Chapter 131

1K 135 0
                                    

အပိုင်း (၁၃၁)
 
လင်မယားနှစ်ယောက်မှာ အိပ်မပျော်နိုင်ကြပဲ ဟိုလှည့်သည်လှည့်ဖြင့် ကုတင်ပျဉ်ချပ်များမှ ကျွီခနဲမြည်သံများက တစ်ညလုံးထွက်နေတော့သည်။
 
မနက်ပိုင်းတွင် အစောကြီးနိုးလာသည့် ရီချန်ဟူတောင် မျက်လုံးများကို ပွတ်ကာ 
 
“ဖေဖေနဲ့ မေမေတို့ ဘာလို့ အိမ်မှာထက်တောင် အသံတွေ ပိုလုပ်နေကြတာလဲ? ကုတင်ပျဉ်ချပ်တွေက တစ်ညလုံး အသံတွေထွက်နေတာ၊ သား အခု တအားအိပ်ချင်နေတာ မျက်လုံးတောင် ဖွင့်မနိုင်တော့ဘူး”
လင်းရှို့ချင်း၏ပါးများမှာ ရှက်ရွံ့စွာ နီမြန်းလာပြီး ဦးရေများပင် ထုံကျဉ်လာရသည်။ မနေ့ညက သူတို့ အမှန်တကယ်ကို ဘာဆိုဘာမှမလုပ်ခဲ့ကြပေ။ ပုံမှန်ဆို သူတို့ အလုပ်လုပ်နေကြသည့် အချိန်တွင်မှ သူ့အား လာနှိုးပေးရသည်။
 
ရီရောင့်သုန်းက ရှက်စိတ်ဖြင့် ချောင်းနှစ်ချက်ဟန့်ကာ 

“ဖေဖေနဲ့မေမေမှာ ပြဿနာလေးတွေ ရှိနေလို့၊ အဲ့ဒါကြောင့် အိပ်မပျော်ဘဲ ဟိုလှည့်သည့်လှည့်လုပ်နေရတာ၊ အပြင်မှာသွားပြီး ပေါက်ကရတွေ လျှောက်မပြောနဲ့ ကြားလား”
“အို့ ဘာက ဖေဖေတို့ကို အနှောင့်အယှက်ပေးနေတာလဲ?”
 
“ကလေးတွေက နားမလည်ပါးမလည်နဲ့ မမေးရဘူး”
သူတို့စကားပြောသံက အငယ်ဆုံးလေးကို နိုးသွားစေသဖြင့် တစ်မိသားစုလုံး အိပ်ရာမှ ထလိုက်တော့သည်။
 
ရလဒ်အနေဖြင့် သူတို့ အခန်းအပြင်သို့ထွက်ချိန်တွင် လင်မယားနှစ်ယောက်မှာ ပိုလို့ပင် အရှက်ရ,ရတော့သည်။ ဒုတိယတူလေးက သူတို့ကို မကျေမချမ်းမျက်လုံးများဖြင့် ကြည့်ကာ 
 
“ဒေါ်ဒေါ်နဲ့ ဦးလေး ဘာလို့ တစ်ညလုံး ကုတင်ပျဉ်ချပ်တွေကို အသံထွက်အောင်လုပ်နေရတာလဲ? ကျွန်တော် တစ်ညလုံးတောင် အိပ်လို့မရဘူး၊ ဒီမှာကြည့်အုံး ကျွန်တော့်မျက်လုံးအောက်က အညိုကွင်ကြီးက ဦးလေးတို့ထက်တောင် ကြီးသေးတယ်”
 
“ဟမ်? ဒုတိယဝမ်းကွဲတောင် သိနေတာပဲကို အဖေနဲ့အမေက ဘာလို့ သားကို ဘာမှမပြောခိုင်းရတာလဲ!”
 
လင်းရှို့ချင်းမှာ ရုတ်တရက်ကြီး သားအကြီးကောင်အား အသေရိုက်သတ်ချင်လာတော့သည်!
 
ယောင်းမလင်းကလည်း သူ(မ)သားကို ပုတ်ပေးလိုက်ပြီး 

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now