Chapter 89

1.6K 164 0
                                    

အပိုင်း (၈၉)


ဆိုင်ရှေ့ အဝင်ဝရှိ အိုးကြီးထဲတွင် Hokkien paste ကြော်နေသည်ကိုကြည့်ပြီး သူ ထပ်ပြီး ရပ်လိုက်ပြန်၏။ အိမ်ရှိ အဖွားအိုက Hokkien paste စားရတာ ကြိုက်သည်လေ။

"သူဌေး ကျွန်တော့်ကို Hokkien paste တစ်ပွဲ ပေးပါ"

"ဘူးပေးလေ"

"အာ"

သူ ဘူး မယူလာမိဘူးဟ။

"မေ့လိုက်တော့၊ နောက်တစ်ခါမှပဲ"

လမ်းပေါ် လျှောက်ပတ်ကြည့်ပြီး အဝတ်ရောင်းသည့်ဆိုင် တစ်ဆိုင်မှ သူမတွေ့သေးချေ။ လမ်းသွားလမ်းလာများကို မေးကြည့်မှပင် အထည်ဆိုင်က လမ်းကြားထဲတွင် ရှိကြောင်းကို သိလိုက်ရသည်။

သူ့ဇနီး၏ မှာကြားချက်အရ နက်ပြာရောင်နှင့် မီးခိုနက်ရောင် ကော်တွန် အပါးစကို နှစ်မီတာဆီ ဖြတ်လိုက်သည်။

အမျိုးသား အဝတ်များတွင် မည်သည့်အဆင်တန်ဆာမှ မပါသော်လည်း အမျိုးသမီးအဝတ်များ‌တွင်မှာမူ အရောင်အသွေး ပိုစုံပုံရလေ၏။

သူ တစ်ချက် လှည့်ကြည့်ကြည့်လိုက်ပြီး အရောင်းအသွေး စုံလှသည့် ပိတ်စများမှာ ယခုခေတ်အခါရှိ ဒီဇိုင်းကျလှသည့် အဝတ်များပင်။

ဇနီးဖြစ်သူကလည်း နေ့တိုင်းလိုလို အမဲ၊ မီးခိုနှင့် အပြာကိုသာ ဝတ်ဆင်လေ့ရှိပြီး ကောင်းမွန်သည့်အဝတ်အစားရှိပုံ မပေါ်သည်ကို ပြန်စဉ်းစားမိပြီး သူ့ကိုယ်သူ အဆူခံဖို့ကို ရင်းလိုက်တော့သည်။

"သူဌေး၊ ကျွန်တော့်ကို ဒီအဝါရောင် ပန်းအစလေး  နှစ်မီတာ ဖြတ်ပေးပါ"

"ကောင်လေး မင် အမြင် ရှိ‌တာပဲ၊ ဒါက တကယ်ကိုကောင်းတဲ့ ဒီဇိုင်း အသစ်ကွ၊ ဝတ်လို့လဲ ကောင်းတယ်၊ အကြမ်းလဲ ခံတယ်။ ပြီးတော့ အရောင်ကလည်း တောက်နေရော...."

ပုံမှန်ပဲ ပြောကြစို့။ သည်လို ဖုန်ထူထူလမ်းမပေါ်မှာ သည်လို ပန်းပွင့် အထည်စလေးက တကယ်ကို လှနေတာပေါ့။

သူက ဖြတ်ထည်များကို လက်ထဲ ပျော်ရွှင်စွာ ပွေ့ပိုက်ပြီး ထပ်ပြီးဈေးဝယ်ထွက်ဖို့ စိတ်ကူးမရှိတော့ပေ။ ပိုက်ဆံကလည်း အတော်လေး ကုန်ကျပြီးပြီဖြစ်ရာ၊ သူ့လက်ထဲတွင် ရှိနေသည့် အရာများနှင့်ပင် ဆူဖို့ လုံလောက်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် အပြန်ခရီး၌ သူ့ကိုယ်သူ ခက်ခဲအောင်လုပ်ပြီး လမ်းမလျှောက်ချင်တော့ပေ။ ယခုလို ပူအိုက်လှသည့် ရာသီဥတုတွင် သူ့‌အရေပြားအလွှာများကိုပင် ခွာချချင်လုနီးနီးပင်။

သူ မီနီဘတ်စ်ပေါ် တက်လိုက်သည်နှင့် လူများက မြေပဲများနှင့် ဖရဲစေ့များ၊ အမျိုးမျိုးသောအဆာသွတ်မုန့်များနှင့် ဆီကိတ်များကို သယ်ကာ ဘတ်စ်ကားပေါ်တွင် ရောင်းချကြပြီး၊ လူတစ်ချို့ကလည်း သူတို့ထံမှ ဟိုဟာဝယ်၊ သည်ဟာဝယ်နှင့်ပင်။

ကားထဲတွင်လည်း ခြင်းတောင်းများနှင့် တိုင်များ အမျိုးကိုစုံလို့ပင်၊ အချို့မှာ ကုန်များရောင်းရန် စောစောထွက်လာကြပြီး၊  အစားအသောက်မျိုးစုံနှင့် ချွေးနံ့များအပြင် ပင်လယ်စာများ၏ညှီနံ့များ ပါ၀င်နေခြင်းကြောင့် မည်မျှ ရှုပ်ထွေးနေလိုက်သလဲဆိုတာ ပြောမနေပါနှင့်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူက ပြတင်းပေါက်နားတွင်ထိုင်ရသဖြင့် လေရရန် ပြတင်းပေါက်ကို အနည်းငယ်ဟထားလို့ ရလေသည်။

ကားမှာ လူမပြည့်မချင်း လုံးဝကို မရွေ့ချေ။

ရွာ ဘတ်စ်ကားဖြစ်၍လည်း လမ်းတစ်လျှောက်တွင် လူများ ဆင်းလိုက်တက်လိုက်ဖြင့် မောင်းလိုက်၊ ရပ်လိုက်နှင့်ပင်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ရွာအဝင်ကို လှမ်းတွေ့လိုက်ရပြီး ရီရောင့်သုန်း တစ်ယောက် သူ ဆင်းတော့မည် ဖြစ်ကြောင်း ကားဆရာကို လှမ်းအော်လိုက်ကာ ကားက ရပ်သွားလေသည်။

သူက ပုံးဖြင့် အိမ်ကို တန်းပြန်ပြီး သူ့အမေ အစားအသောက်များကို သယ်ပြီး ထွက်သွားသည်နှင့် အချိန်ကိုက် ပြန်ရောက်လာပြီး သူ(မ)ကို ခေါ်ဖို့ပင် သူ့မှာ အချိန် မရလိုက်ပေ။

သူအခန်းထဲကို ဝင်သည်နှင့် စားပွဲတွင် သူတို့ဘာသာ ထိုင်စားနေကြသည့် ကလေး တစ်သိုက်ကို တွေ့လိုက်ရပြီး ရီချန်ယန် တစ်ယောက်တည်းကသာ သူ့ညီမလေး၏ ပေါင်ပေါ်တွင် ထိုင်ကာ ထမင်းခွံ့ကျွေးခိုင်းနေပြီး အဖွားအိုက ကလေးများကို ဟင်းထည့်ပေးနေ၏။

"စမ်းကော၊ ပြန်ရောက်လာပြီလား"

"ဦးလေး သုံး၊ ပြန်လာပြီဟေ့"

"ဖေဖေ"

"စားပြီးသွားကြပြီလား။ ငါက မင်းတို့ကို မုန့်ကျွေးမလို့"

ရီရောင့်သုန်းက အဝတ်ထုတ်ကို ဂျိုင်းကြား ညှပ်လိုက်ပြီး ပုံးထဲမှ ပန်ကိတ်စက္ကူအိတ်ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်ချိန်တွင် ကလေးများ၏ မျက်လုံးများက ချက်ချင်းဆိုသလို တောက်ပလာကြပြီး ခုန်ပေါ်မှ ပြေးဆင်းကာ အော်ဟစ်ရင်း ပြေးလာကြ၏။

"ပန်ကိတ်~"

"ပန်ကိတ်~"

"အနံ့လေးက မွှေးနေရော~"

"ဦးလေး သုံးက အရမ်းမိုက်တာပဲ"

ရီဟွေ့မေက လက်ထဲ တစ်ယောက် တစ်ခုစီ ကိုင်ထားသည့် ကလေးများကို ကြည့်ပြီး သူလည်း တစ်ခု လှမ်းယူပြီးနောက် ဖြည်းဖြည်းချင်း ကိုက်ဝါးကာ စိုက်ကြည့်ရင်းဖြင့် :

"စမ်းကော၊ အစ်ကို ချမ်းများ သာသွားလို့လား၊ ဒီလောက် အများကြီး ဝယ်လာတာ၊ တတိယ ယောင်းမ အစ်ကို့ကို ဆူမလား၊ မဆူမလားတော့ မသိဘူး၊ အမေသာ သိလို့ကတော့ သေချာပေါက် အစ်ကို့ကို ရိုက်မှာ"

"မဟုတ်ပါဘူး၊ ဒီမနက်လေးတင် ပင်လယ် ကြက်ခြေထောက်တွေကို ဈေးကောင်းနဲ့ ရောင်းလာခဲ့တာ။ ပြီးတော့ သူတို့လည်း သိရင် ဝမ်းသာမှာ"

ရီရောင့်သုန်းက အဖွားအိုအတွက် တစ်ခုကို ယူထုတ်လာပေးပြီး အဖွားအိုက စိတ်မချမ်းမသာနှင့် ;

"ဘာလို့ ဒီလောက် အများကြီး ဝယ်လာရတာတုန်း။ ဘယ်လောက်တောင် ကုန်သွားလဲ။ မြေးအတွက်ပဲမြေး သိမ်းထားစမ်းပါ၊ ဖွား မစားဘူး"

"ပိုက်ဆံက ဘယ်လောက်မှ မကုန်တာမလို့ ဖွား စားလို့ ရတယ်၊ ကျွန်တော်က ဒီကိုလာတဲ့ လမ်းမှာ စားလာခဲ့ပြီးပြီ"

ရီဟွေ့မေက :

"တကယ်လား။ အဲ့ဒါတွေက လက်ဝါးကောင် မဟုတ်ဘူးပေါ့။ အစ်ကိုပြောတဲ့ စကားကို ယုံတဲ့သူလည်း ရှိသေးတာလား"

ရီရောင့်သုန်း တစ်ယောက် ညီမဖြစ်သူ၏ စကားကို ကြားရချိန်တွင် မပျော်မရွှင် ဖြစ်လာရပြီး ;

"ဘယ်သူက လိုက်လိမ်နေလို့လဲ။ နင်သာ ဘာကောင်းမှန်း ဆိုးမှန်း မသိတာ၊ ငါက ပစ္စည်း ကြည့်တတ်တဲ့သူနဲ့ တွေ့လာတာ"

"အစိကို ဘယ်လောက်တောင် ရောင်းရခဲ့လဲ။ ဒီလောက် အများကြီး"

"နင့်ကို မပြောပါဘူး"

"ဟွန့်၊ အများဆုံး ယွမ် ဆယ်ကျော်လောက်ပေါ့"

သူက အနည်းငယ် ဂုဏ်ဝင့်လာပြီး ;

"အဲ့လောက်က နည်းသေးတယ်"

"မဟုတ်ဘူးလား"

ရီဟွေ့မေ သူ့ကို သံသယဝင်စွာ စိုက်ကြည့်လိုက်၏။

"ဟေ့၊ ကိုယ့်ဘာသာကိုယ် စားမဲ့ဟာ စားတော့၊ ဒါနဲ့ အိုးထဲမှာ ဘာကျန်သေးလဲ"

"ဘာမှမကျန်တော့ဘူး။ အမေ အကုန်လုံးယူသွားပြီ၊ အစ်ကို စားချင်ရင် အိမ်ဝိုင်းဆီ လိုက်သွားပြီး ကျန်၊မကျန် သွားကြည့်ကြည့်လေ"

"ထားလိုက်တော့။ နောက်မှပဲ သွားတော့မယ်"

သူ ပုံးကို အိမ်ထဲ ပြန်ယူသွားပြီး အထဲထဲတွင် ပန်ကိတ် အနည်းငယ် ကျန်နေသေး၏။ ထို့ကြောင့် အပြင်က ကလေး တစ်အုပ် ယူမစားခင် ခေါက်ဆွဲနှင့် လက်ဖက်ကိတ်ကို ထုတ်လိုက်ပြီး အဝတ်စများနှင့်အတူ ဗီရိုထဲ တစ်ခါတည်း ထိုးထည့်လိုက်သည်။

ပစ္စည်းများကို သိမ်းပြီး ပိုက်ဆံများကို ဖွက်ထားပြီးသည်နှင့် အပြင်ထွက်လိုက်၏။

"မြန်မြန် စား၊ စားပြီးရင် နင့်ကို နေပူထဲ ခေါ်သွားမလို့"

ရီ‌ဟွေ့မေက တောက်ပသည့် မျက်နှာဖြင့် ရယ်သံလေး ထွက်လာ၏။

"မသိရင် နေပူထဲ မထွက်ဖူးတာကျလို့၊ သူတို့ကို ကြည့်ထားဖို့ အမေက ညီမလေးကို မှာထားပြီးပြီ အပူမလျှပ်အောင်လို့လေ"

"ထားလိုက်တော့၊ ငါ့ဘာသာပဲ သွားတော့မယ်"

"ဒါဆို ရေနွေးကြမ်းလေးပါ တစ်ခါတည်း ယူသွားပေးနော် အစ်ကို၊ အမေက ယူသွားမလို့ပဲ၊ လက်မဆံ့တော့တာနဲ့ နောက်မှ ပြန်လာယူမယ်ဆိုပြီး ထားခဲ့လိုက်တာ၊ အစ်ကိုက ယူသွားပေးလိုက်"

"အို့"

သူ ရေနွေးအိုး ယူသွားပေးသည့်အချိန် အားလုံးက ထမင်း စားသောက်ပြီးကြပြီး အနားယူရန် အရိပ်ရနေရာတွင် ထိုင်နေကြ၏။

သူက အရင်ဆုံး အင်္ကျီ ချွတ်ထားသည့် အားကွမ်ကို နှုတ်ဆက်လိုက်သည်။

"ဘာလို့ ဒီလောက်တောင် တက်ကြွနေရတာလဲ။ အကြာကြီး လုပ်ပြီးပြီပဲဟာ ပြန်တော့ပေါ့၊ ဒီလောက်နေပူနေတာ အလုပ်သမားတွေလည်း အများကြီး ငှားထားတာပဲ"

"အင်း"

"လာ၊ ပန်ကိတ် စားသွားအုံး"

"မြို့ပေါ်က ဝယ်လာတာလား"

"အင်း"

မည်သို့ဆိုစေ သူ့အဖေနှင့် အစ်ကိုကြီးက ပင်လယ်ထဲ သွားကြသည်ဖြစ်ကာ နှစ်ခု ကျန်နေ၏။

နောက် တစ်ခုကို ဇနီးဖြစ်သူဆီ ယူသွားပေးလိုက်ပြီး သူ့အမေဆီ ရေနွေးအိုးပေးရင်း :

"တစ်ယောက် တစ်ခုစီ"

"ဘာ"

သေချာပေါက်ပင်၊ အမေ ရီက ပန်ကိတ် အများကြီးကို မြင်သည်နှင့် မျက်မှောင် ကြုတ်ထားပြီး ဆူဆဲတော့မလို ဟန်ပြင်စဉ်၊ ရီရောင့်သုန်းက သူ(မ) ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး ;

"မဆူပါနဲ့ဦး။ ကျွန်တော် ပင်လယ် ကြက်ခြေထောက်တွေကို ဈေးကောင်းနဲ့ ရောင်းရခဲ့လို့၊ အဲ့ဒါနဲ့ အားလုံးကို တစ်ယောက် တစ်ခုစီ ဝယ်လာပေးဖို့ တွေးလိုက်မိတာပါ"

အမေ ရီက စိတ်ရှုပ်ထွေးသွားပြီး သူ့ကို အံ့အားတသင့်ကြည့်ကာ ;

"ရတနာကြီးပေါ့"

"မဟုတ်ရင်ရော"

"ဘယ်လောက်နဲ့ ရောင်းရခဲ့လဲ"

"အမေ့ကို မပြောပါဘူး"

"ဒါဆိုလည်း မင်းမိန်မက မင်းကို မေးပါလေ့စေ၊ အိတ်ထဲ ပိုက်ဆံ နည်းနည်းဝင်တာနဲ့ လျှောက်သုံးနေတယ်။ ဒီလောက် ပန်ကိတ်တွေ အများကြီး ဝယ်လိုက်စရာလား၊ ပြန်ယူသွားပြီး ကလေးတွေနဲ့ ဝေမျှစားလိုက်"

"သူတို့ အကုန် စားပြီးသွားပြီ"

စကား ဆုံးသည်နှင့် အားကွမ်ဘက်ဆီ အမြန်ပြေးသွားလိုက်၏။ မဟုတ်လျှင် သူ့အမေ၏ တရားသံကို ထပ်နားထောင်နေရအုံးမည်။

လင်းရှို့ချင်းလည်း ဘယ်လောက်နှင့် ရောင်းရခဲ့မှန်း သိချင်နေသော်လည်း ယခုတွင် မျိုသိပ်ထားလိုက်ပြီး သူ(မ) ညဘက် အိမ်ပြန်ရောက်သည့်အချိန်မှမေးလည်း နောက်မကျသေးပါချေ။

သူ(မ) မမျှော်လင့်ထားသည်မှာ ညဘက်အရောက်တွင် သူ(မ)အား စောင့်ကြိုနေသည့် စပရိုက်ကြီး ရှိလိမ့်မည်လို့ပင်။

သူ သူ(မ)အား အဝါရောင် ပန်းပွင့်ပိတ်စလေးအား ရတနာတစ်ပါးသဖွယ် ဆက်သလာသည်ကို မြင်သည်နှင့် သူ(မ) သူ့ကို ဆူငေါက်ချင်နေသော်လည်း မဆူဖြစ်ခဲ့ပေ။ သူ(မ) လက်ထဲတွင် သူ ယခုလေးတင် ပေးလာခဲ့သည့် ယွမ် ၉၀ ကို ကိုင်ထားရသည်လေ။

သူ(မ) က သေချာ တွက်ချက်ပြီး ပိုက်ဆံကို စစ်ဆေးပြီးနောက်တွင် ရောင့်သုန်းက သူ့အတွက် မဖယ်ထားလေမှန်း သိလိုက်ရပြီး သူ ပိုက်ဆံအနည်းငယ် သုံးသည့် ကိစ္စဖြင့် ပြဿနာ မရှာချင်ပေ။

"ရှင် ဝယ်လာပြီးပြီဆိုမှတော့ ထားလိုက်ပါတော့၊ နောက်တစ်ခါဆို ပိုက်ဆံကို လိုက်မသုံးနဲ့နော်၊ ကျွန်မက နေ့တိုင်း အလုပ်လုပ်နေရတော့ ဒါတွေပဲ ဝတ်ဖို့လိုတာ၊ ရှင် ကျွန်မကို ဒီပိတ်စ ဝယ်‌လာပေးတော့ ကျွန်မက ဒါတွေကို ချုပ်ပြီး ဘယ်အချိန်မှာဝတ်ဖို့ ထားထားရမှာလဲ"

တကယ်တမ်းတွင် သူ(မ) နှလုံးသားထဲတွင်တော့ အတော်လေး ပျော်ရွှင်နေမိ၏။ ဤအစမျိုးက လက်ရှိတွင် ရေပန်းစားနေခြင်း ဖြစ်သည်။ တစ်ယောက်ယောက်မှာသာ တစ်စုံလောက် ရှိရင်ဖြင့် သွားသွားလာလာ မျက်နှာရလိမ့်မည်ပင်။

သူ(မ)က ပိုက်‌ဆံကိုသာ နှမြောမိခြင်း ဖြစ်ပြီး တစ်နေကုန် အလုပ်လုပ်နေရသည့် သူ(မ)အတွက် ဝတ်ဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပင်။

တရုတ်နှစ်သစ်ကူးတွင် ဆွေမျိုးများ ဝတ်နိုင်စေရန် ‌ဆောင်းတွင်း အဝတ်ချုပ်ရန်အတွက် ပိုက်ဆံကို သိမ်းထားသည်က ပိုကောင်း၏။

ရီရောင့်သုန်းက အပြုံးဖြင့် ;

"မင်း ဝတ်ချင်တဲ့ အချိန် ဝတ်ပေါ့ကွာ၊ ဒီအသားက အရမ်း အကြမ်းခံတာတဲ့နော်။ ပြီးတော့ ပျက်စီးသွားမှာကိုလည်း စိုးရိမ်းရာ မလိုဘူး"

လင်းရှို့ချင်းက သူ့ကို ပစ်တင်လိုစွာ စိုက်ကြည့်ပြီး ...

"ဘယ်သူက အလုပ်လုပ်ရင် ဒီလောက် အကောင်းကြီး ဝတ်လို့လဲ"

"အဝတ်အစားဆိုတာ ဝတ်ဖို့ ဝယ်တာပေါ့ကွာ။ ပြီးတော့ အချိန်အကြာကြီး သိမ်းထားပြီးတော့ မင်းထုတ် မဝတ်ချင်ရင် သူတို့လဲ ဟောင်းသွားမှာပဲ"

"အင်းပါ၊ နောက်ဆို မဝယ်လာနဲ့တော့"

ဆောင်းလယ်ပွဲတော်ကျ သူ(မ) မိဘအိမ် ပြန်သည့်အချိန်အတွက် သိမ်းထားလိုက်သည်က ကောင်းမည်။ သို့မှသာ သူ(မ) မိဘများက သူ(မ)၏ မကောင်းသည့် ဘဝအား စိုးရိမ်ပူပန်နေခြင်းမျိုး မရှိတော့မည် ဖြစ်သည်။





၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now