ်ဘဲနေရအောင်၊ မင်း အဲ့လောက်တောင် စားချင်ရင် နောက်နေ့ကျ အားကျန်းကို ကွန်ယူလာခိုင်းလိုက်၊ ယန်ပင်းရွာဘက်က ရေလှောင်တမံမှာ သွားပစ်ကြည့်တာပေါ့"

ရီရောင့်သုန်းက အကြံပေးလိုက်သည်။

အားကျန်၏ မျက်လုံးများက ဝင်းလက်လာပြီး ;

"မင်း ပြောတာ မဆိုဘူး။ အဲ့ဒါက ကျောက်ကပ်ကို လန်းဆန်းစေပြီး ယန်ဓာတ်ကို အားဖြည့်ပေးမှာ"

ရီရောင့်သုန်း တစ်ယောက် မပြောဘဲ မနေနိုင်တော့ကာ ;

"မင်းက ဘယ်လောက် အားနည်းနေလို့လဲ။ ပြီးတော့ မင်းမှာ မိန်းမတောင် ရှိလို့လား"

"ငါလည်း အပျော်သဘောမှ မဟုတ်တာ၊ အဲ့တော့ ကြိုပြီး ပြင်ဆင်ထားမလားလို့၊ ပြောမရဘူးလေ၊ နောက်နှစ်လနေရင် ငါလည်း မိန်းမ ရချင် ရသွားမှာပေါ့"

"ဟမ်၊ စီစဉ်ထားတာ ရှိလို့လား"

အားကွမ်က စိုက်ကြည့်လာပြီး ;

"မရပါဘူး၊ မင်း လက်ထပ်သွားရင် ငါက ဘယ်လိုလုပ်ရမလဲ"

"လခွမ်းဟ၊ မင်းတို့ နှစ်ယောက်က ဘာတွေလဲ"

ယခုတွင် အသေးလေးရော ရီရောင်သုန်းရော သူ့ကို စိုက်ကြည့်လာသည်။

"ချီးထဲမှ၊ မင်း‌တို့က ဘာတွေပြောနေကြတာလဲ၊ မသိရင် မင်းက ငါ့မောင်းမတော်လိုပဲ၊ ပြောနေတဲ့ပုံကိုက။ မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါက ဂရုစိုက်စရာလား။ ငါ လက်ထပ်တာ မထပ်တာက မင်းနဲ့မှ မဆိုင်တာ။ အချိန်တန်ရင် မင်းတို့က မင်္ဂလာပွဲအတွက် စာအိတ်အနီ ကြိုပြင်ထား၊ လူပျိုဘဝကျွတ်လွတ်သွားတဲ့အတွက် တစ်လမ်းလုံး မီးရှုးမီးပန်း ဖောက်ပေးဖို့သာ ပြင်ထားကြ"

အားကျန်း တစ်ယောက် ပြောစရာစကား ကင်းမဲ့သွားရတော့သည်။

အားကွမ်က ;

"မဟုတ်ဘူးလေ။ ငါ ပြောချင်တဲ့ အဓိပ္ပာယ်က မင်းက ငါတို့ထဲမှာ အငယ်ဆုံး၊ အခု မင်းက လက်ထပ်တော့မယ်ဆိုတော့ ငါ တစ်ယောက်တည်း မကျန်နေတော့ဘူးလား"

"မင်းဘာသာမင်း တစ်ကိုယ်တည်းသမား လုပ်တာက လုပ်လေ၊ ဘာလို့ ငါကပါ မင်းနဲ့ ပေါင်းပြီး လူပျိုသိုးကြီး လုပ်လိုက်ရမှာလဲ"

"ငါလည်း ဘာလို့ တစ်ကိုယ်တည်းသမား လုပ်ရမှာလဲ၊ ငါ့အဖေက မိသားစု မျိုးဆက်အတွက် ငါ့ကို အားကိုနေရတာ၊ အားယား၊ မင်း မိန်းကလေး တွေ့ရင်လည်း ဘာလို့ ငါနဲ့ တစ်ယောက်လောက် မိတ်မဆက်ပေးရတာလဲ"

"ငါ့ကိုတောင် ငါ့အမေရဲ့အမျိုးက မိတ်ဆက်ပေးတာ၊ အဲ့တော့ မင်း ငါနဲ့ ယှဉ်မလုချင်နဲ့"

သူတို့ နှစ်ယောက် အဝေးကြီး ဝေးသွားပုံကို ကြည့်ပြီး ရီရောင့်သုန်းတစ်ယောက် အလျင်အမြန်ဖြင့် ;

"မိန်းမအကြောင်းက ဒီမှာတင် ရပ်တော့၊ ငါတို့ လှေမှာ ခြေချစရာနေရာ မရှိတော့ဘူး ငါ တစ်ခါတည်း ပြန်လှော်သွားပြီး ငါးတွေ လတ်ဆတ်နေတုန်း သွားရောင်းမလားလို့၊ နေရောင်အောက်မှာ ကြာကြာထားရင် နံကုန်မှာ စိုးတယ်"

အသေးလေးက သူ့အိတ်ကပ်ထဲမှ အိတ်အခွံကို ကိုင်ရင်း ;

"ဒါဆို ရောင်းပြီးသွားရင် ကျွန်းဆီ ပြန်လာကြဦးမလား။ ငါ အိတ်ယူလာတာ ရှားတဲ့ဟာကို ယူလာတဲ့အခါမှ အသုံးမတည့်သေးဘူး"

အားကွမ်ကလည်း သုတ်ကြီးသုတ်ပျာဖြင့် ;

"ငါ့ လိပ်ဥပုံးကလည်း ကျွန်းပေါ်မှာပဲဟ။ ငါ လှေပေါ် မတင်လာခဲ့ရဘူး"

"မင်း ငတုံးလားဟ"

"ဒီလောက် ငါး အများကြီး တစ်ခါတည်း ဖမ်းမိမယ်လို့ ဘယ်သူက ထင်မှာလဲ။ ပြန်မသွားတော့ဘူးလား ကျွန်းပေါ်ကိုလည်း"

ရီရောင့်သုန်းက ;

"သွား သွား၊ မနက်ခင်း တစ်ပိုင်းပဲ ရှိသေးတာ။ ‌ခုထိစောသေးတယ်၊ ဒီနေ့က ဆယ်ငါးရက်နေ့ဆိုတော့ အခွင့်အရေးကို လက်လွှတ်မခံနဲ့"

"ဒါဆိုလည်း မြန်မြန်လှော်"

"အဲ့မှာ ရပ်ပြီး စကားပြောနေလိုက်၊ ပင်ပန်းသွားဦးမယ်၊ လှော်တက်လှော်ရတာက ပင်ပန်းတယ်ဟ"

"ငါ ခဏနေ နှိပ်ပေးပါ့မယ်ဟာ၊ မင်း ဘယ်နေရာ နှိပ်ချင်လဲ။ နှိပ်ချင်တဲ့ နေရာသာ ပြောလိုက်"

အားကွမ်က စကားပြောရင်းဖြင့် ရည်ရွယ်ရှိရှိ မျက်စိမှိတ်ပြလာ၏။

ရီရောင့်သုန်း တစ်ယောက် ကျောချမ်းသလို ခံစားလိုက်ရတော့သည်။ သေချာနေပြီ၊ သည်ကောင်တော့ တစ်ကိုယ်တည်း နေရတာများပြီး မူမမှန် ဖြစ်လာပြီ။ သူ တစ်ဖက်သို့ လှည့်လိုက်ပြီး မသိချင်ယောင် ဆောင်နေလိုက်တော့သည်။

မနက်ခင်းပိုင်းလေးပဲ ရှိသေးကာ နေရောင်ခြည်က ဖြာထွက်နေပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ် ရောက်ပြန်ဟပ်ကာ တလျှပ်လျှပ် ဝင်းလက်နေ၏။ ရီရောင့်သုန်း တစ်ယောက် အားအင်အပြည့်နှင့် တက်ကြွနေ၏။

ယနေ့က လှေကို ရေပေါ်တွင် သူကိုယ်တိုင် စမ်းကြည့်သည့် ပထမဆုံးနေ့လည်း ဖြစ်ပြီး စစချင်းမှာပင် မင်္ဂလာအပေါင်း ခညောင်းနေလေ၏။ လူလေးယောက်မျှ ဝေရမည်ဆိုလျှင်တောင် ပိုက်ဆံအများကြီးရကြမည် ဖြစ်သည်။

ယခုတွင် ဒီရေက ကျနေပြီး၊ ကမ်းပေါ်တွင် လှေတစ်စီးမှ ရှိမနေချေ။ သူတို့က လှေငယ်လေးဖြစ်သဖြင့် သိပ်မဝေးသည့် နေရာတွင် ကမ်းကပ်ပြီး ရေထဲခဏလောက် လမ်းဆင်းလျှောက်ရ‌ပေမည်။၊ မဟုတ်လျှင် အနီးအနား သွားပြီး ကမ်းကပ်ထားမိပါက ဒီရေကျသွားချိန်တွင် အချိန်အတန်ကြာ သောက်တင်နေတော့မည် ဖြစ်ကာ သီးခြားကျွန်းဆီ သွားဖို့ကို မေ့လိုက်ရတော့မည် ဖြစ်သည်။

လှေကို ကမ်းကပ်ပြီးနောက်တွင် ရီရောင့်သုန်းက လှေကို စောင့်ပြီး တခြားသူများက ပုံးများ အရင်သွားယူကြသည်။ သူက ပင်လယ် ဝံပုလွေငါးက ကျင်း တစ်ထောင်တော့ မရှိနိုင်ပြီး ကျင်း ရှစ်ရာကျော်လောက် ရှိနိုင်ကြောင်း အကြမ်းဖျင်းတွက်ကြည့်လေ၏။ ထို့အပြင် ငါးမုတ်တွေလည်း ရှိသေးပြီး၊ သို့သော် ငါးမုတ်များက ပင်လယ် ဝံပုလွေတွေအောက်တွင် ဖုံးနေလေ၏။ သူ ငါးမုတ် တစ်ကောင်ဆို တစ်ကောင်မှ မတွေ့ရချေ။

~

ယခုအချိန်တွင် ကမ်းခြေရှိ ပင်လယ်ရေလှိုင်း စီးသူများမှ လွဲ၍ ဆိပ်ခံရှိ ကမ်းစပ်ပေါ်တွင် လူသူ တစ်ယောက်မှ မရှိပေ။ ပင်လယ် ဝံပုလွေ ငါးများကို ခြင်းတောင်းထဲထည့်ပြီး သယ်သွားသည့် အချိန်တွင် လူအမြင်ကွယ်ပြီးသား ဖြစ်သွားလေသည်။

အားချိုင်၏ မျက်လုံးများမှာ အပြုံးများဖြင့် ပြည့်လာပြီး ;

"မင်းတို့ ဘယ်ကနေ ဒီလောက်များတဲ့ ဝံပုလွေ ငါးတွေ ဖမ်းမိလာတာလဲ။ ငါဖြင့် ဒီငါးကို မမြင်ရတာတောင် အတော်ကြာနေပြီ၊ ဒီနေ့ပြန်တွေ့ရလိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး"

"မြန်မြန် လာကူသယ်ပေးပါဦးဟ၊ ကျင်း ဒါဇင်ကျော်တဲ့ ငါးမုတ်တွေလည်း ပါသေးတယ်"

"ဟေး၊ မင်းတို့တွေ ဒီနေ့ ဘယ်မှာ သွားဖမ်းလာကြတာလဲ။ ဒီတစ်ခေါက်လည်း ငါးတွေ အများကြီးပဲကွာ၊ မင်းတို့ ပင်လယ်ထဲ ထွက်တိုင်း လက်ဗလာနဲ့ပြန်လာရတဲ့ အချိန်ရော ရှိသေးရဲ့လား"

"ဟုတ်ပါပြီဗျာ၊ မြန်မြန် လာကူပေးပါဦးဆို၊ ပစ္စည်းတွေ ရွှေ့ပြီးတာနဲ့ ပြောပြပါ့မယ်‌"

အားချိုင် တစ်ယောက် သူ့ဗိုက်ပူပူကြီးနှင့် ဝိုင်းကူညီပေးလိုက်၏။

ဤပင်လယ် ဝံပုလွေ ငါးများမှာ အရွယ်စားမသေးလှချေ။ အကောင်တိုင်း တစ်မီတာကျော် ရှည်ပြီး ဝိတ်ချိန်ကြည့်လျှင် ခန့်မှန်းခြေ ကျင်း ၂၀ ကျော်လောက် ရှိမည် ဖြစ်သည်။ အားချိုင် တစ်ယောက် ပါးစပ် နားရွက် ချိတ်မတတ် ပြုံးနေလေ၏။

"အရင် စည်းမျဉ်းအတိုင်းပဲ တစ်ကျင်း ဈေးဘယ်လောက်ပေးမလဲ အရင်ပြော"

"ဟေ့၊ မင်းတို့က လူတွေ ဒီလောက်များတာ၊ မင်းတို့ကို ငါ အမြတ်စားရဲပါ့မလားဟ။ ပင်လယ် ဝံပုလွေဈေးက တစ်ကျင်း ၄.၅ ဆင့်၊ ငါးမုတ်ကတော့ ၆ တေးလ်ကျော်ရင် ၄ ဆင့်၊ ၆ တေးလ် အောက်ဆို ၂.၅ ဆင့်"

ရီရောင့်သုန်း ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်၊ သည်တစ်ကြိမ်တွင် အားချိုင် တစ်ယောက် စဉ်းစားတတ်သွားပြီလို့ ပြောရမည်။ သူ့ကို ဈေးအမှားကြီးမပြောလိုက်ချေ။

"အိုခေ၊ မြန်မြန် ကူသယ်ပြီး ချိန်ကြည့်ရအောင်"

အားကွမ်ကလည်း သူ့အိတ်ထဲမှ ပင်လယ် ဝံပုလွေတစ်ကောင်ကို သွန်ချလိုက်ပြီး ...

"ဒါကိုပါ အတူတူ ထည့်ချိန်ပေးပါ၊ ဒီအကောင်လည်း မဆိုးဘူး"

ရီရောင့်သုန်း သူ့ ပုခုံးကို ပုတ်လိုက်ပြီး ;

"ညီအစ်ကို ကောင်း"

"ဟီးဟီး၊ ဒီအကောင်လည်း မင်း ပြောလို့ တွေ့တာပါပဲကွာ အတူတူ ထည့်တွက်ကြတာပေါ့"

"အတူတူ ထည့်ချိန်မယ်နော်၊ ဒီခြင်းက ၁၀၁ ကျင်း..."

"ဒီခြင်းက ၉၆ ကျင်း...."

...

"ငါ ပေါင်းကြည့်ဦးမယ်၊ ပင်လယ် ဝံပုလွေက စုစုပေါင်း ကျင်း ၁၀၁၀ နဲ့ ၆ တေးလ်၊ ငါးမုတ်ကြီးတွေက ကျင်း ၄၀ နဲ့ ၃ တေးလ်၊ ငါးမုတ်သေးက ၂၈ ကျင်း ၆ တေးလ်၊ ပြီးတော့ ဒီငါး၊ ပုစွန်၊ ကဏန်းမျိုးစုံ ထည့်ထားတဲ့ ခြင်းက မင်းတို့တွေ ခွဲထုတ်ပြီး ချိန်လိုက်ကွာ"

ပင်လယ် ဝံပုလွေ ငါးက သူတို့ မှန်းထားသည်ထက် ကျော်လွန်ပြီး ငါးမုတ်ကတော့ မှန်းထားသည်နှင့် သိပ်မကွာပေ။

"ဒီပင်လယ်စာ မျိုးစုံက ရောင်းဖို့ မဟုတ်ဘူး၊ အဲ့တော့ ဒီနေ့ ခဏ ထား,ထားပြီး ကျွန်တော်တို့ နောက်မှ ပြန်လာယူမယ်"

"ဟမ်၊ မင်းတို့ ပင်လယ် ထဲသွားကြဦးမလို့လား"

"ဆယ့်ငါးရက်မြောက်နေ့က ရှားရှားပါးပါးလေ၊ ခင်ဗျား ပိုက်ဆံ တွက်ပြီးသွားရင် ငွေဖြတ်ပိုင်းရေးပေးဦး"

အားကွမ်က ဘေးမှနေပြီး သတိပေးလိုက်၏။

"မနက်ဖြန်ကျ ပိုက်‌ဆံ လာထုတ်မှာနော်။ အဆင်သင့်ပြင်ထား"

ပိုက်ဆံက ကိုယ့်လက်ထဲရောက်မှ စိတ်ဒုံးဒုံးချလို့ရမှာ။

"သိပါပြီကွာ၊ ပင်လယ် ဝံပုလွေက ၄၅၄ ယွမ် ၇.၇ ဆင့်၊ ပြီးတော့ ငါးမုတ်က ၂၃ ယွမ် ၂.၇ ဆင့်.. စုစုပေါင်း ၄၇၈ ယွမ်နဲ့ ၄ ဆင့်"

လေးယောက်သား ခေါင်းရှုပ်သွားကြပြီး မသေချာမရေရာမှုများဖြင့် ;

"ဟုတ်ရဲ့လား"

ရီရောင့်သုန်းက တစ်ခဏ စဉ်းစားပြီး ;

"မှန်လောက်မယ် ထင်တာပဲ၊ ဘောင်ချာ ယူပြီး ငါ့မိန်းမကို ပြန်တွက်ကြည့်ခိုင်းလိုက်မယ်"

ဂဏန်းတွက်စက် မရှိသည်က အတော်လေးကို အဆက်မပြေလှချေ။ သူတို့လို ဒုတိယတန်းတောင် မပြီးတဲ့ စာမတတ်တဲ့သူတစ်ယောက်က ဘယ်လိုပြောနိုင်မှာလဲ။

ပေသီခုံ ရှိရင်တောင် အဆင်ပြေဦးမယ်။

ကိုယ့်နာမည်ကိုယ်တောင် ကောင်းကောင်းမပေါင်းတတ်တဲ့ဟာကို။

အားချိုင်က သူ့ရင်ဘက်ကို ပုတ်ပြီး ;

"စိတ်မပူနဲ့၊ မှားစရာ လုံးဝ မရှိဘူး၊ မင်းတို့တွေ ဒီလောက် လူအုပ် တောင့်တာ ငါ့နေရာ ပြန်လာပြီး သောင်းကျန်မှာ ကြောက်ပါတယ်ကွာ"

"ကောင်းတယ်"

ရီရောင့်သုန်းက သူ့လက်ကို မြှောက်လိုက်ပြီး ;

"သွားစို့၊ ကျေးဇူး အရမ်းတင်တယ် ချိုင်ကော...အာ၊ ဒါနဲ့လေ တစ်ခြားသူတွေကို ကျွန်တော်တို့ ပင်လယ် ဝံပုလွေ အများကြီး မိလာတယ်ဆိုပြီး သွားထပ် မပြောနဲ့ဦးနော်"

"ဘာလို့လဲ"

"တိုးတိုးတိတ်တိတ်ပေါ့"

အိမ်ဝိုင်းလဲရုံနဲ့ လှေတစ်စီး အလကား ရနေပြီပဲဟာ၊ သူတို့ တိုးတိုးတိတ်တိတ် နေသင့်တာပေါ့။

"ဟုတ်ပါပြီကွာ။ ငါ နားလည်ပါတယ်"


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now