အပိုင်း (၁၀၄)
ရက်အတော်ကြာ အလုပ်များနေပြီးနောက်မှာတော့ ရီရောင့်သုန်း တစ်ယောက် ပင်းပန်ပြီး နုံးချိလို့လာလေပြီ ဖြစ်သည်။ အိမ်သို့ ပြန်ရောက်သည့်အချိန်တိုင်းတွင်လည်း ဘယ်မှ သွားမနေတော့ဘဲ အခန်ထဲဝင်းပြီး ကျောချကာ အနားယူတော့သည်။
အားကွမ် တစ်ယောက် ပျော်ရွှင်နေသည့် မျက်နှာဖြင့် အိမ်သို့ ရောက်ချလာကာ သူ့နာမည်အား ဖေးရှန်အဖြစ် ပြောင်းလဲပြီး ဖြစ်ကြောင်းနှင့် အိမ်ထောင်စုစာရင်းတွင်လည်း ယနေ့တွင် ပြောင်းလဲပြီးသွားပြီ ဖြစ်ကြောင်း လာပြောလေ၏။
ရီရောင့်သုန်းက အထူးတလည် အံ့ဩနေခြင်းမျိုးမရှိပြီး ယခင်ဘဝတွင်လည်း အားကွမ်က အသက် ၅၀ ကပ်ကာနီးတွင် သူ့နာမည်ကို ပြောင်းခဲ့သည်ပင်။
သူက အိမ်ထဲသို့ ဝင်ရန် ဟန်ပြင်နေသည့် အားကွမ်၏ ပုခုံးကို ဖက်ပြီး အိမ်ရှေ့တံခါးရှိ သစ်ပင်အောက်သို့ ခေါ်သွားကာ ;
“မဆိုးဘူးပဲ၊ ဗေဒင်ဆရာတောင် ပြောနိုင်နေတာပဲ၊ ငါတို့က ပင်လယ်ထဲ ရွက်လွှင့်တဲ့အခါကျ အဆင်ပြေ ချောမွေ့ဖို့ “
”အင်း၊ ငါတို့ အဖေကလည်း အိမ်ဘေးနားက အဒေါ်မားဆီကနေ လှေဝယ်လိုက်ပြီ၊ သူ လှေကြီးကို ဆက်မမောင်း ဖြစ်တော့ဘူး”
“အာ၊ အဲ့ဒါ ပြီးခဲ့တဲ့ ရက်ကပဲ ပင်လယ်ထဲ ကျသွားတဲ့ လင်းယုံရှုံတို့ မိသားစုမလား။ မင်းတို့က လက်သွက်လှချည်းလား။ သူတို့က အသုဘချပြီးသွားတာတောင် မကြာသေးဘူး မဟုတ်လား”
“အင်း၊ သူတို့ အိမ်ကပဲ၊ ငါ့အဖေကလည်း ငါ လှေဝယ်လိုက်တယ် ဆိုကတည်းက စိတ်ကူး ရှိနေတာဆိုတော့လေ၊ ဟိုနေ့က ငါ့အဖေ မင်းကို ပြောပြနေသေးတယ်မလား။ မင်း ထွက်သွားတာနဲ့ ဆွဲပိုက်ချလှေတစ်စီး ဝယ်မယ်ဆိုပြီး စီစဉ်လိုက်တာ”
“ဖြစ်ချင်တော့ အဒေါ် မားတို့ အိမ်ကလည်း ငါတို့နဲ့သိပ်မဝေးတော့၊ သူ့ဆွေမျိုးတွေကလည်း ဒီရက်ပိုင်း ခဏခဏ လာနေတာ လှေကိုဝယ်ချင်တယ်ဆိုပြီးတော့လေ။ အဒေါ် မားလည်း စိတ်ဆိုးပေမဲ့ ဘာတတ်နိုင်မှာလဲ၊ အဲ့ဒါနဲ့ ငါ့အဖေ ပင်လယ်စာ တစ်ချို့ သွားပို့ပေးရင်းနဲ့ စကားပြောကြည့်လိုက်တာ ငါ့အဖေ ပေးတဲ့ ဈေးကလည်း မြင့်လို့နေမှာပေါ့။ နှစ်ရက်တောင် မစောင့်လိုက်ရဘူး။ ငါ့အဖေကို ပြန်ရောင်းပေးလိုက်တယ်”
ရီရောင့်သုန်းက သူ့ပေါင်ကို ရိုက်ကာ ;
“နှစ်ဦး နှစ်ဖက် ဈေးတည့်သွားတာပဲ၊ အမှန်တကဟ် ငါလည်း ဘောဘကြီးပြီး လိုချင်နေတာ၊ ပိုက်ဆံရှိမနေတာ ခက်ရော၊ မင်းတို့ ဘယ်လောက်ပေးလိုက်ရလဲ။ အဲ့လှေက 17 - 8 မီတာ ရှည်တယ် မလား?”
“ကွန်တစ်ချို့နဲ့ ဘုတ်ပေါ်မှာ စက်ပစ္စည်း တစ်ချို့လည်း ပါသေးတယ်။ စုစုပေါင်းဆို ၂၃၀၀ ထက်မနည်းဘူး ရှိတယ်၊ သိပ်တော့ ဈေးမကြီးဘူးပေါ့ကွာ။ လှေသစ်ထက်စာရင်တော့ ဈေးအတော်တန်တယ် ပြောရမယ်၊ သူတို့ကလည်း အဲ့လှေကို ဝယ်ထားတာ သိပ်မကြာသေးဘူး၊ ဒီလိုကြီး ဖြစ်သွားလိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူး၊ တကယ်သနားစရာပဲ”
“ပင်လယ်မှာ ရှင်သန်ရတဲ့ ဘဝဆိုတာလည်း ဒီလိုပါပဲကွာ၊ အန္တရာယ်က ဘယ်ချိန်ရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ အဲ့တော့ ပိုက်ချလှေကို ဝယ်ပြီးသွားပြီဆိုတော့ ငါတို့ ရေပိုက်နက်မှာပဲ ကွန်ချမှာလား”
“ငါ့အဖေက ပုစွန်ဖမ်းဖို့ ရှန်ကျမန်ဆီ သွားချင်နေတာ။ ဒါပေမဲ့ ငါမှ မသွားချင်တာ။ အဲ့တော့ အရင်ဆုံး ငါတို့ ပိုက်နက်မှာပဲ ကွန်ချဖို့ စီစဉ်ထားတယ်၊ ငါ ရေဆာလာပြီကွာ။ အထဲဝင်ပြီး ရေတစ်ခွက်လောက် သောက်....”
ရီရောင့်သုန်းက သူ့ကို ပြန်ဆွဲချပြီး ;
“ကလေး တစ်ယောက်ကိုသာ ခိုင်းလိုက်ကွာ”
”အားဟိုက်ရေ၊ ရေ တစ်ခွက်လောက် ခပ်လာပေးပါဦး”
အော်ပြီးသည်နှင့် ရီရောင့်သုန်းက ဆက်၍လည်း ;
“ကိုယ့်မွေးရပ်မြေက ထွက်ဖို့ဆိုတာက တကယ်တော့ အဲ့လောက် မလွယ်ဘူး၊ မင်းက ပိုက်ဆံ အသုံးများတော့ အရင်ဆုံး ငါတို့ ကမ်းစပ်မှာပဲ ငါးဖမ်းပြီး ပိုက်ဆံ ပြန်စုတာ ပိုကောင်းတယ်”
အားကွမ် လည်ပင်းလေး ကုတ်ကာ အနည်းငယ်လေး စိတ်ဓာတ်ကျသွားသော်လည်း ဟန်မပျက်မျက်နှာဖြင့်သာ ;
“ငါလည်း အဲ့ဒါကို ပြောတာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဒီမှာ နေလာတာဖြင့် နှစ်ဆွေးနေကြပြီကို အကုန်လုံးနဲ့ ရင်းနှီးနေပြီးသား၊ တစ်နယ်တစ်ကျေးရောက်သွားရင် အန္တရာယ် ကင်းပါ့မလားဆိုတာက မသေချာဘူး”
ရီရောင့်သုန်းက သူ့ပုခုံးကို ပုတ်ကာ ;
“ကြိုးစားထား သားကြီး။ မင်း သေချာပေါက် ချမ်းသာမှာ"
“မင်းဆီက အကြံကောင်းလေးတွေ ငါ့ကို ဝေမျှအုံးပေါ့ သားကြီးရာ၊ လောလောဆယ်တော့ အချိန်အကြာကြီး စကားပြောနေရတာ ဘာလို့ ငါ့ကို အိမ်ထဲပေးမထိုင်ပြီး ရေတောင် မတိုက်ရတာလဲ”
အားကွမ်မှာ စကားပြောရင်းဖြင့် အကြိမ်ကြိမ် အိမ်ထဲဝင်ရန် ကြိုးစားသည့်တိုင် ရောင့်သုန်းက တံခါးပိတ်ရပ်သည်က တစ်မျိုး၊ သူ့ပုခုံးကို ဖက်ကာ သစ်ပင်ကြီးအောက် ပြန်ခေါ်သွားသည်က တစ်ဖုံဖြင့် အမျိုးမျိုး တားဆီးနေ၏။
လခွမ်းဟ ရေလေး ဆာလို့ ရေသောက်ချင်လို့ အိမ်ထဲဝင်ချင်တာကို ပိတ်ရပ်နေတာများ သူခိုးကို စောင့်ဖမ်းနေသလိုပဲ။
“အခန်းထဲက အရမ်းရှုပ်ပွနေလို့ပါကွာ၊ ဒီလောက် နေပူက ပူနဲ့ အိမ်ထဲ ဘာဝင်လုပ်အုံးမှာလဲ”
သူက ပြောရင်းဖြင့် အိမ်ထဲကိုလည်း လှမ်းအော်ကာ ;
”အားဟိုက်၊ ငါ မင်းကို ရေခပ်လာခိုင်းနေတာ မကြားဘူးလားကွ”
“ဘာတွေ အော်ဟစ်နေရတာလဲ။ စမ်းကောဘာသာဝင်ပြီး ခပ်လိုက်ပါလား။ အားဟိုက်က အိမ်သာတက်နေတယ်”
ရီဟွေ့မေက ဆံပင်စိုစိုများကို သဘတ်တစ်ထည်ဖြင့်ပတ်၍ ထွက်လာ၏။
အားကွမ်၏ မျက်လုံးများက လင်းလက်လာပြီး ခြေထောက်များကလည်း မနေနိုင်အောင် ရွှေ့သွားချင်မိသော်လည်း ရီရောင့်သုန်းက သူ့ကို ပိတ်ရပ်ထားကာ ;
“ပြီးပြီမလား။ ပြောပြီးရင်လည်း ပြန်တော့လေ”
အားကွမ်က စိုက်ကြည့်ကာ၊ သူ ဘာမှ မပြောရသေးဘူးလေ။
“ဘာလဲဟာ မင်းက၏ ငါက မင်းဆီ တကူးတကလာပြီး စကား လာပြောတာကို ပြောလည်း ပြီးသွားရော မင်းက ငါ့ကို မောင်းထုတ်နေတော့တာပဲ။ ရေလေး တစ်ငုံ၊ နှစ်ငုံလောက် ပေးသောက်ပါဦးဟ”
“အဝတ် ကိုက်ပြီး တံတွေး ပြန်မျိုချလိုက်၊ သွားလို့ရပြီ”
ငိုးဟ။
အိမ်တံခါးဝတွင် စားသောက်ကြပြီးနောက် လေညှင်းခံရန် ထွက်လာကြသည့် လူများ အပြည့်ဖြင့်၊ အားကွမ်မှာလည်း သူ၏ အမူအရာများကို သိသိသာသာကြီး မပြဝံ့ပေ။ မတတ်သာသည့်အဆုံး မအောင်မြင်ဘဲ လှည့်ပြန်ဖို့သာ တတ်နိုင်တော့ပြီး တိတ်တိတ်လေးသာ ကျိန်ဆဲနေလိုက်တော့သည်။
ရီရောင့်သုန်းလည်း စိတ်ကျေနပ်မှု အပြည့်ဖြင့် လှည့်ကာ အိမ်ထဲ ပြန်ဝင်လိုက်တော့သည်။ သူငယ်ချင်းက သူငယ်ချင်းပဲ၊ ဘာ ယောက်ဖတွေမှ မလိုချင်ဘူး။ သူ့ညီမလေးက အခုမှ နူးနူးညံ့ညံ့ဂေါ်ဖီထုပ်လေးပဲ ရှိသေးတာ။
လပြက္ခဒိန်တွင် ဂျူလိုင်လ၏ နောက်ဆုံးသောရက်လေး၊ စက်တင်ဘာလ တစ်ရက်နေ့ မစတင်သေးသည့် နေ့ဆိုလည်းမမှား သူတို့၏ အိမ်အကြမ်းထည်လေးက ပြီးသွားခဲ့သည်။
အဖေ ရီ ရှိ ရန်ပုံငွေမှာ အကန့်အသတ်နှင့်သာ ဖြစ်၍ တစ်ထပ် ဘန်ဂလိုလေးသာ ဆောက်ပေးနိုင်ခဲ့သည်။ သူတို့ ထပ်တိုး ဆောက်လိုလျှင် အုတ်ခဲကို ဝယ်ရတော့မည် ဖြစ်သည်။
“ဒီလို ပုံစံလေးဆိုလည်း မဆိုးပါဘူး၊ မင်းတို့ ပိုက်ဆံ ရှိတဲ့အခါကျတော့ နောက်တစ်ထပ်,ထပ်ထည့်ဆောက်ကြပေါ့၊ မင်းတို့ အဖေနဲ့ ငါက ကျွမ်းကျွမ်းကျင်ကျင် မရှိတော့လည်း ဒီလိုအိမ်လေးပဲ ဆောက်ပေးနိုင်တယ်”
“ရပါတယ်ဗျ၊ အဖေတို့၊ အမေတို့ကလည်း ပထမထပ်မှာတင် အခန်း နှစ်ခန်းပါကတည်းက နေဖို့လုံလောက်နေပြီ”
ရီရောင့်သုန်းမှာ အလွန်ကို ကျေနပ်နေ၏။ အိမ်ဒီဇိုင်းပုံစံမှာ ယခင် ဘဝကနှင့် တစ်ထပ်တည်း။ သူ့အတွက် လုံလောက်ကာ ကလေး နှစ်ယောက်က တစ်ခန်း၊ သူနှင့် သူ့ ဇနီးအတွက်က တစ်ခန်းဖြင့် အဆင်ပြေလှသည်ပင်။
ရီရောင့်ဖုန်ကလည်း ဝင်၍ ;
“ဟုတ်တယ်ဗျ၊ ပိုက်ဆံက နောင်အတွက် သုံးလို့ရအောင် သိမ်းထားလိုက်ရအောင်။ ပြီးတော့မှပဲ အပေါ်မှာ တစ်ထပ် ထပ်ဖြည့်ဆောက်လို့ ရနေတာပဲ၊ ဘာပဲဖြစ်ဖြစ် အခုက ကလေးတွေကလည်း ငယ်သေးတယ်”
ရီရောင့်ဟွာကလည်း သံယောင်လိုက်၍ ;
“ဟုတ်တယ်ဗျ”
“အင်း၊ ငါ ခန့်မှန်းရသလောက်ဆို ဩဂုတ်လခြောက်ရက်နေ့ကျရင် နေ့ခင်းဘက်လောက်ကျ ဒီရေတက်လာလိမ့်မယ်။ အဲ့ခါကျ အိမ်တိုင်တွေက တက်လာဦးမှာ ဘာပဲဖြစ်ဖြစ် အတူတူပဲဆိုတော့ ၂၀ ရက်နေ့ကျမှ အိမ်ပြောင်းကျ၊ အိမ်လည်း ပြီးကာစဆိုတော့ ရက်နည်းနည်းလောက် ပေးအခြောက်ခံလိုက်အုံး၊ လောလောဆယ် အိမ်ဆောက်တဲ့ ကုန်ကျစရိတ်ကို စာရင်း ချုပ်မယ်”
နိမိတ်ကောင်း ရက်ကောင်းအတွက် များသောအားဖြင့် လပြက္ခဒိန်၏ ခြောက်ရက်နေ့နှင့် ကိုးရက်မြောက်နေ့ကို ရွေးချယ်ကြကြီး အချိန်ကာ မွန်တည့်ချိန်နားကပ်၏။
အိမ်တိုင်များ အားလုံးကို မြေပြင်တွင်ကြိုတင်ပြုလုပ်ထားသောကြောင့် အလေးချိန် ကီလိုဂရမ်ရာနှင့်ချီ ရှိသော သစ်သားပိုင်းကို မ,တင် ကိရိယာမပါဘဲ လက်ဗလာဖြင့် မ,တင်ရသည်မှာ ခက်ခဲပြီး အန္တရာယ်များလှသည်။ နေ့ရက်နှင့် အချိန်ကိုရွေးချယ်ခြင်းက ကိုယ်ပိုင် လုံခြုံမှုရှိစေရန် ဆုတောင်းခြင်း လုပ်ငန်း တစ်မျိုးပင်။
သူတို့ကတော့ ရက်အနည်းငယ်သာ စောင့်ဆိုင်းလို၏။
“အဖေ၊ အဖေပဲ တွက်လိုက်ပါ....”
အဖေ ရီက လက်ကိုခါကာ ;
“ဒီမှာ ငါက ပိုက်ဆံ ပေးတယ်ဆိုပေမဲ့ မင်းတို့မှာလည်း ငါးဖမ်းလို့ရတဲ့ ဝေစုတွေ ရှိသေးတယ်၊ မင်းတို့ ဘယ်လောက် ရှာနိုင်ခဲ့လဲ၊ အိမ်ဆောက်တာက ဘယ်လောက် ကုန်ကျလဲဆိုတာ ငါက မင်းတို့ကို သေချာပေါက် အသိပေးမှာပါ”
အမေ ရီကလည်း; “အကြမ်းဖျင်းတော့ တွက်ထားပြီးသွားပြီ၊ ငါ ဒီမှာ စာရင်းတွေကို ချရေးထားတယ် မင်းတို့ကို တွက်ပြမယ်”
“ပြီးခဲ့တဲ့ အိမ်ဝိုင်းက ဖောင်ဒေးရှင်းအတွက်က တွက်ချက်ပြီးသားဆိုတော့ ထည့်ပြောမနေတော့ဘူး၊ အခု လက်ရှိ အိမ်ဝိုင်းက အိမ် သုံးလုံးရဲ့ကုန်ကျစရိတ်ကိုပဲ ပြောကြမယ်။ သဲက လွဲပြီး တခြား ကုန်တာတော့ မရှိဘူး၊ ပြီးတော့ လုပ်သားခ”
“ငါတို့က အလုပ်သမား ၁၃ ယောက်နဲ့ ဆရာ နှစ်ယောက်ကို ရက် ၅၀ စာ အလုပ်လုပ်ဖို့အတွက် ငှားထားတယ်၊ အလုပ်သမားတွေရဲ့လုပ်အားခက တစ်ရက်ကို ၁.၅ ယွမ်နဲ့ ဆရာတွေရဲ့ လစာက တစ်ရက်ကို ၂.၃ ယွမ်၊ တစ်ရက် အားလုံးပေါင်း လုပ်အားခက ၂၄ ယွမ်နဲ့ ၁၀ ဆင့်၊ ရက် ငါးဆယ်စာအတွက် စုစုပေါင်း ၁၂၀၅ ယွမ်၊ ကျောက်တုံးတွေနဲ့ မြေကို တောင်ပေါ်နဲ့ စမ်းချောင်းက ယူထားတယ်၊ သဲနဲ့အုတ်ကျွတ်အတွက်ပဲ ပိုက်ဆံကုန်ပြီးတော့ ဒါက ၂၇၀ ယွမ်၊ ပင်လယ်စာတွေနဲ့ ဟင်းသီးဟင်းရွက်တွေအတွက်က မကုန်ပေမဲ့ ဆန်နဲ့ ခေါက်ဆွဲအတွက်က ပြီးခဲ့တာ နှစ်လကတည်းကဆိုတော့ ယွမ် ၂၁၀၊ အားလုံးပေါင်း ၁၈၃၅ ယွမ် ကုန်တယ်”
“နည်းနည်း_နည်းနည်းနဲ့ ကုန်ရတာတွေ ရှိသေးတော့ ၁၈၅၀ ယွမ်အတိ ထားလိုက်”
“ပြီးခဲ့တဲ့ နှစ်လက ကွန်ဆွဲတာက ရွှေငါးပုတ်သင်ကြီးက အဓိကရလာခဲ့တယ်။ ပြီးတော့ ပြီးခဲ့တဲ့ ရက်ကပဲ ကော့ဒငါးကြီးနဲ့ဆိုတော့ အဲ့အတွက်က ၁၇၀၀ ယွမ် ရပြီ...”
ထိုအသံကို ကြားသည်နှင့် ရှိနေကြသည့် လူတစ်ချို့၏ မျက်လုံးများက တောက်ပ ဖြာထွက်ကုန်၏။
အမေ ရီက ဆက်၍လည်း ;
“ဒီရက်တွေ အတွင်းမှာ နေ့တိုင်း ကွန်မဆွဲနိုင်ပေမဲ့ ကောင်းတဲ့အခါလည်း ရှိသလို၊ သာမန်ပဲ ရတဲ့ အချိန်လည်း ရှိတယ်၊ အဲ့တာတွေ အကုန် ရောင်းရငွေက ၈၆၀ ယွမ်။ ဒါပေမဲ့ ဒီဇယ်ဆီအတွက်က ၂၃၀ ယွမ်နဲ့ စက်ပြင် စရိတ်က ၈၅ ယွမ်။ အဲ့တော့ ၅၄၅ ယွမ် ကျန်မယ်..”
အခြားသော မိသားစုများနှင့် ယှဉ်လျှင်တော့ သူတို့မိသားစုက ကံကောင်းလှသည်ဟု ဆိုရမည်။ သူတို့၏ စာရင်းအရဆိုလျှင် နှစ်လတည်း ကွန်ဆွဲရာဖြင့် ဤမျှ ငွေပမာဏကြီး ရနိုင်ကြမည် မဟုတ်ပေ။
“အားလုံး ပေါင်းဆို ငါးတွေ ရောင်းရတာက ၂၂၄၅ ယွမ်၊ အိမ်စရိတ်ဖို းနှုတ်လိုက်ရင် ၄၀၀ ယွမ် ကျန်ဦးမယ်”
အမေ ရီမှာ ပညာမတတ်သူ ဖြစ်သော်ငြားလည်း စာရင်းအင်း တွက်ချက်ရာတွင် သူ(မ)တွင်လည်း သူ(မ) နည်းလမ်းဖြင့်ပင်။ သူ(မ)က ကိန်းဂဏန်းများကို အဝိုင်းများ၊ ကြက်ခြေခတ်များဖြင့် ရေးခြစ်ရေးမှတ်ထားပြီး တစ်ခုချင်းစီကို အသေးစိတ်မှတ်မိ၏။
အမေ ရီ၏ တွက်ချက်မှု ပြီးသွားသည်နှင့် အခန်းမှာ ခဏတာ တိတ်ဆိတ်သွားပြီး သူ့ကို ငါ ကြည့်၊ ငါ့ကို သူ ကြည့် ဖြစ်ကုန်ကြသည်။ သို့သော် ရီရောင့်သုန်းကတော့ အသံ တစ်သံ မထွက်ချေ။
“အိမ်ဆောက်ပေးတာနဲ့တင် လုံလောက်နေပါပြီ၊ ကျန်တဲ့ ပိုက်ဆံတွေကို အမေတို့ပဲ သိမ်းထားလိုက်ပါ၊ နောက်ရက် နည်းနည်းနေရင် အိမ်တိုင်တွေစိုက်တဲ့အခါကျ အလုပ်သမားတွေ ခေါ်ရင် ဝိုင်နဲ့ဧည့်ခံပေးရဦးမှာ။ အုတ်ကျွတ်တွေက မခင်းရသေးဘူးဆိုတော့ လုပ်အားခကလည်း ပေးဖို့လိုသေးတယ်”
“အင်း၊ ပိုးထည်နဲ့ မြေပဲသကြားလုံးတွေလည်း ဝယ်ရဦးမယ်”
အမေ ရီက ပြောပြီးသည်နှင့် အဖေ ရီကို ကြည့်ကာ အဖေ ရီက ဆေးတံကို သောက်နေရင်းဖြင့် ;
“ငါ မင်းတို့အမေနဲ့ တိုင်ပင်ကြည့်ပြီးသွားပြီ၊ မိသားစုထဲမှာ ခွဲစရာဆိုလို ဘာထွေထွေထူးထူးမှ မရှိဘူး၊ မင်းတို့နဲ့ အားလုံးယူသွာ ပန်ကန်လုံးနဲ့ တူတွေက အစ”
“ပြီးတော့ ကျန်တဲ့ ပိုက်ဆံထဲကနေလည်း မင်းတို့အားလုံး ဘဝ အသစ်စဖို့အတွက် တစ်ယောက်ကို ယွမ် ၅၀ စီ ခွဲပေးမယ်၊ မင်းတို့ အိမ်အတွက် လိုအပ်တာ ဘာညာက မင်းတို့ဘာသာ မင်းတို့ စဉ်းစားဆုံးဖြတ်ကြပေါ့၊ တခြား ဘာမှတော့ မှာစရာမရှိတော့ဘူး။ မင်းတို့ရော ဘာပြောစရာ ရှိသေးလဲ”
“အဖေ၊ အဖေတို့က ကျွန်တော်တို့အတွက် အိမ်ကိုဆောက်ပေးထားပြီးပြီပဲ။ ပိုက်ဆံတွေ ခွဲပေးနေဖို့ မလိုပါဘူး”
“ဟုတ်တယ် အဖေ၊ အဖေလည်း အကြာကြီး အလုပ်လုပ်ထားခဲ့ရတာ။ ကျန်တဲ့ ပိုက်ဆံတွေကို အဖေ့ဘာသာပဲ သိမ်းထားလိုက်ပါ”
“ကျွန်တော်တို့ လက်ထဲမှာလည်း သုံးဖို့ ပိုက်ဆံက ရှိနေသေးပါတယ်၊ ဝယ်ဖို့ လိုအပ်တာ တစ်ခုခု ရှိလာရင်လည်း ကျွန်တော်တို့ဘာသာ ကျွန်တော် စိုက်မှာပါ”
ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာက တစ်ယောက်ပြီး တစ်ယောက် ပြောလာကြသည်။
ရီရောင့်သုန်း အရင်ကတည်းက ပြောထားပြီးပြီ ဖြစ်ရာ ယခုတွင် တိတ်ဆိတ်နေလိုက်၏။ မည်သို့ဆိုစေ သူ၏ ယခင်ဘဝကတည်းက သူ့တွင် ဘာဝင်ငွေမှ မရှိ၊ အိမ်ဆောက်ပြီးနောက်တွင် အဖေ ရီနှင့် အမေ ရီတို့အား ပေးရမည့် အကြွေးလေး တစ်ချို့ပင် ရှိနေသေး၏။
“ပိုက်ဆံက မကျန်တော့ရင် ဘာမှမဖြစ်ဘူး၊ ကျန်နေသေးတယ်ဆိုတော့ စည်းစနစ်ကျဖို့ လိုတယ်။ တစ်ယောက်ကို ယွမ် ငါးဆယ်စီ ရမယ်။ ကျန်တာကိုတော့ ငါတို့ ယူထားမယ်”
အမေ ရီက ဆက်၍လည်း ;
“မင်းတို့ညီမလေးက တဖြည်းဖြည်း အရွယ်ရောက်လာပြီ။ မကြာခင်ဆိုပဲ လက်ထပ်ရတော့မှာ။ သူအတွက် ငါတို့ ပေးဖို့ လိုသေးတယ်၊ သူ့အစ်ကိုတွေနဲ့ ယောင်းမတွေ ဖြစ်တဲ့ မင်းတို့က ဘာလုပ်သင့်လဲဆိုတာ စဉ်းစားပြီး တစ်ခုခု ပေးသင့်တယ်”
“အမေ၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူမနေပါနဲ့၊ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ သူ့ယောင်းမတွေက သေချာပေါက် ခန်းဝင်ပစ္စည်းတွေကို ဖြည့်ပေးမှာပါ”
“အင်း၊ အဲ့ကိစ္စအတွက်က မင်းတို့ဆီက နောက်မှပိုက်ဆံ ယူမယ်၊ အဲ့ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်တော့မယ်၊ ဒီရက်ပိုင်းတော့ ငါတို့ မိသားစု အတူတူ လက်ဆုံ စားသောက်ကြတာပေါ့၊ အိမ်တိုင် စိုက်ပြီးသွားတဲ့အထိ စောင့်ပြီးမှ အိမ်ပြောင်းဖို့ ပြင်ဆင်ကြပေါ့၊ အဲ့ကိုပြောင်းသွားပြီရင်လည်း အိုးတွေ ဒယ်တွေလည်း ထပ်ပြီး ဝယ်ကြအုံး”
အမေ ရီက ပြောပြီးသည်နှင့် သူ(မ)က မနေနိုင်တော့ဘဲ အိမ်ထဲသို့ ဝင်ကာ ပိုက်ဆံသွားယူလေသည်။
မိသားစုတိုင်းက ယွမ် ငါးဆယ်ဆီ လက်ခံယူပြီး တီးတိုးတီးတိုးဖြင့် ပျော်ရွှင်စွာ အိမ်ပြန်သွားကြသည်။
ရီရောင့်သုန်းနှင့် လင်းရှို့ချင်းတို့လည်း အိမ်ကိုပြန်ကြလေသည်။
လင်းရှို့ချင်းက လက်ထဲတွင် ပိုက်ဆံကို ကိုင်ထားဆဲဖြစ်ပြီး ခံစားချက်ပါပါဖြင့် :
“ကျွန်မတို့ မိဘတွေက အရမ်း ကြင်နာတာပဲ၊ သူများ မိသားစုတွေ အိမ်ခွဲကြရင် တူ နဲ့ပန်းကန်လောက်ပဲ ခွဲပေးကြတာ၊ သူတို့မှာ ပိုက်ဆံ အများကြီး ရှိမနေတာတောင် ကျွန်မတို့ကို ယွမ် ၅၀ စီ ခွဲပေးလိုက်သေးတယ်”
“ငါ့မိဘတွေ ကောင်းမှန်းသိရင် နောက်ဆို သူတို့ကို ပိုကောင်းပေးပေါ့”
သူ(မ)က သူ့အား စိတ်ဆိုးစွာ စိုက်ကြည့်ကာ ;
“ရှင် မပြောရင်တောင် ကျွန်မက မသိဘဲနေမလား”
“ငါတို့ မိသားစုမှာ ပိုက်ဆံ ဘယ်လောက် ရှိသွားပြီလဲ”
“၁၀၀၀ ကျော်ကျော်ပေါ့”
“နည်းလိုက်တာ”
သူ သူ(မ)အား ပြီးခဲ့သည့် နှစ်လအတွင်း ယွမ် ၇၀၀ ကျော်နီးပါးကို တစ်ခါပြီး တစ်ခါ ပေးခဲ့သော်လည်း၊ သူ့ပိုင်ဆိုင်မှုတွေ အားလုံးက ၁၀၀၀ ကျော်ကျော်လေးပဲ ရှိတာတဲ့လား။
“မဟုတ်ရင်ရော ကျွန်မတို့မှာ ဘယ်လောက်ရှိတယ်လို့ ရှင်က ထင်နေတာလဲ။ ကျွန်မတို့ လက်ထပ်ထားတာ ငါးနှစ် ရှိသွားပြီ။ နေဖို့ စားဖို့က ရှိပေမဲ့ နေ့စဉ်အသုံးစရိတ်နဲ့ တစ်ကိုယ်ရေး အသုံးစရိတ်က ရှိသေးတယ်၊ မဟုတ်ရင် ကျွန်မသာ စာရွက် မဝယ်ပေးရင် ရှင် အိမ်သာသွားတဲ့အခါကျ ဝါးခြမ်းပြားကို သုံးနေရမှာ”
အာ...ဒါထိတော့ ပြောဖို့ မလိုဘူးနဲ့ တူတယ်။
သူက ပြောပြီးသည်နှင့် စဉ်းစားမိသည်မှာက သူ ဇွန်လ အစောပိုင်းတွင် ပြန်လည်မွေးဖွားလာခဲ့ကြောင်း။ သူ အိမ်သာသို့ သွားစဉ် အိမ်သာထဲတွင် စက္ကူ ရှိလိမ့်မည်လို့ ထင်ထားသော်လည်း ထောင့်နားတွင် ဝါးခြမ်းပြားလေးတွေသာ ရှိနေတာ.....
“ပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ သတို့သမီးတင်တောင်းကြေးနဲ့ ဒီနှစ်လက လွဲလို့ အရင်တုန်းက ရှင် ကျွန်မကို ပိုက်ဆံ ဘယ်နှခါများ ပေးဖူးလို့လဲ၊ ကျွန်မဆီမှာ ရှိတဲ့ ပိုက်ဆံတွေ အားလုံးက ကျွန်မကွန်ရက်ပြီး စုဆောင်းထားတဲ့ ပိုက်ဆံတွေ”
“အေးပါကွာ အေးပါ...ငါ မှားပါတယ်။ ငါ မှားပါတယ်။ ငါ ဒီလိုမေးခွန်းမျိုး မမေးလိုက်သင့်ဘူး၊ ငါ နောင်ကျရင် ပိုက်ဆံ သေချာရှာပါ့မယ်”
ရီရောင့်သုန်းမှာ သူ(မ)၏ တွက်ချက်မှုများအား ကြားရမည်ကိုပင် ရှက်လွန်းလှကာ ခွင့်လွှတ်ပေးရန်သာ အသနားခံရတော့သည်။
လင်းရှို့ချင်းလည်း အတိတ်က အရာများနှင့် ပတ်သက်ပြီး သူ့ကို အလွှတ်မပေးချင်ပေ။ ထို့ကြောင့်လည်း အစပြန်ဖော်ကာ ပိုက်ဆံ အားလုံးကို သိမ်းထားလိုက်ပြီး အိမ်သန့်ရှင်းရေး လုပ်နေလိုက်သည်။
