Chapter 38
November 08, 2023
အပိုင်း (၃၈)ရီရောင့်သုန်းသည် ပင်လယ်ထဲတွင် ကူးခတ်ကာ ရေမှ သက်ရောက်လာသော ဖိအားနှင့် လိုက်လျောညီထွေဖြစ်အောင် နေနေသည်။
ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည့် အခိုက်အတန့်တွင် ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဆိုးဖော်ဆိုးဖက် သူငယ်ချင်းများသည် သူ့အား ရေနစ်မြုပ်ခြင်းမှ တားဆီးနိုင်ခဲ့သည်။
ပင်လယ်ထဲတွင် လွတ်လပ်စွာ ကူးခတ်ရခြင်း၏ အရသာကို ပြန်လည်ရရှိပြီး စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ စိတ် ပြေလျော့လာပြီး လက်တွေ ခြေတွေကို ကူးခတ်ရင်း ကမ်းစပ်ဆီသို့ ဦးတည်ခဲ့သည်။
မူလက သူတို့သည် ဆန့်ကျင်ဘက်ကမ်းသို့ မည်သူက ဦးစွာရောက်ရှိမည်ကို ယှဉ်ရန် ရေကူးပြိုင်ဖို့ စိတ်ကူးခဲ့သော်လည်း ရီရောင့်သုန်း၏ ဖြစ်ရပ်များက သူတို့ကို ထိတ်လန့်စေခဲ့ပြီး မည်သူမျှ သူ့ထံမှ ဝေးဝေးသို့ မလှည့်ဝံ့ကြပေ။
သူတို့ ခြေထောက်တွေက သဲနှင့်ထိသည်အထိ ကမ်းစပ်ဘက်ကို ဖြည်းဖြည်းချင်းကူးခတ်ကြသည်။ ထို့နောက် သူတို့ ခြေကျင်းဝတ်တဝိုက်တွင် ရေများ တလိမ့်လိမ့်ဖြင့် ကျောက်ဆောင်များဆီသို့ လျှောက်သွားကြသည်။ ထိုအချိန်တွင် ဒီရေသည် ငြိမ်နေသေးသည်။
အားဂွမ်းသည် သူတို့နောက်မှ လှေကို ဖြည်းညှင်းစွာ မောင်းနှင်လိုက်လာသည်။ အလုံအလောက်နီးသောအခါမှ ရေထဲသို့ ခုန်ဆင်းပြီး လှေကို စစ်ဆေး၏။ သူက ရီရောင့်သုန်းကို "ရောင့်သုန်း ၊ အခုနက မင်းဘာလုပ်တာလဲ။ မင်းကြောင့် ငါ့မှာ သေမလိုပဲ။ မင်း ရေကူးတတ်တယ်လို့ ငါ ထင်ခဲ့တာ"
"ငါ အားနဲ့ အရမ်းခုန်ချလိုက်တော့ ခြေထောက်က ကြွက်တတ်သွားတာ။ ဒါပေမယ့် စိတ်ပူမနေနဲ့၊ အခု ငါ ပြန်ကောင်းသွားပြီ။ ဒီမှာ ကြည့်ကြည့်၊ ငါက အကောင်းကြီးရှိသေးတယ်"
