Chapter 110

1.9K 175 10
                                    

အပိုင်း (၁၁၀)


သူ(မ) တူထည့်တော့မည့် အချိန်တွင် ရီရောင့်ဟွာက ရုတ်တရက် သူ(မ) လက်ကို လှမ်းကိုင်လိုက်ပြီး ;

"ငါ့ကို ပေးလုပ်ခိုင်းလိုက်ပါလား"

"လာမရှုပ်နဲ့"

ဒုတိယ ခယ်မက ဒေါသတကြီးဖြင့် သူ့ကို တံတောင်းဖြင့်တွက်လိုက်ပြီး သူ(မ) ကိုယ်တိုင် ခရုအသားကို ထုတ်ရန် တူကို ထည့်လိုက်သည်။

သည်တစ်ကြိမ်တွင် သူ(မ) ထံတွင် မျှော်လင့်ချက်များအပြည့်၊ သို့သော် ခရုအသား တစ်ခုလုံး ဂရုတစိုက် ထုတ်ပြီးနောက်မှာတော့ ဘာမှ ရှိမနေချေ။

"ငါ လုပ်ပါ့မယ်လို့ ပြောသားပဲ......"

"ကျွန်မ ရှင့်ကို လုပ်ခိုင်းရင်ရော ရှင်က ပုလဲ ပါအောင် ထုတ်နိုင်မှာမို့လို့လား"

"မင်း..မင်းကတော့ ကိုယ့်အပြစ်ကိုယ် သူများကို ပုံချနေပြန်ပြီ..."

အမေ ရီ ခေါင်းမှာ မူးဝေနေပြီပင်၊ ကောင်းသည့်ကိစ္စတောင်မှ ရန်ပွဲဘက် ဦးတည်သွားရပြန်ကာ သူ(မ)မှာ မနေသာပြန်တော့ဘဲ ;

"အေးပါကွယ်။ ဘာမှမရှိဘူးဆိုတော့ နင်တို့ ဘာဆက်လုပ်ဦးမှာလဲ။ ငါ ဟင်းချက်တော့မလို့"

ထို့နောက် လူတိုင်းက အသီးသီး လမ်းခွဲကာ ကိုယ့်အခန်းဆီ ကိုယ်ပြန်သွားကြသည်။ ယခင် ရောင်းချမှုမှ ပိုက်ဆံအား မည်သူမှ မထုတ်ရသေးချေ။ သူတို့က ဧည့်ခန်းမကြီးထဲတွင် ခရုသင်း ထိုင်ခွဲနေသည်အား ကြည့်နေကြခြင်းဖြစ်ပြီး ရလာသည့် ခရုသင်းပုလဲစေ့၏ တန်ဖိုးနှင့် ပတ်သက်ပြီး ဆွေးနွေရမည့်ကိစ္စများ ရှိလာ၏။

ရီရောင့်သုန်းနှင့် သူ့ဇနီးလည်း ဤအကြောင်းကို သူတို့အခန်းသို့ ပြန်ချိန်တွင် ဆွေးနွေးနေကြ၏။

"ဒုတိယ ခယ်မက အရမ်း ကံကောင်းနေပြီကို နှမြောစရာပဲ ရှင်"

"သူ့ဟာက အရမ်း ပုံမှန်ပါပဲ၊ လက်ဆောင်အဖြစ်ပဲ သိမ်းလို့ ကောင်းတယ်။ မဟုတ်လည်း လက်စွပ်မှာ ထည့်ဝတ်ပေါ့"

"ကျွန်မတို့သာ ရရင်တော့လေ"

ရီရောင့်သုန်း သူ(မ)၏ ဆံပင်တိုတိုများကို သဘောတကျ ပုတ်ပေးရင်းဖြင့် ;

"ဒါဆို နောင်ကျ ကောက်လို့ရသမျှ ခရု မှန်သမျှကိုမရောင်းဘဲ ထားကြရအောင်၊ ပြီးရင် ငါက မင်းကို ပုလဲ ခရုသင်းတွေကို ဖွင့်ပေးမယ်လေ"

"အဲ့လိုဆိုလည်း မဖြစ်ဘူး၊ ဖြစ်နိုင်ချေက အရမ်းနည်းတဲ့ဟာကို အလကား ဖြုန်းတီးနေသလိုပဲ ဖြစ်နေမှာ၊ ဒီနေ့ ဒီခရု သုံးခုနဲ့တင် ကျွန်မ ရင်တွေ နာလှပြီ"

"မင်း သေချာ စဉ်းစားကြည့်လေ တကယ်လို့ မင်း အရည်အသွေးမြင့် တစ်ခုကို ဖွင့်လိုက်လို့ ရလာခဲ့ရင် ပိုက်ဆံတွေ အများကြီး ရလာမှာ၊ Meile ပုတီးစေ့ကိုပဲ ကြည့်လိုက်၊ မင်း ခရုသင်း အခွံတွေ တစ်ဘဝစာလုံး လိုက်ဖွင့်နေတာနဲ့တင် လုံလောက်နေပြီ၊ မင်း ဖွင့်သမျှ အကောင်တိုင်းက ငွေရလာမဲ့ အခွင့်အလမ်းတွေချည်းပဲ၊ ပြီးတော့ ဖွင့်ပြီးလို့ မရှိရင်လည်း ခရုအသားကို ကိုယ်တွေ စားလို့ ရနေတာပဲလေ၊ အရှုံးမှ မရှိဘဲ"

"ရှင် ပြောတာလည်း ဟုတ်တယ်"

Meile ပုတီးစေ့အကြောင်း ပြန်တွေးမိသည်က သူ(မ)ကို အလွန် ပျော်ရွှင်စေ၏။

"ဟုတ်ပြီ၊ ငါ အိမ်ဝိုင်းကို သွာကူးပေးလိုက်အုံးမယ် ဒီမနက်ကတည်းက ဘာမှ မလုပ်ရသေးဘူး၊ စောစောသွားပြီး အုတ်ကျွတ်တွေ မိုးထားမှ မဟုတ်ရင် တိုင်ဖွန်ကြောင့် ပျက်စီးကုန်အုံးမယ်"

"သွားလေ"

ရလဒ်အနေဖြင့် ရီရောင့်သုန်း အိမ်ထဲမှ လမ်းလျှောက်ထွက်လာသည့်အချိန် မွှေးပျံ့သည့် Osmanthus ပန်းများ လက်အပြည့် ကိုင်ကာ လမ်းလျှောက်ကာ နမ်းရှိုက်ရင်းဖြင့် ပျော်ရွှင်စွာပြန်လာသည့် ညီမဖြစ်သူနှင့် သွားဆုံလေပြီး ထောင့်ထဲ ပြေးဝင်သွားသည့် ကိုယ်ရိပ်ကိုပါ လှမ်းတွေ့လိုက်ရသည်။

သူက သံသယဖြင့် လှမ်းကြည့်ပြီး ;

"ဒီပန်းတွေက ဘယ်က ရောက်လာတာလဲ။ တစ်မိသားစုလုံး ဒီတစ်မနက်ခင်းလုံး ပင်လယ်ထဲ သွားနေကြတာ နင့်ကိုလည်း မတွေ့မိပါလား။ ဘယ်သူနဲ့ထွက်သွားတာလဲ။ ပြီးတော့ နေ့လည်စာ စားချိန် နီးနေတာတောင် ပြန်ရောက်မလာဘူး"

"ဆယ်နာရီပဲ ရှိသေးတယ် စမ်းကောရဲ့။ ဘယ်က နေ့လည်စာ စားချိန်ရမှာလဲ။ ခုနောက်ပိုင်း အရမ်းတွေ တင်းကျပ်လာပါလား"

"အေး ဟုတ်တယ်၊ ငါက နင့်အစ်ကို၊ နင် အလိမ်ခံထိမှာကို ငါက ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေရမှာလဲ။ ပြီးခဲ့တဲ့ နှစ်ရက်က နင် blind date သွားတွေ့ခဲ့တဲ့ ရှီရှန်ရွာက ကောင်ကို ကြည့်၊ သူ့ ပုံစံက ရိုးသားတဲ့ပုံပေါ်ပေမဲ့ လူတွေကို ဘယ်တော့မှ အပေါ်ယံ မကြည့်ရဘူး။ မျက်လုံးတွေကို ကျယ်ကျယ် ဖွင့်ထားဖို့ လိုတယ်၊ သေချာ မြင်အောင် ကြည့်၊ ပေါ့ပေါ့တန်တန် တွေ့ရာလူနဲ့ မတွဲနဲ့...."

"အို့၊ သူ မဟုတ်ပါဘူး။ အစ်ကိုပဲ သူက အယောင်ဆောင်ကောင် မရိုးသားဘူးဆိုပြီး တစ်ချိန်လုံး ပြောနေပြီးတော့၊ မေ့လိုက်တော့"

အမ်၊ လေသံကို နားထောင်ကြည့်ရတာ... တခြားတစ်ယောက်ရှိနေတဲ့ သဘောလား။

"သူ မဟုတ်ဘူးဆိုတော့ ဘယ်သူလဲ။ အခုလေးတင် ချောင်ထဲ လှည့်ထွက်သွားတဲ့ ခွေးကောင်လား။ အဝတ်အစားနဲ့ ပုံစံကို ကြည့်ရသလောက် ရင်းနှီးနေသလိုပဲ"

သူ လည်ပင်းဆန့်ကြည့်သော်လည်း မည်သူ့ကိုမှ မမြင်ရတော့ချေ။

"အာ"

ရီဟွေ့မေက ဘေးဘက် လှည့်လိုက်ပြီး ထောင့်စွန်းဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဘာမှ မရှိနေသဖြင့်လည်း သူ(မ)က ယုံကြည်ချက်ရှိရှိဖြင့် ;

"ဘယ်သူမှ မဟုတ်ပါဘူးဆို၊ ရွာထိပ်ကို လမ်းကြုံရင်းနဲ့ ညီမလေးဘာသာ သွားခူးလာတာ၊ အနံ့လေးမွှေးနေတာနဲ့ အိမ်က ပုလင်းအလွတ်ထဲ ထိုးထားမယ်ဆိုပြီး အကိုင်း နည်းနည်းလောက် ချိုးလာခဲ့လိုက်တာ"

"ဒါဆို နင့်‌ခေါင်းပေါ်က ပန်းကရော ဘယ်ကရလာတာလဲ။ ငါ မနေ့ကတောင် မမြင်မိပါဘူး"

သူ(မ)က သူ့ကို စိုက်ကြည့်လိုက်ပြီး ယုံကြည်ချက်တို့က အနည်းငယ် လျော့ရဲသွားသည့်တိုင် ခေါင်းမာစွာဖြင့် အော်ပြောလိုက်သည်။

"ဒီမနက်ကပဲ သူများကို ဝယ်လာခိုင်းခဲ့တာ။ စမ်းကော၊ ဘာလို့ ညီမလေးကို အကုန်လုံး လိုက်မေးနေရတာလဲ။ အစ်ကိုက အကို့မိန်းမကိုပဲ ပိုပြီး ဂရုစိုက်နေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ညီမလေး ခေါင်းက ဆံပင်တွေကိုပဲ ဘယ်နှချောင်းလဲဆိုပြီး လာလာမေးရတာလဲ"

ရီရောင့်သုန်း သူ(မ)အား သင်္ကာမကင်း စိုက်ကြည့်လိုက်ပြီး ထောင့်ဘက်သို့ အလျင်အမြန် ပြေးသွားကြည့်လိုက်သော်လည်း သိပ်မဝေးလှသည့်နေရာမှ လူတစ်ယောက်က အပြစ်ရှိစွာဖြင့် ရုတ်တရက်ထပြေးလိမ့်မည်လို့ သူ မထင်မှတ်ထားခဲ့ချေ။

သူ့ မျက်လုံးများက ပြူးကျယ်လာပြီး သူ့ အနောက်ပြေးလိုက်ကာ ;

"လခွမ်း၊ မင်းကို ****ဖေးကွမ် မင်းမပြေးနဲ့..."

အရူးပဲ မပြေးဘဲနေမှာ။

အားကွမ် တစ်ယောက် အနောက်ကို ခေါင်းလှည့်မကြည့်ဘဲ မကြားဟန်ဆောင်ကာ ဖြူးနေအောင် ပြေးတော့သည်။

မြန်မြန်ပြေး၊ အမိမခံရစေနဲ့။ ဒါဆို သူ မဟုတ်တော့ဘူး။

အားသုန်း မေးခွန်းထုတ်လာခဲ့ရင် မင်း လူမှားတာလို့ ကို ပြောလိုက်ရင်ရပြီ။

ရီရောင့်သုန်း တစ်ယောက် ရွာတစ်ဝက်ကျော်အထိ ပြေးလိုက်ပြီး မောဟိုက်ကာ သူ တကယ် အမှီမလိုက်နိုင်ခဲ့ပြီး မျက်ခြေပြတ်သွားရသည်။ သည်ကောင် သူများအိမ်ထဲ ဝင်ပုန်းနေတာလား မသိဘူး။

နေနှင့်ဦးပေါ့ကွာ။ ဖေးကွမ်၊ ခွေးကောင် ... မဟုတ်ဘူး၊ ဖေးရှန် ...

သူက လေကို မနည်းရှုရှိုက်နေပြီး စိတ်ထဲတွင် ကျိန်ဆဲနေလိုက်သည်။ လောလောဆယ်တော့ သူ့ကို အလွှတ်ပေးရတာပေါ့။

သူ ဘယ်နေရာတွင် ရောက်နေသလဲကို ပြန်ကြည့်လိုက်ပြီး သူတို့ အိမ်ဝိုင်းနှင့် သိပ်မဝေးတော့ကာ မောဟိုက်ပြီး ဖြည်းဖြည်းချင်းဖြင့်သာ အိမ်ဝိုင်းဆီ လမ်းလျှောက်သွားလိုက်သည်။ သူ မျက်ခြေပျက်သွားခဲ့ပေမဲ့ ယခုတွင် သူ့မှာလည်း လုပ်စရာရှိနေသေးသည်။

ရီရောင့်သုန်းမှာ နေ့လည်စာ စားချိန်သည့်တိုင်အောင် အလုပ်များနေခဲ့သော်လည်း အိမ်ကိုပြန်ဖြစ်အောင် ပြန်ခဲ့လေသည်။

လက်ကို ဆေးပြီးနောက် ထမင်းစားပွဲတွင် ထိုင်ကာ သူ့မျက်စောင်းထိုးရှိ ရီဟွေ့မေအား တည့်တည့်စိုက်ကြည့်လိုက်သည်။

ရီဟွေ့မေတစ်ယောက် အနည်းငယ်လေး မသိုးမသန့်ဖြစ်နေပြီး ခေါင်းကိုငုံ့ကာ အရွက်ဟင်းကိုသာ လှမ်းထည့်နေပြီး သူ့ကို မကြည့်ဝံ့ပေ။

အမေ ရီမှာ မောင်နှမ နှစ်ယောက် တစ်ခုခု ဖြစ်နေပြီဆိုတာ သဘောပေါက်လိုက်ပြီး စူးစမ်းစွာဖြင့် ;

"မင်းတို့ နှစ်ယောက် ဘာဖြစ်‌နေကြတာလဲ။ မင်းညီမ ဘာအမှား လုပ်ထားလို့လဲ"

"သူ့ကို မေးကြည့်လေ"

ရီဟွေ့မေမှာ တူကို ကိုက်လိုက်ပြီး သူ(မ)အား စိုက်ကြည့်နေကြသည့် လူများကို ကြည့်ကာ ရီရောင့်သုန်းအား စိတ်ဆိုးစွာ ရိုက်လိုက်ပြီး ;

"ညီမလေးက ဘာလုပ်နေလို့လဲ။ စမ်းကောက တကယ် စိတ်တို့ဖို့ကောင်းတာပဲ"

"ဟွန့်၊ စား ...ကိုယ့်ဟာကိုယ်"

အမေ ရီမှာ ဘယ်တစ်လှည့် ညာတစ်လှည့် ကြည့်ပြီး ခေါင်းကိုသာ ခါပြီး သူတို့နှစ်ယောက်အား လျစ်လျူရှုထားလိုက်တော့သည်။

ရီဟွေ့မေ ပန်းကန်လုံးထဲရှိ အစားအသောက်များအားလုံးကို ခပ်စားပြီးနောက် တူနှင့် ပန်းကန်များကို အမြန်ချကာ အခန်းထဲ ပြန်ဝင်သွားလိုက်သည်။

မမျှော်လင့်ထားစွာဖြင့် သိပ်မကြာလိုက်ခင် အခန်းပြတင်းပေါက်မှာ တံခါးခေါက်သံ ကြားရကာ သူ(မ) ပြတင်းပေါက်ကိုဖွင့်ပြီး တစ်ချက် ကြည့်,ကြည့်လိုက်သည်။

စမ်းကော ...

ချက်ချင်းဆိုသလို ပြတင်းပေါက်ကို ဆွဲပိတ်ရန် ကြံလိုက်သော်လည်း ရီရောင့်သုန်းက သူ့ကို အမြန်လှမ်းတားကာ ;

"ဘာတွေ ပုန်းလျှို ကွယ်လျှို လုပ်နေတာလဲ။ သူများကို မြင်တော့ ပုန်းဖို့တောင် မစဉ်းဘဲနဲ့ ငါ့ကိုမြင်တော့ ပုန်းဖို့ကြံနေတယ်၊ ငါ နင့်ကို စကားနည်းနည်း ပြောစရာရှိလို့"

"ဘာပြောမှာလဲ"

"အပြင်ထွက်လာခဲ့၊ ဒီပြတင်းပေါက်ကနေပြီး နင့်ကို ပြောစေချင်နေတာလား"

"ဒီမှာပဲ ပြော"

"ချီး၊ နင့်ကို ခေါ်ရင် ထွက်လာလိုက်လေကွာ"

ရီဟွေ့မေ သူ့အား စိတ်ပျက်စွာစိုက်ကြည့်လိုက်ပြီး ;

"အစ်ကို၊ ဒီရက်ပိုင်း ဆေးမှားသောက်ထားတာလား။ ဘာလို့ ညီမလေးကို သံသယ မျက်လုံးတွေနဲ့ လာ,လာကြည့်နေတာလဲ"

"အစ်ကို တစ်ယောက်အနေနဲ့ ငါက နင့်အတွက် စိတ်ပူလို့ ဂရုစိုက်ပေးတာ အဆန်းလား။ ဘဝအတွေ့အကြုံ ဘာမှမရှိတဲ့ နင့်လို မိန်းမငယ်လေးတစ်ယောက် အညာခံထိမှာကို ငါက စိုးရိမ်‌လို့၊ အခုခေတ်မှာ ယောင်္ကျားတွေက ပါးစပ် ချိုချိုလေးတွေနဲ့....နင် အခု ထွက်လာစမ်းပါ ငါ နင့်ကို စကားအကောင်းပြောမလို့"

ရီဟွေ့မေ သူ(မ) အစ်ကိုအား ခေါင်းကိုက်စွာဖြင့် ကြည့်ရုံသာ တတ်နိုင်တော့ပြီး သူ့စကားများကို နားထောင်ရန် အပြင်ထွက်လာလိုက်သည်။

ရီရောင့်သုန်းက သူ့ညီမပုခုံးကို ဖက်ပြီး နံရံထောင့်ဘက်နား ခေါ်သွားကာ အလေးအနက်ဖြင့် ;

"နားထောင် ညီမလေး၊ အစ်ကို ပြောပြမယ်။ တချို့ယောင်္ကျားတွေ အပေါ်ယံကိုပဲ ကြည့်လို့မရဘူး။ လက်တွဲဖော်ရှာတဲ့အခါကျရင် သူ့ကိုပဲ ကြည့်လို့မရဘူး။ သူ့မိသားစုဝင်တွေပါ ထည့်စဉ်းစားရမယ်။ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေး အဆင်ပြေကြလားဆိုတာပါ ကြည့်ဖို့လိုတယ်"

"ဘယ်လို မိသားစုဝင်မျိုး ရှိလဲဆိုတာက အမေက ဆုံးဖြတ်ပါလိမ့်မယ်။ စမ်းကောက အစိုးရိမ်လွန်းနေတာ မဟုတ်ဘူးလား"

"ငါ နင့်ကို ‌အတည်ပြောနေတာ လက်တွဲဖော်ရှာဖို့အတွက်က အချိန်တွေ အများကြီး သေချာပေးရမှာ အလောတလျင် ဆုံးဖြတ်လိုက်လို့ မရဘူး၊ သူတို့ရဲ့စိတ်နေစိတ်ထားကိုပါ ထည့်တွက်ရမယ် နေ့ခင်းဘက်မှာ ခွေးနဲ့တူနေရင် သိုးမွှေးထည်နဲ့ ညဘက်ပြန်သွားရင်တောင်မှ ရူးသွားလိမ့်မယ်"

"အင်း၊ ဟုတ်ပြီ။ အဲ့အချိန်ကျရင် သူတို့ရဲ့ဆွေမျိုး ၁၈ ဆက်ကို စုံးစမ်းပေးဖို့ စမ်းကောဆီမှာ ညီမလေးလာ အကူအညီ တောင်းမယ်"

ရီရောင့်သုန်း ; "....."

သူ(မ)နဲ့ ဉာဏ်ရည် မတူဘူးလေ။

"ပြီးတော့ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ရည်ရွယ်ချက်ထားရမယ်၊ တစ်နေ့တစ်နေ့ သောက်လိုက်စားလိုက် ပျော်ပါးလိုက်လိုက်ပြီး သေဖို့ စောင့်နေတဲ့ လူမိုက်တွေကို သွားပြီး စဉ်းစားလို့မရဘူး....."

"ဟုတ်ပြီ။ အစ်ကို့လို လူမျိုးကို ညီမလေး မရှာသင့်ဘူး...."

ထပ်‌မပြောနိုင်တော့ဘူး။

မောင်နှမ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မျက်လုံးများ ပြူးပြီး စိုက်ကြည့်နေကြသည်။

"စမ်းကော၊ အစ်ကိုက အဖေ့ထက်တောင် ပိုပြီး တကျည်ကျည် လုပ်နေတယ်လို့မထင်ဘူးလား။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ တကျည်ကျည် လုပ်နေတာ အစ်ကို့ပုံစံကလေ၊ အသက် ၆၀ နောက်ပိုင်းက လူအိုကြီးလိုပဲ...."

"နင်****ကောင်မစုတ်လေး။ ငါက နင့်အတွက် စကား အကောင်း ပြောနေတာလေ"

"အင်း....ဒီစကားတွေက အမေ့ပါးစပ်က ဟာတွေလေ၊ သူ့ဆီက သင်လာသမျှဟာတွေအားလုံး ညီမလေးအပေါ် လာအသုံးချနေတာကိုများ....."

သူ အာပေါက်လာပြီ။

"နင် ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား"

ရီဟွေ့မေက သူ့ကို ပြုံးရင်းဖြင့် ကြည့်ကာ ;

"မဟုတ်ပါဘူး စမ်းကောရယ်။ ဆက်ပြောပါဦး၊ အစ်ကို့အကြောင်းလေးတွေ ညီမလေး နားထောင်နေတယ်"

"သွားသွား၊ သွားတော့ သွားတော့၊ ငါ နင်နဲ့စကား ဆက်မပြောချင်တော့ဘူး၊ မှတ်ထား၊ နည်းနည်းလေး ကောင်းပြလိုက်တာနဲ့ အဆွယ်မခံရစေနဲ့။ ကိုယ်က သူများကို အခွင့်အရေး ယူလို့ရတယ်။ ကိုယ့်ဆီကတော့ လာပြီး အခွင့်အရေး မယူစေနဲ့"

"ဟမ်၊ အို့"

သူ(မ)၏ ယခင်လို ပြန်တက်ကြွနေသည့်ပုံကို ကြည့်ရင်း ရီရောင့်သုန်းမှာ မိန်းကလေးများက သူ့အတွက် အဆင်မပြေလောက်ဘူးလို့ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် သမီး မရှိပေလို့၊ မဟုတ်လျှင် သူ ပင်ပင်ပန်းပန်း ပျိုးထောင်လာပြီးကာမှ သူများနောက် လိုက်ပြေးသွားလျှင် သူ့မှာ ဒေါသထွက်ရန်မှ တစ်ပါး အခြားမရှိပေ။ သူ သေအောင် ဒေါသထွက်ရမှာ။

သားယောင်္ကျားလေးအတွက်ကတော့ သူ့ဘာသာသူ ဘယ်မိသားစုက မိန်းက‌လေးကိုပဲ အနှောင့်ယှက်သွားပေးပေး၊ စိတ်ကို ပူမနေဘူး။

အနေကြာရင် သွေးအေးသွားမှာပဲ။ အခုတော့ သူ အလုပ်သွားသင့်နေပြီ။

အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက်တွင် ညနေခင်း၌ အားကွမ်က ဆိုင်းမဆင့် ဗုံမဆင့် အိမ်သို့ရောက်လာ၏။

"ခွေးကောင်၊ ငါ မင်းကို ရှာနေတာ ထွက်လာခဲ့စမ်း။ ငါ့ကို ပြောစမ်းပါအုံး"

ရီရောင့်သုန်း သူ့လည်ပင်းကို အကြမ်းပတမ်း ဖက်ပြီး ဆွဲထုတ်လာ၏။

"အဟွတ် အဟွတ် အဟွတ်၊ ဘာလုပ်တာလဲဟ။ ညီအစ်ကိုကို ပြန်သတ်တော့မလို့လား။ လည်ပင်း အင့်နေပြီ ဒီမှာ"

အားကွမ် သူ့ အနောက်မှ လိုက်ထွက်လာပြီးနောက် ချုပ်ထားမှုမှ ရုန်းထွက်ကာ ချောင်းအကြိမ်ကြိမ် ဆိုးပြီး လည်ပင်းကို ကိုင်လိုက်သည်။

"ပြောစမ်းပါဦး။ ဒီနေ့ မနက် ဆယ်နာရီက ချောင်မှာကပ်နေတဲ့ ခွေးကောင်က မင်းလား"

"မင်း ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ ငါ ဘာလို့ နားမလည်ရတာလဲ။ ငါကဖြင့် ဒီတစ်မနက်လုံး အိမ်မှာချည်းပဲ"

သူက တုံးအချင်ယောင်ဆောင်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူ လက်ပူးလက်ကြပ်မိသွားခဲ့တာမှမဟုတ်တာ။

"ကောင်းကောင်း ဝန်ခံရင်တော့ သက်ညှာခံရမယ်နော်။ ဝေ့လည်ကြောင်ပတ် လုပ်လို့ကတော့ သေပြီသာမှတ်။ အမှန်တိုင်းပြောစမ်း။ မင်း ငါ့အိမ်က ဂေါ်ဖီထုတ်ကို ခိုးဖို့ ကြံနေတာမလား"

"ဘာများလဲလို့။ ငါ့အိမ်နောက်မှာ ဂေါ်ဖီထုတ်တွေများ ပေါလို့၊ မင်းအိမ်ကဟာကို ခိုးရအောင် ငါကအားနေလို့လား။ ပြီးတော့ ငါ့ပုံစံက ခိုးချင်နေတဲ့ပုံပေါ်လို့လား"

"မင်း ဂေါ်ဖီထုပ်က ငါ့ဟာလောက် မလတ်ဆတ်ဘူး" သူက ပြောပြီးနောက် တီးတိုးစွာဖြင့် ;

"ငါ့ညီမနဲ့ ဝေးဝေးနေ မင်း"

အားကွမ်မှာ နောက်ဆုံးတော့ သူ ဆိုလိုချင်သည့် ဂေါ်ဖီထုပ်ကို နားလည်သွားပြီး ကို့ရို့ကားယား ရယ်ကာ ;

"ဟဲဟဲ၊ ငါ မဟုတ်ပါဘူးကွာ။ ငါက အလုပ်များနေတာ"

"တိုင်ဖွန် ရက်ကြီးလေ၊ ဘယ်က အလုပ်ကို များတာလဲ။ ဂေါ်ဖီထုပ်ကောင်းဆိုတာ ဝက်စားလို့ မဖြစ်ဘူး၊ ယုန်ကလည်း အသိုက်နားက မြက်ကို ဘယ်တော့မှ မစားဘူး"

"ညီအစ်ကို၊ မင်း အဲ့လိုမပြောနဲ့လေ။ ဂေါ်ဖီထုပ်ဆိုတာ လတ်တုန်းဆတ်တုန်း ခူးထားမှ အရသာရှိပြီး ချို...အား..."

ရီရောင့်သုန်း သူ့ဗိုက်ကို တံတောင်းဖြင့် ထိုးချပြီး သူ့လက်စွမ်းကို နည်းနည်းပါးပါး ပြလိုက်သည်။

"စာနာစိတ်ကို မရှိဘူး"

"မင်းက ဘာလုပ်ချင်သေးလို့လဲ။ ပြောစရာရှိရင်လည်း ပြော၊ ဘာမှပြောစရာမရှိရင်လည်း ဒီကနေ လစ်လိုက်တော့"

အားကွမ် တစ်ယောက် ဗိုက်ကိုပွတ်ရင်းဖြင့် ;

"မင်းနဲ့ စကား များနေတာနဲ့တင် လာရင်း ကိစ္စကိုတောင် မေ့တော့မယ်၊ ငါ ဒီတိုင်ဖွန် ရက်ကို ပင်လယ်ထဲထွက်ပြီး ကံစမ်းကြည့်မလားလို့၊ မင်းရော လိုက်ချင်လား"

"မင်း ရူးနေလား။ သူများတွေကဖြင့် တိုင်ဖွန်ရက်ကြီးမလို့ ပုန်းဖို့တောင် နောက်ကျနေကြပြီး မင်းက ပင်လယ်ထဲ သွားဖို့ကြံနေတယ်"

"ကြိုးစားကြည့်မလို့ပေါ့ကွာ၊ ငါ့ လှေကို ယူလာလိုက်မယ် တိုင်ဖွန်ရက်ဆိုတော့ ပစ္စည်းကောင်းတွေရှိနေလောက်မှာဟ။ အပြင်ဘက် ပင်လယ်ပြင်မှာက ပြင်းပြင်းထန်ထန် တုန်ခါနေတော့ ရေနက်ပိုင်းထဲ ငါးတွေ အကုန် မြုပ်ကုန်လိမ့်မယ်။ တိုင်ဖွန်ဝင်ဖို့က နှစ်ရက်၊ သုံးရက်တောင် လိုသေးတာ‌လေ။ ဖြတ်သွားမလားတောင် မသိဘူး။ ငါတို့အတွက်ဆို မနက်ဖြန်လှိုင်းတွေက အဲ့လောက်ကြီးနေမှာ မဟုတ်ဘူး"

"မင်းအဖေက သဘောတူလို့လား"

"ခိုးသွားရအောင်လေကွာ၊ ငါ မနက်ဖြန် စောစောထပြီး လှေကို အကာကွယ်ဆိပ်ခံဆီ ယူသွားမဲ့အကြောင်း ပြောထားတယ်"


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now