အပိုင်း (၁၄)
အဖေသည် အချိန် ခဏလေးအတွင်းပင် သူ့အငယ်ဆုံးသားနဲ့ အတူနေပြီး နောက်ဆုံးထွက်သက်ထိ အလုပ်လုပ်နေရမည့် သူ့ပုံအား ပုံဖော်လိုက်မိသည်။သူတစ်ယောက်တည်းနေတာမှ ပိုကောင်းမည်ဟု စဉ်းစားလိုက်မိသည်။
"အဖေ ကျွန်တော်တကယ်ပြောတာ"
"ငါယုံတယ် ငါအသက် ၈၀ အထိ အလုပ်လုပ်နေရမှာ"
"အဲဒါဆိုလည်း ယုံမနေနဲ့ ဒါပေမဲ့ အဖေလည်း အသက် ၈၀ ထိ အလုပ်လုပ်ရမှာ အဘွားလည်း အခုအသက်အရွယ်ထိ အရွက်စိုက်နေတာပဲလေ"
အဖေသည် ဒေါသဖြင့် "မင်းနဲ့ အတူနေရင် ငါ ဒေါသထွက်ပြီး သေမှာပဲ အသက် ၈၀ အထိလည်း နေရမှာ မဟုတ်ဘူး"
"ကောင်းပြီလေ အဲဒါဆိုရင် ကျွန်တာ်ထွက်သွားပြီး အဖေ့ကိုပဲ အသက်ရှည်ရှည်နေခိုင်းလိုက်မယ် အကိုကြီးနဲ့ အစ်ကိုလတ် နှစ်ယောက်ထဲက ရွေးလိုက် အဖေ့တို့ကို စောင့်ရှောက်လိမ့်မယ်"
သူ့အဖေ အိမ်သုံးလုံး ပြင်ဆင်ထားတာကို သူ အပြည့်အဝ သိသော်လည်း ဒေါသဖြင့် သည်စကားများ ပြောမိသွားသည်။
အစ်မကြီးနှင့် အစ်မလတ် မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။ သို့သော် သူတို့၏ သဘောထားများအား မဖွင့်ဟရဲကြပေ။
အဖေသည် သူတို့၏ အတွေးများကို မရိမ်မိခြင်းမှာ ဖြစ်နိုင်ပါ့မလား။
အမေသည် သူ့မြေးအား ထိန်းနေ၍ ဘာမှဝင်မပြောဘဲ တိတ်နေသည်။သို့သော် သူမနှလုံးသားသည် အေးစက်သွားသည်။
သူမသည် ချွေးမ သုံးယောက်လုံးအား တန်းတူဆက်ဆံခဲ့သည်။ သူမတို့ မီးဖွားချိန်တွေများတွင် သေချာဂရုစိုက်ပေးခဲ့သည်။ သူတ်ို့ ကလေးများအား ထိန်းကျောင်းပေးခဲ့သည်။ ဒါပေမဲ့ အဆုံးတွင် ချွေးမ အငယ်ဆုံးသာ သူမတို့နှင့် နေချင်သည်။
တကယ်တော့ မနေ့ညတွင် သူမယောကျာ်းနှင့် အိမ်သုံးလုံး ဆောက်ပေးရန် တိုင်ပင်ခဲ့ပြီးပြီ ဖြစ်သည်။အခု အိမ်ဟောင်းသည်လည်း ယိုယွင်းနေပြီဖြစ်သည်။ သူတို့ လင်မယောင်းသည် အခုအသက် ၅၀ တွင်းပဲ ရှိသေးသည်။ နောက်အနှစ်နှစ်ဆယ်လောက် နေရတယ်ဆိုရင် အိမ်ပြင်ပြီး နေလိုက်မည်။
![](https://img.wattpad.com/cover/351631341-288-k876931.jpg)