Chapter 34

2K 170 1
                                    

Chapter 34
November 04, 2023
အပိုင်း (၃၄)

သတိပေးချက် : ညစ်ညမ်း‌သော စကားများ ပါဝင်သည်။

ရီရောင့်သုန်းသည် အားဂွမ်း၏ အိမ်ဆီသို့ အလျင်အမြန် လျှောက်သွားခဲ့ပြီး အဝေးမှ‌တောင် ကဏန်းပေါင်းရနံ့ကို သူရနေသည်။

အထဲကို လှမ်းဝင်လိုက်သည်နဲ့ လူတိုင်းက "နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီ။ မင်းနည်းနည်းသာ နောက်ကျကြည့် ပန်းကန်ဆေးဖို့ပဲ ကျန်လိမ့်မယ်" ဟု အော်ကြသည်။

"လာ၊ လာထိုင်၊ ငါတို့က မင်းအတွက် ကျားပုဇွန်ချန်ထားတယ်..."

"ငါ နောက်ကျသွားတယ်ကွာ၊ ငါအရင်ဆုံး သုံးခွက်သောက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးလိုက်မယ်"

"ငါ့-ိုးကို အပြစ်ပေး။ အရက်ကနည်းနည်းပဲ ကျန်

တော့တာ။ ဒီကောင်ကြီးပဲ အကုန်သောက်သွားလိမ့်မယ်"

အားလုံးက တက်ကြွကာ စိတ်အားထက်သန်စွာနဲ့ ဖက်တီးယူလာသည့် ဆန်အရက် အားလုံးကို အပြတ်ဖြတ်လိုက်ကြသည်။ စားပွဲပေါ်ရှိ ပင်လယ်စာများကိုလည်း စားပြီးသည့်နောက် လူစုခွဲကာ အိမ်ပြန်သွားကြသည်။

အနည်းငယ် မူးနေသော ရီရောင့်သုန်းသည် အိမ်သို့ပြန်လာပြီး ယနေ့တွင် တံခါးကို သော့မခတ်ထား‌မှန်း သတိပြုမိသည်။ တိတ်တိတ်ဆိတ်ဆိတ် သော့ပြန်ခတ်ပြီး သူ့အခန်းထဲသို့ ဝင်လာသည်။

ပြတင်းပေါက်မှ ဖြာကျ‌နေသော လရောင်ကြောင့် သူ့ကလေး နှစ်ယောက် ရှုပ်ယှက်ခတ်စွာ အိပ်ပျော်နေကြသည်ကို မြင်ရသည်။ သူ့မိန်းမက သူ့ဘက်သို့ ကျောပေးထားသဖြင့် အိပ်ပျော်နေမှန်း သေချာမသိပေ။

ဘောင်းဘီတိုကို ချွတ်ကာ အိပ်ရာပေါ်သို့ တက်ပြီး

မိန်းမကို နောက်ကနေ ပွေ့ဖက်လိုက်သည်။ သို့သော် သူမက လက်ဖြင့် သူ့ခါးကို ရိုက်ချလိုက်သည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now