အပိုင်း(၁၂)
ရောင့်သုန်းသည် ခေါင်းမှခြေဖျားအထိ ရွှဲရွှဲစိုနေသော သူ့အကိုများအားကြည့်ကာ မေးလိုက်သည်။”အကိုတို့ သင်္ဘောနဲ့ အပြင်ထွက်သွားကြတာမဟုတ်လား ဘယ်လိုလုပ်ပြီးရေကူးထားသလို ဖြစ်နေတာလဲ”
ရီရောင့်ဖုန်သည် သူ၏ ခန္ဓာကိုယ်အား ကပ်နေသည့်အကျီဘောင်းဘီအား ငုံ့ကြည့်ကာ မသက်မသာဖြစ်နေသည်။ထို့နောက်အကျီအစွန်းအား ကိုင်ကာ “ငါတို့အပြင်ထွက်တုန်းက ရေကအရမ်းတိမ်တော့ သင်္ဘောထွက်မရဘူးလေ အဲဒါကြောင့်သူငယ်ချင်းတွေကို ခေါ်ပြီး သင်္ဘောကို ရေနက်တဲ့နေရာထိ တွန်းရသေးတယ် အဲဒါက ပိုကြာနေတာ”
“အိုး ညကျဘယ်နနာရီ ထွက်ဖို့ ပြင်ထားတာလဲ”
“၁နာရီ ၂နာရီလောက်ဖြစ်မှာပေါ့ မင်းရောလိုက်မှာလား အဖေပြောတာတော့ ပိုက်ကွန်တွေဆွဲဖို့ လူသုံယောက်မလိုဘူးတဲ့ နှစ်ယောက်ဆိုရပြီဆို အလှည့်ကျစောင့်ပြီး အလှည့်ကျနားလို့ရတယ်တဲ့”
အကိုလတ်ဖြစ်သူ ရိီရောင့်ဟွာသည် ရိုးသားစွာပြောသည်”အငယ်ကောင် ငါတို့နဲ့ လိုက်ခဲ့ပါလား အဖေ့ဆီကနေ သင်္ဘောဘယ်လိုမောင်းရမလဲ သင်ပြီးတော့ သံလိုက်အိမ်မြောင်မပါဘဲ ပင်လယ်ကိုထွက်နိုင်အောင်လုပ် ငါတို့ပင်လယ်နားကလူတွေက ပင်လယ်က လားရာတွေကိုတော့ ခွဲတတ်ရမယ်လေ”
“တော်ပါပြီ ဒီလောက်သိတာ လုံလောက်နေပါပြီ”
သူကဘယ်လိုလုပ် သင်္ဘော မောင်းတာမသိဘဲနေမှာလဲ သံလိုက်အိမ်မြောင်တောင် ဖတ်တတ်သေးတယ်
နှစ်များစွာ သင်္ဘောတွေရွက်လွှင့်လာတာ ပင်လယ်ထဲမှာ လမ်းမပျောက်ဘဲ အေးဆေး သွားနိုင်တယ်
သူကပင်လယ်ထဲပြုတ်ကျလာလို့ လုံးဝပြန်မကောင်းသေးတာပဲရှိသည်
ဘေးမှ အမေသည် သူ့အား”မနက်ကပဲ မင်းအကိုတွေဆီက သင်ယူပြီး အလုပ်ကြိုးစားမယ်ပြောနေတာ မင်းစကားလုံးတွေက အီးသာသာပဲ တော်ပြီနောက်ဆို မင်းဘယ်မှသွားခွင့်မရှိတော့ဘူး အိမ်မှာပဲနေပြီးကူညီရမယ် မင်းပင်လယ်ထဲ မထွက်ရင် ငါးဖမ်ရပိုက်လုပ်တာပဲကောင်းမယ် မဟုတ်ရင် မင်းခြေထောက်တွေ ရိုက်ချိုးပစ်မှာ”
“အမေကလည်း အကုန်လုံးကို တစ်ကိုက်တည်းအပြီးကိုက်စားပြီး ဝတဲ့သူဖြစ်မလာနိုင်ဘူးလေ အကုန်လုံးက ဖြေးဖြေးချင်းပဲ အချိန်ယူရတာ..”
“မင်း တစ်နေကုန် ဘာအလုပ်မှ မလုပ်ချင်ဘဲ ဖြေးဖြေးက အချိန်ယူချင်သေးတယ် ဘယ်လောက်ဖြေးဖြေးထိ အချိန်လိုတာလဲ မင်းသားတွေ မင်းအရွယ်ရောက်ပြီး မင်းကိုလုပ်ကျွေးမယ့်အချိန်ထိလား”
“အဲဒါကောင်းသားပဲ”
အမေသည်မျက်စောင်းထိုး၍ လက်မြှောက်ကာ သူ့အားရိုက်ဖို့အသင့်ပြင်လိုက်သည်။
ရောင့်သုန်းသည် သူ၏ ပြောစကားသည် သူ့အမေအား ဒေါသထွက်စေမည်ကို ကြိုသိ၍ သူကြိုတင်ပြင်ဆင်ထားသည်။ သူပြောချင်တာများပြောပြီးနောက် အလျင်အမြန်ရှောင်ထွက်သွားသည်။ သူသားကိုပင် လှည့်မကြည့်တော့ပေ။
သူအိမ်ကို အရင်ပြေးသွားကာ လှမ်းအော်လိုက်သည်။”နေအရမ်းပူတယ် အိမ်အရင်ပြန်တော့မယ်”
ထိုအချိန်သည် သူ့မိန်းမဖြစ်သူနှင့် အခြားသူများသည် ကုန်းပေါ်သို့ ရောက်စအချိိန်ဖြစ်သည်။
သူအိမ်ကိုအမြန်ပြေးလာသည်။ ပင်ပန်းမောဟိုက်ကာ ချွေးတွေထွက်နေသည်။ သူ၏မျက်နှာသည် အပူကြောင့် အနီရောင်ပြောင်းနေသည်။ အဘွားဖြစ်သူသည် သူ့အား စိတ်ညစ်စွာ ကြည့်နေသည်။
“ဘာလို့ နေပူထဲထွက်တာကို ဦးထုပ်မဆောင်းတာလဲ ကြည့်လိုက်ဦး ဘယ်လောက်နေလောင်နေလဲလို့ မင်းအမေနဲ့ အခြားသူတွေကရော”
“သူတို့နောက်မှာ လမ်းလျှောက်လာနေတယ် ခဏနေ ရောက်မှာပါ”
အဘွားသည် ခြင်းထဲမှ ပြောင်းဖူးအား ပေးလိုက်သည်။ ”ဗိုက်ဆာနေမှာပဲ အရင်ပြောင်းဖူးစားထားနှင့် ကျန်တဲ့သူတွေအကုန်ရောက်လာမှ စားကြစို့ ဆန်ပြုတ်လည်း အသင့်ဖြစ်နေပြီ”
“ဟုတ်ကဲ့”
သူတို့စိုက်ပျိုးထားသော ပြောင်းဖူးသည် ကျစ်လစ်ကာ ချိုသည်။ သူ သည်ပြောင်းဖူးစားရသည်ကို ဘယ်တော့မှ မငြီးငွေ့ပေ။
မနက်တုန်းက သူပြောင်းဖူးဆန်ပြုတ်နည်းနည်းနှင့် ဟင်းရွက်တချို့သာ စားခဲ့ရသည်။ သူ့အတွက် ဗိုက်မပြည့်သောကြောင့် ဗိုက်ဆာနေသည်မှာ ကြာပြီဖြစ်သည်။နေ့လည် ၁၂ပင် ကျော်ပြီ။
“ကလေးတွေရော နေ့လည်စာစားချိန်ရောက်ပြီကို ဘာလို့ပြန်မလာသေးတာလဲ မသိဘူး”
“တစ်ယောက်တော့ ပြန်လာတယ် ပြောင်းဖူးဆွဲပြီး ပြန်ဆော့ဖို့ ထွက်သွားတယ် ဘယ်သွားနေကြလဲ မသိဘူး သွားဆူမှ ပြန်လာတော့မယ် ထင်တယ်”
“ကျွန်တော် သွားခေါ်လိုက်မယ်”ဟုပြောရင်း ပြောင်းဖူးကို အငမ်းမရဝါးကာ ထွက်သွားသည်။
သူအပြင်ထွက်လိုက်သည်နှင့် သူ့အမေနှင့် ဝင်တိုက်မိသွားသည်။ အမေသည် ခုံးကောင်နှင့် ပင်လယ်ရေတွေထည့်ထားသော ပုံးအားကိုင်ထားသည်။ ဝင်တိုက်မှုကြောင့် ပင်လယ်ရေတွေ သူ့အပေါ်မှောက်ကုန်သည်။
“ဘာတွေလုပ်နေတာလဲ အသက်ကဖြင့် ကြီးနေပြီ အခုချိန်ထိ နမော်နမဲ့နဲ့ နည်းတောင်နည်းသေးတယ်”
ရောင့်သုန်းသည် နောက်ဆုတ်လိုက်ကာ အကူအညီမဲ့စွာ ကြည့်လိုက်သည်။ အမေသည် သူ့အား မကျေမနပ်ဖြစ်နေပုံပင်။ မနက်တည်းက အပြစ်တင်နေသည်။
လူကောင်းတစ်ယောက်ဖြစ်ရန် သူဆုံးဖြတ်ပြီးသားဖြစ်သည်။
စိတ်ဓာတ်ကျလိုက်တာ
လင်းရှိုချင်းသည် ရှေ့တိုးလာကာ “အိမ်ထဲဝင်ပြီး အကျီအရင်သွားလဲလိုက် ဒီဟာကျွန်မကိုပေး လျှော်လိုက်မယ် နေကအရမ်းပူနေတာဆိုတော့ မြန်မြန်ခြောက်သွားမှာ မဟုတ်လို့ကတော့ ထပ်ပြီးချွေးထွက်ပြီး ရှင်ဒီညလဲစရာ အကျီမရှိဘဲနေမယ်”
“ဟမ်”
ကမ်းခြေတွင် အလုပ်ကြိုးစားထားတာကြောင့်ရော ဂဏန်းပြာနှစ်ကောင် ကျေးဇူးကြောင့်ပါ သူ၏မိန်းမသည် သူ့အားပိုသဘောကောင်းနေ၍ ပိုချိုသာနေသည်။
ရောင့်သုန်းသည် အိမ်ထဲဝင်ကာ ဗိီရိုနှင့် အံဆွဲတွေထဲ မွှေကာ သူဝတ်စရာအဝတ်ရှာနေသည်။ သူမှတ်မိသမျှနေရာ ရှာနေပေမဲ့ မတွေ့ပေ။ မှတ်ဉာဏ်က ကြာခဲ့ပြီဖြစ်သောကြောင့် သူမသိတော့ပေ။
လင်းရှိုချင်းသည် ကလေးတွေအား ရေချိုးပေးပြီး၍ အကျီရှာပေးရန်ဝင်လာသည်။ သို့သော် အခန်းထဲရောက်သော် စိတ်တိုတာ မျက်နှာသည် အေးတိအေးစက်ဖြစ်သွားသည်။
“ကျွန်မမှာ အချိန်တွေအရမ်းပေါနေတယ် ရှင်ထင်နေတာလား ကျွန်မအတွက် အလုပ်ရှာပေးနေတာလား ဒါမှမဟုတ် ပိုက်ဆံရှာနေတာလား”
“အာ ဘာတွေပြောနေတာလဲ ငါအဝတ်ရှာမတွေ့လို့”
သူမထင်သည်က သည်နေ့မနက် သူအပြင်မသွားသည်မှာ သူ့အိတ်ထဲ ပိုက်ဆံမရှိလို့ဖြစ်သည်။
သူအဲလောက်တောင် အားကိုးလို့မရဘူးလား
သူငယ်ငယ်က အားကိုးလို့မရပေမဲ့ ဒါပေမဲ့ သူ သူပြောင်းလဲသွားပြီမလား
ပင်ပန်းလိုက်တာ
“အကျီလေးရှာတာကို ဒီလိုကြီးဖွလိုက်ဖို့ လိုလို့လား လဲဖို့က အကျီနှစ်စုံနှင့် ဘောင်းဘီနှစ်စုံရှိတယ် တစုံက အခုနေလှန်းထားတယ်ဘေ ဘာလို့ဒီမှာလာရှာနေတာလဲ”
သူကုတင်ပေါ်မှာ အရှုပ်ကြီးအား မြင်ကာ နည်းနည်းအပြစ်ရှိသလိုခံစားသွားရသည်။ အရင်ဘဝက သူ့မိန်းမဆုံးပြီးနောက်ပိုင်း တစ်ယောက်တည်းနေခဲ့ရ၍ သူအကုန်လုပ်တတ်နေပြီ ဖြစ်သည်။ထို့ကြောင့် ကုတင်ပေါ်မှာ အကျီများအား အမြန်ခေါက်ပေးလိုက်သည်။
လင်းရှိုချင်းသည် ကြည့်နေကာ ဒေါသများပြေသလိုဖြစ်နေသွားသည်။ သူတကယ် အကျီဘယ်မှာလဲ မသိတာဖြစ်နိုင်သည်။ သူမပဲ အမြဲ အကုန်လုပ်နေခြင်းဖြစ်သည်။ ရေချိုးပြီးသည်နှင့် သူ့အတွက် အကျီကို ကုတင်ပေါ်တွင် ထားပေးနေကျဖြစ်သည်။ထို့ကြောင့် သူမသိတာလည်း ဖြစ်နိုင်သည်။
သူမ သည်တခေါက် သူ့အားအထင်လွဲတာဖြစ်နိုင်သည်။သူမလေသံသည် ပျော့သွားကာ ”အပြင်ထွက်ပြီး အကျီသွားရုတ်ပေးမယ်”
အကျီလဲပြီးနောက် သူကုတင်စွန်းတွင် ထိုင်လိုက်သည်။ အပြင်မသွားဘဲ သူ့ကိုယ်သူပြန်စဉ်းစားနေသည်။
မနက်ကကိစ္စတွေနဲ့ပင် တမိသားစုလုံးသူ့အပေါ်ကို အမြင်ကို သိလိုက်ရသည်။သူအတိတ်က အရမ်းဆိုးခဲ့ခြင်းကြောင့်ဖြစ်မည်။ပထမဦးဆုံးအကြိမ် ကိုယ့်ကိုကိုယ် နောင်တရခြင်းဖြစ်သည်။
သားတွေအား အကျီလဲပေးပြီးနောက် လင်းရှိုချင်းသည် ခေါက်ထားသည်များ သိမ်းရန် ပြန်ဝင်လာသည်။ သူ့ယောကျားထိုင်နေသေးသည်ကိုတွေ့၍ မျက်မှောင်ကျုံ့ကာ “နေ့လည်စာသွားစားလေ ဘာလုပ်နေတာလဲ”
“မင်းကိုစောင့်နေတာလေ မင်းမပါဘဲ ငါကဘယ်လိုစားရမှာလဲ”
ရောင့်သုန်းသည် ပုံမှန်ပြောလိုက်ခြင်းဖြစ်သည်။သိုသော် သူ၏မိန်းမမျက်နှာသည် အနီရောင်ပြောင်းကာ ရှက်မည်ဟုမထင်ပေ။ သူမသည် ရှက်ကာ ဟိုဘက်လှည့်၍”အဓိပ္ပာယ်မရှိတာတွေ”
သူတကယ်စိတ်ဝင်စားသွားသည်။ သူမတကယ်ရှက်သွားတာပဲ။ သည်အမျိုးသမီးက စကားချိုချိုလေးတွေ ပြောတာကို သဘောကျတာပဲ။
“နေ့လည်စာစားကြစို့ နောက်ကျနေရင် ဟင်းပွဲမလောက်ဘဲ နေလိမ့်မယ်”
ကြည့်လိုက်ဦး လေသံတောင်ပျော့နေပြီ
သူနေလို့ကောင်းသွားသည်။ အထင်လွဲရာကနေ သည်လိုအဆင်ပြေသွားသည်။ သူကျောကို မတ်ကာ သူမနောက်က လိုက်သွားလိုက်သည်။
ထမင်းစားစားပွဲတွင် ဝိုင်းထိုင်နေကြသော ကလေးတွေနှင့် ပြည့်နေသည်။ သူ့မိန်းမသည် သားကြီးဘေးတွင် ရပ်လိုက်သည်။ သားကြီး ရီချန်းဟူအား ထမင်းကျွေးရန်ပြင်လိုက်သည်။ သူ့အတွက်ထိုင်ခုံအား သူမဘေးကပ်ရပ်တွင်ချန်ပေးထားသည်။ သားအငယ်ကောင်သည် သူ့အမေပေါင်ပေါ်တွင်ထိုင်ကာ သူ့အမေခွံ့ကျွေးတာ စားနေသည်။
သူတို့မိသားစု၏ ကလေးများသည် ယောကျာ်းလေး ၅ယောက်နှင့် မိန်းကလေးသုံးယောက်ဖြစ်သည်။ ရောင်သုန်း အကိုကြီးဖြစ်သူသည် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။အကိုလတ်တွင် သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်။ သူ့တွင်တော့ သားနှစ်ယောက်ရှိသည်။
အကြီးဆုံးသားလေးယောက်နာမည်ကို ကျောင်းဟိုင် မြစ်နှင့် ကန်နာမည်ကို ယူထားသည်။အကြီးဆုံးမှ အငယ်ဆုံးအား ဟိုင်၊ ကျန်း၊ ဟယ်၊ ဟူ ဖြစ်သည်။သို့သော် သူ့အငယ်ဆုံးသားမွေးတော့ ယန်ဟုသာ ပေးလိုင်သည်။
သူ့နေရာတွင်ထိုင်လိုက်ပြီး စားပွဲအပြည့်ဖြစ်နေသော ပင်လယ်စာတွေအား ကြည့်လိုက်သည်။ သူခံစားသွားရသည် ပင်လယ်နားနေတဲ့သူတွေသည် ပင်လယ်စာတွေသာ စားနိုင်ခြင်းကြောင့်ဖြစ်သည်။
…….
ကျန်းဟဲ-မြစ်
ဟူ-ကန်
ယန်-ပင်လယ်
