အပိုင်း (၁၁၂)
တိုင်ဖွန်ရက်ရှိ လှိုင်းများမှာ သူတို့လှေအား အညှာတာကင်းမဲ့စွာ အဆက်မပြတ် ရိုက်ခတ်နေပြီး ကံကောင်းစွာဖြင့် တောင့်ခံနိုင်သည့် အနေအထားတွင်ရှိပြီး လှိုင်းများက သင်္ဘောကုန်းပတ်အထိတော့ မရောက်သေးချေ။
လမ်းတစ်လျှောက်တွင် အန္တရာယ်ထဲ စွန့်စားလိုသည့် လှေဟူ၍ တစ်စီးမှရှိမနေပေ။ အားလုံးက အကာကွယ်ဆိပ်ခံဆီ ဦးတည်နေကြသည့်လှေများသာ။ သူတို့ နှစ်ယောက်ကသာ တကယ်ကို ရူးသွားကြတာ ဖြစ်မည်။
"အဆင်ပြေပါတယ်။ ကိစ္စသေးသေးလေးပဲကို။ တိုင်ဖွန်ကလည်း ရက်အဝေးကြီး လိုသေးတယ်။ လူငယ်ဆိုတာ အလုပ်ကြိုးစားမှ။ သုံးချက်ကသာ ကံတရားပေါ်မူတည်ပြီး ခုနစ်ချက်က ကြိုးစားမှုပေါ်မူတည်တာ"
အားကွမ်က ပြောရင်းဖြင့် Hokkien သီချင်းကို စတင် ဆိုလေ၏။
ရီရောင့်သုန်းက မျက်လုံးလှိမ့်ကာ ;
"မင်းက မျိုးဆက် သုံးခုထဲမှာမှ တစ်ဦးတည်းသောယောကျာ်းလေး၊ ခုထိလည်း လက်ထပ်ရသေးမဟုတ်ဘူး။ အေးအေးဆေးဆေး လုပ်ပါကွာ...."
"ဘာဖြစ်လဲ။ ဒီတစ်ခါ ငါးဖမ်းပြီးသွားရင် ပိုက်ဆံစုပြီး ငါ ချစ်တဲ့မိန်းကလေးကို အိမ်ခေါ်ပြီး တင့်တောင်းတင့်တယ် ထားမှာ"
ရီရောင့်သုန်း သူ့ကို ချက်ချင်း စိုက်ကြည့်လာပြီး ;
"မင်းက စိတ်ကူးယဉ်နေတာပဲ"
"အားသုန်း၊ သားကြီး။ မင်း ငါ့ကို တစ်သက်လုံးလူပျိုကြီးအဖြစ်နဲ့ မမြင်ချင်ဘူးမလား။ မင်းရဲ့ညီအစ်ကိုက ဘာလိုအပ်နေလဲဆိုတာ မင်း စိတ်ပူဖို့လိုတယ်။ အချိန်ကျလာရင် မင်းက ကူညီပေးရမှာ၊ မင့် သားကတောင် ပဲငံပြာရည် လုပ်နိုင်နေပြီ၊ ငါ့မှာ ရည်စားတောင် မရှိသေးဘူး၊ မင်း မင်းရဲ့ညီအစ်ကိုကို မသနားဘူးလား"
"သွားသေလိုက်ပါလား။ မင်း လေကြောထပ်ရှည်နေရင် ပင်လယ်ထဲပစ်ချပြီး ငါးစားကျွေးပစ်လိုက်မယ်"
အားကွမ် ချက်ချင်း ပါးစပ်ပိတ်လိုက်တော့သည်။ လက်ရှိ ဆက်ဆံရေးကို သူ မသိလောက်ဘူးမလား။
အားကွမ်က သူ ဒီရက်ပိုင်း မကြာခဏ အလုပ်,လုပ်လေ့ရှိသည့် နေရာသို့ ရောက်ချိန်တွင် လှေကို ရပ်လိုက်ပြီး ;
"ဟုတ်ပြီ။ ဒီမှာ အရင်နေပြီး ကွန်ပစ်ကြည့်ကြရအောင်"
ရီရောင့်သုန်း ဘေးပတ်ပတ်လည်ရှိ ကမ်းရိုးတန်းများကို ဝေ့ကြည့်လိုက်သည်။ ပင်လယ်ရေပြင်တွင်ကာ မျက်စိတစ်ဆုံး မြင်ရမည်က ရေများသာဖြစ်ပြီး ပတ်ဝန်းကျင်က ဆင်တူကောင်း ဆင်တူနိုင်ပေမယ့် ကိုယ် မကြာခဏ အလုပ်လုပ်နိုင်သည့် နေရာဆိုလျှင် ဘေးပတ်လည်ရှိ တောင်ပုံစံများ၊ မြစ်များ နှင့် ကျွန်းများကို မျက်မှန်း တန်းမိနိုင်သည် ဖြစ်ရာ ဤနေရာက သူ ရင်းနှီးသည့် နေရာ မဟုတ်ပေ။
"မင်း ပုံမှန် အလုပ်လုပ်နေကျ နေရာလား"
"ငါတို့ကတော့ နည်းနည်း ဝေးဝေး သွားသေးတယ်။ တိုင်ဖွန်ကြောင့်မလို့ ဒီနေရာလောက်က အနေတော်လောက်ကျမယ်"
"ဒါဆိုလည်း ကွန်ကို ရေထဲ အရင်ချစစ်ကြည့်လိုက်၊ ငါးတွေ သိပ်မပါရင် ငါတို့ နေရာပြောင်းကြမယ်"
"အမ်း"
သူတို့က အတိတ်က သင်ကြားခဲ့ရသည့် သင်ခန်းစာများဖြင့် တစ်ခုခုနှင့် ညှိမိကာ ပြုတ်ကျသွားမည်ကို စိုးသောကြောင့် ယခုတွင် ပင်လယ်ပြင်၌ ကွန်ချချိန်တွင် အလွန် ဂရုစိုက်ကြသည်ပင်။
ကွန်ကို ဖြည်းဖြည်းချင်းချပြီး အားကွမ်က ရုတ်တရက်ဖြင့် ;
"အားသုန်း၊ မင်း ပထမကွန်ကို လာချလိုက်ပါလား၊ မင်းက ကံကောင်းတာဆိုတော့"
"မင်းပဲ လုပ်လိုက်တာ ကောင်းမယ်၊ ငါ ဒီရက်ပိုင်း ကံမကောင်းဘူး။ ခရုသင်းတချို့ ဖွင်ခဲ့တာတောင်မှ တစ်ခုမှ ပုလဲမရလာဘူး၊ ငါ့ ခယ်မကတောင် တစ်ခုရသွားသေးတယ်။ ပြီးတော့ အစ်ကိုကြီးကလည်း စစ်ရှင်ပန်း တစ်ကောင်ပါ ဖမ်းမိခဲ့သေးတယ်၊ ကြည့်ရတာ ငါ့ကံတွေက အဆုံးသတ်ချိန် ရောက်နေပြီနဲ့ တူတယ်"
"ပုလဲ မရဘူးဆိုတာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ခရုသင်းလေး တစ်ကောင်၊ နှစ်ကောင် ဖွင့်ပြီးတော့ ပုလဲထွက်လာမယ် ထင်နေတာလား။ မင်း စိတ်ကူးများ ယဉ်နေသလား။ မင်းရဲ့ခယ်မကိုက သောက်ရမ်းကောင်းတဲ့ ကံရှိလို့နေမှာ။ ဒါပေမယ့် ငါကြားတာ သူ ချမ်းတောင် မချမ်းသာလိုက်ဘဲနဲ့ ဓားရာကြီး ထင်အောင် လုပ်မိသွားတယ်ဆို။ အဲ့သတင်း ငါတို့ တစ်ရွာလုံး ပျံ့နေပြီ"
"အို့၊ မင်းမသိပါဘူးကွာ"
သူက စစ်ရှင်ပန်း တစ်ကောင် လွတ်သွားတာကို နှမြောနေတာ။
"ထားလိုက်ပါ။ ဒါဆိုလည်း ငါ ဒီကွန်ကို ကြည့်လိုက်မယ်။ ပထမကွန်က ပေါက်ထွက်သွားစေရမယ်"
ရီရောင့်သုန်း မေးထောက်ကာ ပျင်းတွဲတွဲဖြင့် ;
"အားကျန်း၊ ဘယ်တော့ မင်္ဂလာ ဆောင်မှာလဲ။ မင်္ဂလာ သကြားလုံးလည်း ခုထိ မဝေသေးဘူး၊ အချိန်ကျလာရင် ငါတို့တွေ ဗျောက်အိုး ကူဖောက်ပေးရမယ်"
"မင်း အိမ်ပြောင်းပြီးသွားလောက်ရင်ပေါ့။ ငါ ကြားတာတော့ လပြက္ခဒိန် ၂၈ ရက်နေ့လို့ ပြောတယ်၊ အဲ့နေ့ညမတိုင်ခင် အောင်သွယ်ဝိုင်ကို သောက်ရအုံးမှာ ပြီးမှ နှစ်ရက်အတွင်း မင်္ဂလာသကြားလုံးနဲ့ ဖိတ်စာတွေကမ်းမှာ၊ ငါတော့ အားကျလာပြီကွာ ဒီကောင်ကြီးက မြန်ချက်"
"ဟမ့်၊ အဲ့ဒါဆိုလည်း မင်းရဲ့အဒေါ်ကို မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ခိုင်းလိုက်ပေါ့၊ လူမှန် သူမှန်နဲ့ တွေ့ရင် သုံးရက်အတွင်း လက်ထပ်လိုက်ပေါ့။ သူ့ထက်တောင် ပိုမြန်အုံးမယ်"
"မရပါဘူး။ အမျိုးသားတစ်ယောက်ဖြစ်ပြီး ဘာလို့ဒီလောက် လောနေရမှာလဲ။ ဒီလိုကိစ္စဆိုတာ အချိန်ပေးရတယ်ကွ။ လက်ထပ်တာကို ဒီလို ပြီးစလွယ်လုပ်ရမှာလား"
"ဘာလို့ မရမှာလဲ။ ငါနဲ့ ငါ့မိန်းမတောင် လူချင်းတွေ့ပြီး ဆယ်ရက်နေတော့ လက်ထပ်တာပဲလေ"
"လူမှန်သူမှန်ဆိုတာ တွေ့ရခက်တယ်ကွ၊ မင်းကရော ဘာလို့ လောကြီးသုတ်ပျာနဲ့ သူ့ကို လက်ထပ်လိုက်တာလဲ"
ရီရောင့်သုန်း သူ့ကို စိုက်ကြည့်ကာ ;
"မင်းက ဘာကို ပြောနေတာလဲ။ ဘယ်သူက ထိခိုက်နစ်နာနေလို့လဲ"
"အို့၊ ဟုတ်သားပဲ။ မင်းကတော့ ရှားပါး ရတနာလေးကို ရှာတွေ့ထားတာကို။ အဲ့တော့ မဖောက်ပြားဘဲနဲ့ နောက်ဆို အိမ်ကို စောစောပြန်"
...
သူငယ်ချင်းနှင့် ပင်လယ်ထဲ ထွက်ရသည်က အဖေနှင့် သွားရသည်ထက် များစွာ ပိုကောင်းလေ၏။ အနည်းဆုံးတော့ စကားပြောဖော်ရှိပြီး မပျင်းရတော့ချေ။
အချိန်ကျလုနီးနီး ရောက်ပြီဖြစ်ကာ အားကွမ်က လှေကို ဖြည်းဖြည်းချင်း ရွှေ့သွားစေလိုက်သည်။ ရီရောင့်သုန်း ကရိုင်းကို လှည့်လိုက်ပြီး ကရိုင်း ပိုက်ပြားသို့ရောက်ရှိချိန်တွင် သူက ပိုက်လိုင်းမှ ခွာရန် ပိုက်ကွန်ဘောင်ပေါ်ရှိ ပိုက်ကွန်ပြားကို ပြင်ဆက်ပြီး ဆက်လက် လုပ်ဆောင်ကာ ပိုက်ကွန်ဂီယာကို ပြန်သိမ်းလိုက်သည်။
အားကွမ်ကလည်း ဝင်ကူညီပေးပြီး နှစ်ယောက်သားက အတူတူအလုပ်လုပ်ကာ ကွန်ကို လျှောမှတစ်ဆင့် ကုန်းပတ်ပေါ် ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။
"ဒီကွန်က ပေါ့သလိုပဲ။ ဆွဲရတာ လွယ်နေသလိုပဲနော်"
"တကယ်ပဲ ကြည့်ရတာ ကျင်း သုံးဆယ်၊ ကျင်း လေးဆယ်လောက်ပဲ ရှိမယ်နဲ့ တူတယ်။ ပြီးတော့ ဘာမှ ထွေထွေထူးထူး မရှိဘူး၊ မဟုတ်မှ ဒီပိုက်နက်ထဲက ငါးတွေ တခြားနေရာကို ပါသွာကြတာများလား"
"ပါးစပ်ကို ပိတ်ပြီး အရင်ဆုံး ဆွဲတင်အုံး"
"ငိုး ... ကြက်တူရွေးခေါင်း ငါး၊ မြင်းကျားကိုယ် ငါး နဲ့ သမင်အမြီးကွက် ငါး၊ ရှန်သုန်း ငါးရောကွ (Spottedtail Morwong)"
ရီရောင့်သုန်း ဤအထူးငါးကို တစ်ချက်ကြည့်ရုံနဲ့ မျက်မှန်းတန်းမိလိုက်သည်။
Morwong ငါးက အလွန်လှပသော အသွင်အပြင် ရှိပြီး ၎င်း၏ ကိုယ်ထည်တွင် လိမ္မော်ဝါရောင် မျဉ်းစောင်း ကိုးခု ပါရှိပြီး ဆူးတောင်တစ်ခုစီတွင် လိမ္မော်ရောင်များ ပါရှိသည်။ နောက်ကျောဘက်အောက်ခြေတွင် အလျားလိုက် ဖြတ်ထားသည့် အပြာရောင် အမြှောင် တစ်ခု ရှိပြီး caudal peduncle နှင့် caudal fin အဖြူအကွက်ကွက်များ ပြန့်ကျဲနေ၏။
၎င်းကို ဟောင်ကောင်တွင် 'ငါးဘုရင်' ဟု ခေါ်ကာ များသောအားဖြင့် 'ကျန်စမ်းသုန်း' သို့မဟုတ် 'ရှန်သုန်း' ဟု ခေါ်ကြသည်။ 'ဓားသုံးချောင်း' ဆိုသည့်အမည်မှာ ငါး၏ ကိုယ်က ထူပြီး ပြုတ်ရခက်ကာ တံငါးသည်များက ၎င်း၏ ကိုယ်ပေါ်တွင် ဓားသုံးချောင်းရာ အစင်းပေးပြီးမှ ပြုတ်ရ လွယ်ကူသွားသောကြောင့်ပင်။
အားကွမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်လာပြီး ;
"ချီး၊ တစ်ကွန်လုံး ရှန်သုန်းတွေကွ။ မအံ့ဩတော့ဘူး။ ဒီလောက်ပေါ့နေတာ၊ ပွတာပဲကွာ"
ကွန်က သိပ်မလေးသဖြင့် နှစ်ယောက်သားက ချက်ချင်း မ,တင်ဖို့ပင် မစောင့်နိုင်တော့ပြီး ငါးဖမ်းကွန်ကို ဖြည်ကြည့်ချင်နေကြပြီ ဖြစ်သည်။ ကုန်းပတ်ပေါ်တွင် ငါးများ ပြည့်သွားပြီး နှစ်ယောက်သားက စိတ်လှုပ်ရှားစွာဖြင့် သူတို့ကို ပေးပြီး ခုန်ပေါက်ထားစေ၏။
"အများကြီးပဲကွာ၊ အရမ်းလှတာပဲ၊ ဒါက ငါးဘုရင်ကြီးကွ။ ဒီနေ့ ထွက်လာတာ မှန်သွားတယ်ကွာ...."
"ကွမ်းတုံနဲ့ ဟောင်ကောင်ဘက်မှာ ရောင်းရင် ပိုပြီးဈေးကောင်းရမှာ"
အားကွမ်က ပြုံးရင်းဖြင့်လည်း နားမလည်နိုင်စွာဖြင့် ;
"ကွမ်းတုံနဲ့ ဟောင်ကောင်မှာဆို ဈေးကောင်းရတာ မင်း ဘယ်လိုသိလဲ"
"ကွမ်းတုံနဲ့ ဟောင်ကောင်မှာက လူချမ်းသာ ပိုများတယ်လေ၊ ဟားဟား"
"မင်း ပြောတာ မှန်တယ်"
"ပင်လယ် ကြက်ခြေထောက်တွေလည်း ပါလာသေးတယ်၊ သူတို့ကို ခွဲပြီး ကောက်ထားလိုက်။ ပင်လယ် ကြက်ခြေထောက်က ဈေးပေါတယ်"
"မင်း ရွေးထုတ်လိုက်လေ။ ကြည့်ရတာ ငါ့နာမည် ပြောင်းလိုက်တော့ ကံဇာတာတွေများ တက်လာသလားလို့၊ ငါ့အဖေနဲ့ ပင်လယ်ထဲ ထွက်တုန်းကလည်း နေ့တိုင်းလိုလို အချီကြီးတွေ ဖမ်းမိလာတာ"
အားကွမ်က အားမာန်အပြည့်ဖြင့် ကွန်ကို ထပ်ချရန် လှေကို အမြန် ရွက်လွှင့်လိုက်၏။ သူ ဒီနေ့ နောက်ကျမှ ထွက်လာသည်ဖြစ်ရာ အချိန်က သိပ်မရှိတော့ချေ။
ဒုတိယ ကွန်ချသည့်အချိန်တွင် ရေကူး ကဏန်းများနှင့် ငါးအထွေထွေသာ ပါသော်လည်း အရေအတွက်က ကောင်းသည်ဟု သတ်မှတ်လို့ရသည့်အနေအထားတွင် ဖြစ်ပြီး နှစ်ယောက်သားကလည်း အနည်းငယ် ဝမ်းသာရလေသည်။
သူတို့ နှစ်ယောက် ပင်လယ်လှိုင်းများ တဖြည်းဖြည်း ကြီးလာသည်ကို တွေ့လိုက်ရပြီး လှေမှာ အကြမ်းပတမ်းကို ရုန်းခါနေတော့ကာ သူတို့နှစ်ယောက် ဒီကွန် ဆွဲပြီးသည်နှင့် ပြန်တော့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
"နောက်ဆုံးကွန်ကို ငါ့ကို ပေးဆွဲကွာ၊ ဆွဲပြီးရင် ပြန်ကြမယ်၊ မနက်ပိုင်းတုန်းကတောင် ဒီလောက်ကြီးတဲ့ လှိုင်း မရှိသေးတော့ တိုင်ဖွန် ရောက်လာတော့မလို ခံစားနေရတယ်"
အားကွမ်ကလည်း ကန့်ကွက်စရာ အကြောင်းမရှိပါချေ။ ရီရောင့်သုန်းအား လှေကို ပေးမောင်းပြီးနောက် သူက ကဏန်း လက်များကို သွားချည်နေလိုက်သည်။
ရီရောင့်သုန်း ကွန်ဆွဲရာတွင် အလွန်ကျွမ်းကျွမ်းကျင်ကျင် ရှိလှသော်လည်း လှိုင်းများက အလွန် ကြီးသည် ဖြစ်ရာ သူမောင်းနေသည့်အချိန်အတွင်း ကုန်းပတ်ကို အကြိမ်ကြိမ် ရိုက်ခတ်လာပြီး လူတစ်ယောက်၏ အရပ်တစ်ဝက် နီးပါး ရှိသည့် လှိုင်းလုံးများက သူတို့ထံသို့ အချိန်ပြည့်ဆိုသလို လှိမ်,လှိမ့်လာ၏။
ရုတ်တရက် ကောင်းကင်ပြင်မှ ရွှေရောင်နဂါးကဲ့သို့လျှစ်တစ်စင်း ဖြတ်ပြေးသွားပြီး တစ်ချိန်တည်းဆိုသလို သိပ်မဝေးလှသည့် နေရာမှ လှိုင်းလုံးကြီးတစ်လုံးက ဆယ်မီတာထက် မနည်းသည့် အမြင့်သို့ ရိုက်ခတ်လာပြီး ရီရောင့်သုန်း၏ နှလုံးအား အခုန်မြန်သွားစေ၏။
နှစ်ယောက်သား၏ မျက်လုံးများက အကြည့်ချင်းဆုံသွားကြသည်။ အားကွမ်မှာ မနေနိုင်အောင် တံတွေးမျိုချမိပြီး ;
"အတော်လေး အံ့ဖွယ်ရာပဲ"
"ဒါပေမဲ့ ကြောက်ဖို့လည်း ကောင်းတယ်..."
"ပြန်ကြမလား"
"ကောင်းတယ်"
လူသားဆိုသည်မှာ သဘာဝတရား၏ စွမ်းအားကို မလွန်ဆန်နိုင်ဘူးလေ။
ယခုလိုနေ့မျိုးမှာ ထွက်လာခဲ့သည်ကပင် အန္တရာယ်များလှပြီး တနေကုန်ပြီးနောက်တွင်တော့ အန္တရာယ်ရေချိန်က နှစ်ဆ မြင့်တက်လာသလို ခံစားလိုက်ရသည်။ လှိုင်းများကို ကြည့်ရင်း နှစ်ယောက်သားက နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
"ကွန်ကို နောက်မှချမယ်၊ အရင်ဆုံး ဒီပိုင်နက်ထဲက အရင် ထွက်ကြရအောင်။ ငါ့ကို သံလိုက်အိမ်မြှောင်ပေး"
ယနေ့တွင် ပိုက်ဆံ ရှာနိုင်ခဲ့ပြီးပြီ ဖြစ်ရာ ထပ်ပြီး အန္တရာယ်ထဲ မစွန့်စားသင့်တော့ပေ။ ရီရောင့်သုန်း သံလိုက်အိမ်မြှောင်အရ ဦးတည်ရာကို ဆန်းစစ်လိုက်ပြီး အိမ်ပြန်ရန် မြင်ကောင်ရေအားကို တိုးလိုက်သည်။
လှိုင်းလုံးကြီးများ အဖက်ဖက်သို့ လွင့်သွားသည်နှင့် လှေက ပိုပိုပြီး လှုပ်ခါလာလေဖြစ်ပြီး အားကောင်းလာဟန်ရှိသည့် အနောက်ရှိ လှိုင်းများက ကုန်းပတ်ကို အဆက်မပြတ် ရိုက်ခတ်လာ၏။ နှစ်ယောက်သားမှာ အမြန်လုပ်မှ ရတော့မည်ဆိုသည့်အသိကို စိတ်ထဲတွင် ခံစားလိုက်ရသည်။
အားကွမ် တစ်ယောက် ကဏန်းလက် ချည်ဖို့ပင် စိတ်မပါတော့ပြီး ပင်လယ်ရေ မျက်နှာပြင်ကိုသာ လေ့လာကြည့်နေတော့၏။ ထိုအခါမှပင် သူ သဘောပေါက်လိုက်သည်မှာ သည်တစ်ခါတွင် သူ အလွန် စိတ်မြန်လက်မြန်နှင့် စိတ်ကူးယဉ်ဆန်သွားခြင်းပေ။
သဘာဝ ရှုခင်းက ဆန်းကြယ်သလို အန္တရာယ်လည်းအများသား။
