Chapter 43

1.8K 149 0
                                    

Chapter 43
November 14, 2023
အပိုင်း (၄၃)

ခယ်မ နှစ်သည် အဖေ့၏ စကားများဖြင့် ပိတ်ဆို့ခံလိုက်ရပြီး ရီရောင့်ဟွာထံမှလည်း စိုက်ကြည့်ခြင်းခံရသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူမသည် ငြင်းခုံမှုကို ရပ်လိုက်သည်။

သူမ ယောက်ျားက အလုပ်တွေ အားလုံး လုပ်နေရပြီး ရီရောင့်သုန်းကတော့ များများစားစား မလုပ်ဘဲ အကျိုးအမြတ်တွေ ရနေသည်ဟု သူမခံစားရသည်။ အချိန်အတော်ကြာ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်ဘဝင်မကျဖြစ်နေသည်။

သူတို့ ပင်လယ်ထွက်ပြီး ရမည့် ဝင်ငွေများက မိသားစု ရန်ပုံငွေထဲသို့ ရောက်သွားပေမယ့် ရီရောင့်သုန်းကျ သူ့ဘာသာသူ ပင်လယ်ထွက်ပြီး ရတဲ့ငွေကိုလည်း သူကိုယ်တိုင် သိမ်းခွင့်ရသည်။ သူမ ဘယ်လိုပဲ တွေးပေးပါစေ ဒီဟာက မမှန်ဘူးဟု ခံစားရသည်။ သူမကပဲ အလုပ်တွေ ပိုလုပ်နေရသည်ဟု အမြဲခံစားနေရသည်။

အဖေရီသည် သူ့ ချွေးမအလတ် ငြိမ်သက်သွားသည်ကို မြင်ပြီး ရီရောင့်သုန်းကို စိုက်ကြည့်လိုက်သည်။ "မင်းကြားလား။ မင်း အပြင်မှာ ပျော်ပါးဖို့တွေးမနေတော့နဲ့။ ငါတို့အိမ်မှာ အိမ်ဆောက်စရာ ရှိတယ်၊ အိမ်မှာ မင်းငါ့တို့ကို နေ့တိုင်း ကူညီပေးဖို့ ပြင်။ ငါပြန်လာလို့ မင်း ပျောက်သွားတာသိရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"

"ရပြီ၊ မဆူနဲ့တော့ အဖေ"

"ငါတို့က မင်းရဲ့ကောင်းကျိုးအတွက် တနေ့ပြီးတနေ့ ဒီလိုတွေ ပြောနေတာ၊ မင်း အသက်က ၂၀ ကျော်နေပြီ၊ သုံးနှစ်သား ကလေး မဟုတ်တော့ဘူး။ အိမ်မှုကိစ္စတွေကို မင်းလုပ်ရမယ်၊ မင်းအိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီ ဒါကြောင့် မင်းမှာ တာဝန်သိစိတ် ရှိသင့်တယ်…” အမေရီက မထိန်းနိုင်ဘဲ ဒေါသတကြီးနဲ့ စဆူပါတော့သည်။

ရီရောင့်သုန်းတစ်ယောက် ရုတ်တရက် စိတ်ရှုပ်သွားသည်။ သူ ပြန်မွေးဖွားလာပြီးကတည်းက ပင်လယ်စာ တူးခြင်းနှင့် အိမ်အလုပ်များကို ဝင်ကူခဲ့သော်လည်း

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now