Chapter 98

1.6K 150 0
                                    

အပိုင်း (၉၈)


"စကား များမနေတော့ဘူး၊ လှေပေါ်မှာ ရေခဲကလည်း မရှိတော့ လတ်ဆတ်အောင်ထားဖို့က မလွယ်လောက်ဘူး၊ ဒီကောင်ကြီး လတ်တုန်း ငါ မြန်မြန် ပြန်လှော်သွားပြီး ရောင်းလိုက်အုံးမယ်၊ ကြည့်ရသလောက်တော့ ကျင်း သုံးဆယ်၊ ကျင်း လေးဆယ်လောက်တော့ ရှိမယ်၊ ယွမ် နည်းနည်းများများတော့ ရမှာ သေချာတယ်၊ မင်းတို့ကတော့ ဒီမှာ အေးဆေးနေခဲ့ကြ"

"ဟမ်၊ သီခြားကျွန်းဆီ မသွားတော့ဘူးလား"

အားကျန်း တစ်ယောက် လုံးဝကို စိတ်မဖြတ်နိုင်သေးပေ။

"ငါတို့ သွားလို့ မရလောက်ဘူး၊ ငါ အများကြီး ပတ်ကြည့်ပြီးသွားပြီ၊ ဒီရေကလည်း မကျ၊ ပြီးတော့ အတော်လေးလည်း မတ်စောက်နေသေးတယ်၊ ကျွန်းပေါ်သွားဖို့ လွယ်မှာ မဟုတ်ဘူး။ ကျောက်တုံးတွေကလည်း ချော်နေတယ်၊ အန္တရာယ်များပါတယ်ကွာ၊ လနှစ်သစ် ဆယ့်ငါးရက်နေ့ထိပဲ စောင့်လိုက်ရအောင်"

သုံးယောက်သားမှာ ရွေးချယ်စရာ မရှိလေတော့ဘဲ လက်လျှော့လိုက်ရတော့သည်။

"ငါ သွားပြီနော်၊ မင်းတို့ ကောင်တွေ အကောင်းဆုံးကြိုးစားထားကြ"

"အေးအေး"

သူ အားချိုင်ဆီ ပုံး နှစ်ပုံးဖြင့် ရောက်သွားချိန်တွင် အားချိုင် တစ်ယောက် သူ၏ ကံကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူက ပုံး တစ်ပုံးတည်းဖြင့် ပင်လယ်ဝက် တစ်ကောင်ကိုတောင် ဖမ်းလာနိုင်ခဲ့လေသည်။

ပင်လယ်ဝက်၏ သိပ္ပံအမည်မှာ finless porpoise ဖြစ်သည်။ ပုံဏ္ဍန်က လုံးဝိုင်းပြီး ထူးဆန်းသည့် လက်များပါသည့် ဝဖိုင့်ဖိုင့် အကောင် ဖြစ်သည်။ ၁၅၀ စင်တီမီတာအထိ ရှည်လျားနိုင်ပြီး ကျင်း နှစ်ရာမှ ကျင်း သုံးရာအထိ အလေးချိန် ရှိနိုင်၏။ ၎င်း၏ ကိုယ်တစ်ကိုယ်လုံးက မီးခိုးရောင် သို့မဟုတ်၊ အဖြရောင်မွဲမွဲ ဖြစ်သည်။

သူကောက်လာသည့် အကောင်က အတော်လေးသေးပြီး ကျင်း ခုနစ်ဆယ်၊ ကျင်း ရှစ်ဆယ် ဝန်းကျင်ခန့်သာ ရှိလောက်သည်။

အားချိုင်က ချိုင်တွယ်စက်ပေါ် ယူပြီး ချိန်းကြည့်လိုက်သည်နှင့် ၇၂ ကျင်းသာ ထွက်လာ၏။

"မင်းအတွက် တစ်ကျင်းကို ဆင့် သုံးဆယ် ပေးမယ် ဟုတ်ပြီလား။ ဒါ ငါမင်းကို ပေနိုင်သမျှ အမြင့်ဆုံးဈေးပဲနော်။ ငါ့ဆီကနေ ဈေးထက် မဆစ်နဲ့တော့..."

ရီရောင့်သုန်းက သူ၏ သီးသန့်ငါးများကို လာရောင်းချိန်တိုင်းတွင် ပစ္စည်းကောင်း ဖြစ်နေသရွေ့ ဈေးကို အမြဲ ညှိနှိုင်းတတ်ရာ အားချိုင် တစ်ယောက် ဒါကို ကျင့်သားရနေပြီ ဖြစ်သည်။

ရီရောင့်သုန်းကလည်း ပြုံးပြီး ;

"ဟုတ်ပါပြီဗျာ၊ ဒီတစ်ခါ မဆစ်တော့ဘူး။ ချိုင်ကော ပြောသလောက်ပဲ...."

မည်သို့ဆိုစေ သူ အလကား ကောက်လာခဲ့ရသည်ဖြစ်၍လည်း အတော်လေး ပျော်ရွင်နေမိ၏။

အားချိုင်က ယုံကြည့်ချက်အပြည့်ဖြင့် ဈေးကိုတွက်လိုက်ပြီး ;

"စုစုပေါင်း ၂၃ ယွမ်နဲ့ ၇၆ ဆင့်၊ ငါ့ကို ကပ်စီးနှဲတယ် မပြောနဲ့ဦး။ ငါ မင်းကို ၂၃ ယွမ်နဲ့ ၈၀ ဆင့်ပေးမယ်"

"ချိုင်ကောက အရမ်း သဘောကောင်းတာပဲဗျာ~"

ရီရောင့်သုန်းက သူ့ပုခုံးကို ဖက်လိုက်ပြီး သူ ငွေတွက်နေသည်ကို ကြည့်လိုက်သည်။

"မင်း ဒီငတုံးငါးကိုရော ရောင်းဦးမှာလား။ တစ်ကျင်း ၂ ဆင့်နော်"

"ဒါတော့ မရောင်းတော့ဘူး၊ အိမ်ပြန်ယူပြီး အချဉ်သိပ်ပြီး ငါးပိကောင် လုပ်စားမလို့"

"မင်း သဘောပဲ၊ ဘောင်ချာ ယူသွား"

သူက ဘောင်ချာကို ပျော်ရွှင်စွာ ယူလိုက်ပြီး နံပါတ်ကို စစ်ဆေးပြီးနောက်တွင် သေချာလေး ခေါက်ကာ ရင်ဘက် အိတ်ကပ်ထဲ ထည့်လိုက်ပြီး ပုတ်ကာ ;

"သွားစို့"

ငါးကို အိမ်ပြန်သယ်လာပြီးနောက်တွင် အမေ ရီ တစ်ယောက် ဟင်းချက်နေသည်နှင့် ကြုံကြိုက်လေ၏။ သူ ပြန်ယူလာသည့် ငတုံးငါး သုံးကောင်ကို မြင်သည်နှင့် ဘာမှမပြောလေဘဲ တစ်ခါတည်း*တ်လိုက်သည်။

"အမေ၊ အိမ်က ဆောက်တာ ဘယ်လောက် ကြာဦးမှာလဲ"

"နှုန်းကို ကြည့်ရသလောက်ဆို နောက် ခုနစ်ရက်၊ ရှစ်ရက်လောက်တော့ ကြာအုံးမယ်၊ နေရာပြောင်းတာနဲ့ ဖောင်ဒေးရှင်း ပြန်ချရတာနဲ့မှ မဟုတ်ရင် ငါတို့အိမ်က ပြီးသွားတာဖြင့် ကြာပြီ"

"အင်း၊ ကျွန်တော် ပြန်လာတုန်းကလေ အဲ့မြေကွက်ကို တွေ့လိုက်သေးတယ်၊ အကွက်က သေးသွားပြီး အကုန်လုံး ကာထားတာ"

"ထားလိုက်စမ်းပါ၊ ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး၊ မင်းတို့ သုံးခန်းက ဆောင်းလယ်ပွဲတောင် မတိုင်ခင် ပြီးလောက်မယ် ထင်တယ်"

"အခန်း သုံးခန်းဆောက်တာ ဘယ်လောက်လောက်ကုန်လဲ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက လေတွေ ထန်နေတာ၊ စက်ကလည်း နှစ်ခါတောင် ပြင်လိုက်ရသေးတော့ အချိန်က ဆယ်ရက်ကျော်လောက် ကုန်သွားတယ်"

"ထောင်ကျော်လောက်ပေါ့၊ အကုန်အကျက သက်သာပါတယ်၊ ငါတို့ ဟင်းသီးဟင်းရွက်တွေအတွက်က ငွေထုတ်စရာ မလိုဘူးလေ၊ ဆန်ဖိုးပဲကုန်တာ၊ လိုအပ်တဲ့ ပစ္စည်းတွေကလည်း အကုန်လုံး တောင်ပေါ်ကနဲ့ မြစ်တွေဆီကနေ အလုပ်သမား သုံးပြီး ယူရတာပဲ ရှိတယ်၊ သဲချောအတွက်ကတော့ ပိုက်ဆံ နည်းနည်း သုံးရတယ်၊ တစ်လွှာပဲ ဆောက်မှာဆိုတော့ အုတ်နီတွေ ဝယ်စရာမလိုဘူးလေ တောင်ပေါ်က ထွင်းထားတဲ့ ကျောက်တုံးတွေ သုံးရုံနဲ့ဆို အဆင်ပြေတယ်၊ လုပ်သားခကတော့ မြင့်တယ်။ အလုပ်ကြမ်းအတွက် တစ်ရက်ကို တစ်ယွမ်နဲ့ ငါးဆင့်၊ ကျောက်တုံး ဖြတ်တဲ့ ဆရာသုံးယောက်အတွက်က ၂ ယွမ်၊ အလုပ်ပြီးတဲ့အထိ အရင် စောင့်ပါဦး။ ငါ စာရင်းချုပ်လို့ မပြီးသေးဘူး"

ရီရောင့်သုန်း ခေါင်းညိတ်လိုက်သည်။ ယခုအချိန်အတောအတွင်း ရွှေငါပုတ်သင်ကြီးများ ရောင်းချလို့ရသည့်ငွေက အိမ် တစ်လုံး ဆောက်ရန်အတွက် လုံလောက်လုနီးပါးပင်။

"အင်း၊ ဒါဆို ကျွန်တော် သွားလိုက်အုံးမယ်နော်"

"အင်း၊ ဒါနဲ့ ဒီရေနွေးကြမ်းအိုးကိုပါ တစ်ခါတည်းယူသွားလိုက်အုံး"

"ဟုတ်ကဲ့"

အမေ ရီမှာ တတိယသား၏ နေလောင်ထားသည့်မျက်နှာအား ကြည့်ကာ အနည်းငယ် စိတ်မချမ်းမသာဖြစ်ရသည်။ သူ(မ)၏ တတိယသားမှာ လွန်ခဲ့သည့် တစ်လနှစ်လကပင် သန့်ရှင်း သပ်ရပ်ကာ ဖြူဖွေးနေသေး၏။ သည်အတော်အတွင်း ရောင့်သုန်းက တကယ်ကို အလုပ် အများကြီး လုပ်ခဲ့တာပင်။

"မင်း ပင်ပန်းရင် အိမ်မှာ ခဏတဖြုတ် နားပါဦးလား၊ ပြီးမှ အမေနဲ့ အစားအသောက် အတူတူသွားပို့တာပေါ့"

"ရပါတယ်ဗျာ။ မနက်က မြေလှောင်ကွန် သွားချနေတာနဲ့ ဘာမှမလုပ်ရသေးဘူး"

သူက ပြောရင်းဖြင့် လမ်းလျှောက်ထွက်သွား၏။

ဤမျှ အချိန် အတော်ကြာပြီးနောက်တွင် ပြန်လည်မွေးဖွားလာပြီးနောက် သူ့ စိတ်ပိုင်းဆိုင်ရာအား ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ အစပိုင်းတွင် အနည်းငယ် မသက်မသာဖြစ်ရသည့်တိုင် ယခုတွင်တော့ သူ၏ စိတ်နေသဘောထားတို့က ဖြည်းဖြည်းချင်း ပြောင်းလဲလို့နေပြီ။ ယခုဆိုလျှင် သူ၏ မိသားစုဝင်များက သူအလုပ်လုပ်နေသည်ကို မြင်ရသည်အား အသားကျနေကြပြီ ဖြစ်သည်။

သူ မြေပေါ်တွင် မားမားမတ်မတ် ရပ်တည်ချင်ပြီး ပိုက်ဆံကို ကြိုးစားရှာကာ ဘဝကောင်းကောင်းတွင် နေထိုင်လို၏။

သူ အိမ်ဝိုင်းသို့ ရောက်ချိန်တွင် ရေငတ်ပြေရန် လက်ဖက်ရည် လာသောက်သည့် လင်းရှို့ချင်းနှင့် ဆုံလေသည်။ သူက ယနေ့ မနက်ခင်းတွင် ပင်လယ်ဝက် တစ်ကောင် ကောက်ရလာခဲ့ပြီး ၂၃ ယွမ်နှင့် ၈၀ ဆင့်ဖြင့် ရောင်းရခဲ့ကြောင်း သူ(မ)အား တိုးတိုးတိတ်တိတ်လေး ပြောပြလေ၏။ လင်းရှို့ချင်း၏ မျက်လုံးများက ဖြာထွက်လာပြီး ;

"တကယ်"

"ငါ မင်းကို ဘာလုပ်ဖို့လိမ်ရမှာလဲ။ ဘောင်ချာက ငါ့အိတ်ကပ်ထဲမှာ၊ အခုလေးတင် အိမ်ကို သွားပြီး ပြန်ယူဖို့မေ့လာခဲ့တာ၊ ပျောက်မှာတော့ မဟုတ်ဘူး ညနေကျရင် မင်းကိုပြမယ်"

လင်းရှို့ချင်း တစ်ယောက် လက်ဖက်ရည်ခွက်ကိုကိုင်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်၏။ ရီရောင့်သုန်းက သူ(မ) လက်ကို ကိုင်ပြီး သူ(မ) သောက်မပြီးလိုက်သည့် လက်ဖက်ရည်ခွက်အား ယူကာ တစ်ချိုက်တည်း မော့ချလိုက်ပြီး နောက်တစ်ခွက် ထပ်ထည့်သောက်ပြီးနောက်တွင် လင်မယား နှစ်ယောက်သားက စကားတပြောပြော ရယ်မောရင်းဖြင့် အလုပ်ပြန်လုပ်ကြလေသည်။

ကောင်းစွာ သိမြင်နိုင်သည့် မည်သူမဆို လင်မယားနှစ်ယောက်ကြားရှိ ဆက်ဆံရေးက များစွာတိုးတက်လာကြောင်း မြင်နိုင်ပေပြီး၊ သူတို့က အလုပ်ကိုတောင် အတူတကွ လုပ်နေကြသည့်အပြင် အလွန်ပျော်ရွှင်စွာဖြင့်တောင် ပြုံးနေကြသေး၏။

ထိုနေ့ညက အဖေ ရီနှင့် ပင်လယ်ထဲ လိုက်ရမည့်သူမှာ ရီရောင့်သုန်း ဖြစ်သည်။

သုံးရက် တစ်ကြိမ် အလှည့်ကျပြီး၊ တစ်ခါတစ်ရံ လေကြောင့် သို့မဟုတ် စက်ပျက်သွားသောကြောင့် မသွားရပေ။ လွန်ခဲ့သည့် လအတွင်း သူ မလိုက်ရသည့်အကြိမ်ရေက အတော်လေးများ၏။

သူ ခွဲထွက်ပြီးနောက်တွင်တောင် အဖေ ရီနောက် ဆက်လိုက်လျှင် သူ တကယ်ပဲ တစ်ယောက်တည်း လုပ်ရ‌ပေတော့မည်။ ကွန်ပစ်ခြင်းမှ ငွေ အများအပြားရသော်လည်း ၎င်းကို လူ လေးယောက် ခွဲဝေရပြီး သူ့မိဘများကလည်း သူ့အတွက် လုံလောက်သည့် လှေတစ်စင်းကို စီစဉ်ပေးထား၏။

ထုံးစံအတိုင်း မနက် တစ်နာရီ ထပြီး အစာစားကာ ပင်လယ်ထဲ သွားရန် ပြင်ဆင်လိုက်သည်။

သူ အပြင်ထွက်လာချိန်တွင် မှောင်နေသဖြင့် အဖေ ရီက ရွက်လွှင့်ရန် တာဝန်ယူလိုက်ပြီး သူကိုယ်တိုင်ကပဲ ကွန်ကိုချလေသည်။ အာရုဏ်ကျင်းလာသည့်အချိန်ရောက်မှပင် ရီရောင့်သုန်းအား ကွန်ချခိုင်းလေ၏။

ထိုအချိန်အတောအတွင်း အဖေ ရီ နားလည်လိုက်ရသည်မှာ သား သုံးယောက်ထဲတွင် တတိယသားက ကံအကောင်းဆုံး ဆိုတာပင်။ သူချလိုက်သည့်ကွန်တိုင်း ငါးကောင်းများ ပါလျှင်ပါ မဟုတ်လျှင် တစ်ကွန်လုံး ငါးများ အပြည့်ရတတ်သည်။

ရီရောင့်သုန်းက ကွန်ကို ပြန်သိမ်းလိုက်ပြီး လျှောမှတစ်ဆင့် ကုန်းပတ်ပေါ် အားစိုက်၍ ဆွဲတင်ကာ ;

"အား၊ ကွန်တစ်ခုလုံး ငါးမုတ်ဖြူတွေချည်းကွ၊ ငါ့ရဲ့****လက်နီလေးကတော့ ဆွဲတဲ့နေရာမှာ တကယ်တော်သားပဲ"

အဖေ ရီက သူ့ကို ကြည့်ကာ စိတ်ချလက်ချ ဖြစ်နေပုံပေါ်သော်လည်း ပါးစပ်ကတော့ တစ်မျိုး ထွက်လာလေ၏။

"နောက်တစ်ကွန် ဆက်ချနေ"

"အဖေ၊ နောက်တစ်ကွန်ကလည်း‌ သေချာပေါက် ငါးမုတ်ဖြူတွေပဲ ဖမ်းမိမှာလို့ ကျွန်တော် အာရုံရနေတယ်"

"ဘာလဲ။ မင်းက ငါးကိုများ တရုတ်ဂေါ်ဖီထုတ်လို့ ထင်နေတာလား"

"အဖေ လောင်းကြည့်ချင်လား ပြောလိုက်"

"ဘာနဲ့ လောင်ကြေးထပ်ချင်လို့လဲ"

ရီရောင့်သုန်းက ရယ်ရင်း ;

"မိတ်ဆွေ စီးကရက် နှစ်ထုပ်နဲ့ လောင်းမယ်၊  အဖေ့အိတ်ထဲမှာ နှစ်ထုပ် ကွက်တိ ရှိတာ ကျွန်တော် မြင်တယ်နော်"

အဖေ ရီက သူ့အိတ်ကပ် နှစ်ဖက်စလုံးကို ဖုံးလိုက်ပြီး စိုက်ကြည့်ကာ ;

"ငါ မလောင်းချင်ပါဘူး၊ ငါကဖြင့် ပိုက်ဆံလေး မနည်းခိုးစုပြီး ဒီနှစ်ထုပ်လေးကို ဝယ်ထားရတာ"

"အဆင်ပြေပါတယ်။ အဖေလည်း နိုင်နိုင်သေးတာပဲလေ၊ အဖေရှုံးလည်း အိမ်က ဆေးတံသောက်လို့ရနေသေးတာပဲ၊ မဟုတ်လည်း ဆေးရွက်ကြီးကို သုံးလို့ရနေတာပဲကို"

"ဟင့်အင်း၊ ငါ့ စီးကရက်တွေကို ယောင်လို့တောင် စိတ်ကူးမနေနဲ့။ မြန်မြန် အလုပ်လုပ်"

"အင်းပါ"

ရီရောင့်သုန်း တစ်ယောက် မျှော်လင့်ချက်လေးပျက်သုဉ်းသွားပြီး ရိုးရိုးသားသားဖြင့်သာ ရွက်လွှင့်ရတော့သည်။

အဖေ ရီလည်း သူ၏ ဒုတိယကွန်က ငါးမုတ်ဖြူပဲ ဖြစ်နေဦးမည်လို့ တွေးမိသည်။ ယခုရက်ပိုင်း ငါးမုတ်ဖြူက အတော်ကို ပေါများနေခြင်းဖြစ်ပြီး မနေ့က အဝယ်ဒိုင်းတွင်လည်း ငါးမုတ်ဖြူအပုံအများအပြား တွေ့ခဲ့ရသေးသည်။

သေချာပေါက်ကိုပင်၊ ဒုတိယကွန်က ငါးမုတ်ဖြူပင်၊ သို့သော် သစ်ခွကဏန်းနှင့် ကျောက်ကဏန်းများ ရောပါလာ၏။

ငါးမုတ်ဖြူ အများအပြားက သစ်ခွကဏန်းများ၏ အညှပ်ကို ခံထားရပြီး၊ တစ်ချို့မှာ အပေါ်ယံကို ထိထားရာ ကြည့်မကောင်းတော့သည်က နှမျောစရာပင်။

အားချိုင်က ယခုလို ကြည့်မကောင်းပြီး ကျိုးကြေနေသည့် ငါးမုတ်များကို လက်ခံမည် မဟုတ်ပြီး၊ သူတို့ စားရန်အတွက်သာ အိမ်ပြန်ယူသွားရပေတော့မည်။

"ငါ ရွေးထုတ်လိုက်မယ်၊ မင်းက ရွက်သွားလွင့်ပြီး ကွန်ကို လွှတ်ထား"

ဒုတိယ အကြိမ်ကွန်တွင် သူ လျှောက်ပတ်ဆွဲနေခြင်းဖြစ်ပြီး တတိယ အကြိမ်တွင်မူ သူ့စိတ်စေရာအတိုင်း မောင်းနှင်လာလိုက်သည်။ မည်သို့ဆိုစေ သံလိုက်အိမ်မြှောင် ရှိနေသရွေ့ ဝေးဝေး မရောက်မည်ဖြစ်ရာ အဆင်ပြေ၏။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now