Chapter 30
October 30, 2023
အပိုင်း (၃၀)သူတို့တွေ ပြန်သည်အထိ ကမ်းခြေတွင် အမျိုးသမီးများကဆက်လက်၍ ပင်လယ်စာ တူးနေသေးသည်။ ကလေးတွေကလည်း ဆော့နေကြတုန်း၊ ဗိုက်ဆာရမှန်း မသိကြချေ။ သူတို့၏ မျက်နှာများသည် သဲများ၊ ချွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ပျော်ရွှင်စွာ ပြုံးနေကြဆဲ ဖြစ်သည်။
ရီမိသားစုမှ ကလေးများသည် တွင်းကြီးတစ်ခု တူးပြီးအငယ်ဆုံးဖြစ်သူ ရီချန်းယန်ကို အထဲမှာ ထိုင်ခိုင်းကာ ပခုံးများသာ ပေါ်သည်အထိ မြှုပ်နေကြသည်။
အကယ်၍ ရီရောင်သုန်းသာ အနည်းငယ်အကြာမှရောက်လာပါက ရီချန်းယန်း၏ ဦးခေါင်းကိုသာ မြင်ရလိမ့်မည်။
သူက မျက်မှောင်ကြုတ်ကာ "မင်းတို့ ကောင်တွေက ကစားတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် ဒါကအရမ်းအန္တရာယ်များတယ်ဆိုတာ သိလား။ တစ်စုံတစ်ယောက်ကမင်းရဲ့ညီလေးဆီ ပြုတ်ကျလာတာတို့ မမြင်ပဲ တတ်နင်းမိတာတို့ဆိုရင် ဘယ်လိုဖြစ်မလဲ။ သူ့ကို အမြန်ထူလိုက်ကြ"
"ဟုတ်ပြီ တတိယဦးလေး။ သားတို့ ယန်းယန်း ကို ချက်ချင်းထူလိုက်မယ်"
"ဟော မင်းကလည်း၊ ဒါက ပုံမှန်ပါပဲကွာ။ ငါတို့ ငယ်ငယ်တုန်းက ဒီလိုမျိုး ကစားတာပဲလေ၊ အရမ်းပျော်ဖို့ကောင်းခဲ့တာ" အားကျန်းက ရီချန်းယန်းကို ငုံ့ကြည့်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ "ပျော်ဖို့ကောင်းတယ် မဟုတ်လား"
"ပျော်ဖို့ကောင်းတယ်"
"တကယ့် အရူးကောင်လေး" သူက ဒေါသတကြီးအော်ပြီးသူ့မိန်းမကို "အားချင်း၊ ငါတို့သား ဘာလုပ်နေလဲ လာကြည့်အုံး"
လင်းရှိုချင်း တစ်ယောက် လှည့်ကြည့်လိုက်မှ သူမ၏သားထွေးသည် သဲထဲတွင်မြှုပ်နေကြောင်း
သတိပြုမိသည်။ သူမသည် မျက်ခုံးတွန့်ကာ ခါးမှနာကျင်ခြင်းနှင့် ခြေထောက်များ ထုံကျင်ခြင်းများကို သည့်ခံပြီး ခြေလမ်းအနည်းငယ် မြန်မြန်လျှောက်လာသည်။
"ဒါက ဘာဖြစ်နေကြတာလဲ။ ယန်းယန်းကို ဘယ်လို့ မြှုပ်ထားကြတာလဲ။ သူ အသက်ရှူကျပ်သွားပြီး အသက်မရှူနိုင်ရင် ဘယ်လိုလုပ်မလဲ။ သူ့ကို အမြန်ထူလိုက်၊ ဒီကလေးတွေနဲ့တော့။ ဘာနဲ့မဆို ကစားဖို့ နည်းလမ်း ရှာနေကြတယ်"
