Chapter 39
အပိုင်း (၃၉)November 08, 2023
ရီရောင့်သုန်းသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ပင်လယ်ကြောက်စိတ်ကို ကျော်လွှားရန် လာခဲ့သည့် သူ၏ ရည်ရွယ်ချက်က ဒီလိုအမြတ်အစွန်းကို ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူက တကယ်ပဲ ကံကောင်းတဲ့ လာဘ်ကောင်လေး မဟုတ်လား။
သူက တခစ်ခစ်ရယ်ပြီး " ငါက အရိုအသေပေးရုံတင်မကဘူး မာဇူးအတွက် ငါ့ကိုငါ လုံးလုံးလျားလျား စတေးပြီး ကံကောင်းခြင်းတွေ ရခဲ့တာ"
အားကျန်းက မျက်လုံးပြူးကာ "အာ...ယဇ်ပူဇော်ရမယ်ဆိုတာ ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး။ စောစောက သိခဲ့ရင် မင်းကို ကယ်တင်ခဲ့မှာ မဟုတ်ဘူး၊ အဲ့လိုဆို ငါတို့ ငါးတွေ ပိုရမှာ မဟုတ်လား"
"လစ်လိုက်တော့။ နောက်မှ မင်းကို စတေးမယ်၊ ငါတို့ ပိုကြီးတဲ့အကောင် ဖမ်းမိလိမ့်မယ်"
"ဟီးဟီး ငါအိမ်ပြန်ရောက်တဲ့အခါမှ မာဇူးဘုရားကျောင်းကို သွားလည်ရမယ်"
အားဂွမ်းက ဝင်ပြောသည်။ "ငါတို့ ပိုက်ကွန်ကို သိမ်းကျတော့မလား။ ကြာနေပြီဆိုတော့ ပိုက်ကလွတ်သွားတဲ့ ငါးတွေက အဝေးကို ကူးသွားလောက်ပြီ"
ရီရောင့်သုန်းက "ငါတို့ဆီမှာ လောင်စာအလုံအလောက် ရှိသေးတယ်မလား။ ပိုက်ကွန်ကို နောက်တစ်ခေါက် ထပ်ချလိုက်ရအောင်။ နောက်ဆုံးတခါတုန်းက ငါးဒါဇင်ကျော်လောက်ရပေမယ့် ဒီနေရာထပ်ချကြည့်ပြီး ပတ်ကြည့်ရမယ်၊ ငါးကွမ်း ဖမ်းမရဘူးဆိုရင်တောင် တခြားပင်လယ်စာတွေ ရနိုင်တယ်၊ ဒီညနေအတွက် ငါတို့ အမြည်းလုပ်လို့ရတာပေါ့"
"ငါတို့ဆီမှာ လောင်စာအလုံအလောက်ရှိသေးတယ်၊ နောက်ဆုံးတစ်ခါလောက် ပိုက်ချလိုက်ရအောင်။ ငါးကွမ်း ဖမ်းမရရင်တောင် ကျောက်ကဏန်းတွေ၊ အဝါရောင် ငါးပုတ်ကောင်တွေ ဖမ်းမိချင်ဖမ်းမိမှာ၊ အမြည်းဖို့ ဆိပ်ခံမှာ ပင်လယ်စာဝယ်စရာ မလိုတော့ဘူးပေါ့"
