Chapter 93

1.6K 150 0
                                    

အပိုင်း (၉၃)


နောက်တစ်နေ့ နံနက်တွင် အမေ ရီက ချက်ပြုတ်ရန် စောစောစီးစီး ထချိန် ထင်းပုံနား ဂုန်နီအိတ်တစ်လုံးကို တွေ့လိုက်ရပြီး ဖွင့်ကြည့်ရာ ပုရစ်များကို တွေ့လိုက်ရသဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုလိုက်တော့သည်။

"တကယ်ပါပဲကွယ်။ ၂၅ နှစ်ပဲ ရှိနေပြီ ခုထိ ကလေးလိုနေ,နေတုန်း၊ အလုပ်လုပ်တာနဲ့တင် မပင်ပန်းဘူးလား မသိဘူး"

သူ(မ)ဘာသာ သူ(မ) တစ်ယောက်တည်း ရေရွတ်ပြောဆိုနေရင်း အရုဏ်ကျင်းသည်နှင့် ပုရစ်အိတ်ကိုယူပြီး ဆေးကြောကာ နေ့ခင်းတွင် ကြော်ရန် စီစဉ်လိုက်ပြီး သူ(မ)၏ မြေးငယ်လေးများအား ကျွေးရန် ဖယ်ထားလိုက်သည်။

အစောကြီး နိုးလာကြသည့်ကလေးများမှာ ပုရစ်ကိုမြင်သည်နှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။ စိတ်ထဲတွင်လည်း တွေးနေသည်မှာက သူတို့လည်း ညကျရင် သွားဖမ်းရမယ်။

"တော်တော် ပျင်းနေကြတယ် ဟုတ်လား။ သွား၊ အဲ့ဒီမှာ သွားပြီး ခြင်အကိုက်ခံလိုက်ကြ"

"ရတယ်၊ သားတို့ မကြောက်ဘူး။ ဦးလေး သုံး၊ သားတို့ကို ညကျရင် ခေါ်သွား"

"ငါ့ပုံစံက အားနေတဲ့ပုံ ပေါ်နေလား"

"တော်တော် မအားရှာဘူးဆိုတော့၊ မဟုတ်ရင် ညကြီးမင်းကြီး ဘယ်သူက ဒါလေး ဖမ်းဖို့အတွက်နဲ့ ခြင်စာ သွားကျွေးမှာလဲ။ အိမ်က ဆီ အလကား ကုန်အောင်လို့"

ဘေးဘက်ရှိ အမေ ရီက ဒေါသထွက်စွာဖြင့် ပြောဆိုလာပြန်တော့၏။

ဒါက အမှန်တကယ်ကို အချိန် ဖြုန်းနေခြင်းပေ။ ရီရောင့်သုန်းက သူ့နှာခေါင်းသူ ထိလိုက်ပြီး သူ့အမေကို ပြန်ပြောမနေတော့ဘဲ ပုံး နှစ်ပုံနှင့် ထမ်းပိုး တစ်ချောင်း ဆွဲကာ ထွက်လာခဲ့လိုက်တော့သည်။

"နင် ဘာလုပ်ဦးမလို့လဲ။ မနက် အစောကြီး ထမ်းပိုးတွေ ပုံးတွေနဲ့ ဘယ်သွားဖို့ လုပ်နေတာလဲ။ ခဏနေဆို ငါက အလုပ်သွားတော့မှာ၊ နင်ဟာလေ၊ တစ်ရက်၊ နှစ်ရက်ပဲ လိမ္မာတယ်။ ခုကြည့်၊ လျှောက်သွားဖို့ ကြံနေပြန်ပြီ...."

"မနေ့က ကျွန်တော် မြေလှောင်ပိုက်ကို ကန်ထဲ သွားချဖို့ ယူသွားတယ် မဟုတ်ဘူးလား၊ အဲ့ဒါ ငါးတွေသွားသိမ်းရင်းနဲ့ ပိုက်ပါ တစ်ခါတည်း ပြန်ယူလာမလို့"

"နေ့တိုင်း သွားပဲ သွားနေ....."

အိမ်ထဲက ထွက်လာပြီးနောက်တွင်တောင် သူ့အမေ၏ ဆူပူကြိမ်းမောင်းသံကို ကြားနေရဆဲဖြစ်သည်။ ရီရောင့်သုန်း တစ်ယောက် မကြားချင်ယောင်သာ ဆောင်ပြီး လမ်းပေါ်လျှောက်လာပြီး အသိများ တစ်ယောက်ပြီး တစ်ယောက် တွေ့လိုက်ရ၏။ ကျေးလက်နေသူများက စောစော ထလေ့ရှိကြပြီး သူတို့ သူ့ကို နှုတ်ဆက်လာချိန်တွင် သူကလည်း ပြန်ပြုံးပြကာ နှုတ်ဆက်လိုက်၏။ အားလုံးက သူ မည်မျှ ကြိုးစားကြောင်း ပြောဆို ချီးမွန်းသွားပြီး ပုံးများနှင့် မနက် စောစောစီးစီး ဘယ်ကိုသွားမလဲကို မေးမြန်းလာကြသည်။

သူက တစ်ကြောင်းတည်းဖြင့်သာ ပြန်ဖြေပြီး သူ့တွင် အရေးကြီး လုပ်စရာ ရှိနေသည့်အတိုင်း လျစ်လျူရှုထားလိုက်သည်။

သို့သော် အနည်းငယ် ဝေးဝေးလျှောက်ပြီးနောက်တွင်တောင် သူ အရွယ် ရောက်လာပြီးဖြစ်ကြောင်း၊ မိသားစုကို မည်သို့ ကူညီပေးကြောင်း ပြောသံများကို ကြားနေရဆဲဖြစ်သည်။

ဟိုမိသားစုရဲ့ကလေးကလေ ဘာဖြစ်တယ်....

ကျေးရွာဘက်များတွင် လူတိုင်းက အားလုံးကို သိနေကြ၏။ မိသားစု တစ်ခုတွင် တစ်ခုခု ဖြစ်ပျက်သွားလျှင် ထိုသတင်းမှာ ရက်အနည်းငယ်အတွင်း တစ်ရွာလုံး ပျံ့သွားမည် ဖြစ်ပြီး မည်သူကမှ အပြောခံရမည်ကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။

အားသုန်း တစ်ယောက် လမ်းတစ်ဝက်တွင် အားကွမ်နှင့် ဆုံလေ၏။

အားကွမ်က ရီရောင့်သုန်း အနောက်ရှိ လမ်းကို အကွာအဝေး တွက်ကြည့်နေသည့်အလား တမျှော်မျှော်ဖြင့် နောင်တရစွာ လှမ်းကြည့်လိုက်၏။

"မင်းက ဘာလို့ ဒီလောက်တောင် အစောကြီး နိုးနေရတာလဲ"

"ငါကသာ မင်းကို မေးရမှာ၊ ဘာလဲ အခု နောက်ပိုင်း မင်းရောပဲ၊ အလုပ်တွေ ကြိုးစားချင်နေပြီပေါ့"

မသိသူများသာဆိုလျှင် အားကွမ်ကို ပြန်လည် မွေးဖွားလာသည်လို့ပင် ထင်ကောင်း ထင်နိုင်ပြီး အတွေးခေါ်တွေ ပြောင်းပြီး၊ ဘဝသစ် စတော့မည်ပုံနှင့်။

အားကွမ်က ရိုးသားချင်ယောင်ဆောင်ပြီး :

"မဟုတ်ပါဘူး၊ ငါက ညီအစ်ကိုကောင်း မဟုတ်ဘူးလား။ အဲ့ဒါကြောင့် မင်းကို ပိုပြီး ကူညီပေးချင်လို့လေ၊ ပြီးတော့ မြေလှောင်ပိုက်တွေကို မင်းတစ်ယောက်တည်း လုပ်စရာ မလိုပါဘူးကွာ၊ ငါ့ကိုပြောလိုက် ငါက ကူညီဖို့ အဆင်သင့်ပဲ"

ရီရောင့်သုန်းက ပြုံးပြီး သူ့ ပုခုံးပေါ် လက်လှမ်းတင်ကာ :

"မင်းမှာ အသိစိတ် ရှိသေးတာပဲ၊ သွားစို့၊ ငါးတွေ ရလာရင် ထုံးစံအတိုင်း မင်း အိမ်မှာ အရင်ထားမယ်"

"ငါ လှည်းငှားလာခဲ့တယ်၊ ရေပုံး နှစ်ပုံးရော ယူလာခဲ့တယ်၊ မင်းရော အိမ်မှာ ပုံးတွေ သွားပြန်ယူချင်သေးလား"

သူ ထိုစကား ပြောလိုက်စဉ် မျက်လုံးများက မှိတ်တုတ် မှိတ်တုတ်လေး ဖြစ်လာ၏။

"တော်ပြီ၊ ငါတို့ ဒီကို ရောက်လာနေပြီပဲ။ ပြီးတော့ အိမ်ပြန်ရင် အချိန်က ကုန်အုံးမယ်၊ မင်းမှာ လှည်းပါပြီးသားဆိုတော့ မင်းထဲပဲ ထည့်လိုက်တော့မယ်"

"အို့"

အားကွမ် ; အိမ်ပြန်ယူလည်း အဲ့လောက် မဝေးပါဘူးဟ။

"သွားရအောင်လေ။ ဘာတွေ နောက်တကြည့်ကြည့်ဖြစ်နေတာလဲဟ။ ဘာလဲ၊ ကောက်ဖို့ ရွှေတုံးတွေ ဘာတွေများ တွေ့လို့လား"

အားကွမ်က ;

"ရော့၊ မင်း တွန်း၊ ငါ မတွန်းတော့ဘူး။ လှည်းကို ငှားလာပေးတာ၊ ငါ့ တာဝန်ပြီးပြီ"

ငါသာ ကြိုသိလို့ကတော့ စောစောစီးစီး ဒီလောက်အားစိုက်မထုတ်နေဘူး။

"ညီအစ်ကိုကောင်းရေ၊ အတူတူ တွန်းကြမယ်လေ"

"မတွန်းဘူး၊ မြန်မြန် သွားမယ်၊ ပုခုံးကို လာလာ မဖက်နဲ့ဟ၊ ယောင်္ကျား ရင့်မားကြီး နှစ်ယောက်က ဘယ်လိုပုံစံမျိုး ပေါက်နေမယ် ထင်လဲ"

"ငိုးဟ။ မင်းက အမျိုးမျိုးပါလားဟ၊ ခုနလေးကတင် ဘာတဲ့၊ ညီအစ်ကိုကောင်းဆို"

ရီရောင့်သုန်းမှာ နားမလည်နိုင် ဖြစ်သွားရသည်။ သည်ကောင်က သူ့မိန်းမထက်တောင် အပြောင်းလဲမြန်ချက်။ အခုလေးတင် အဆင်ပြေနေပြီးတော့။

အားကွမ်က မျက်စောင်းထိုးကာ ;

"မြန်မြန်လုပ်၊ နောက်ကျသွားရင် သူများ ငါတို့ဟာတွေ ယူသွားဦးမယ်"

"ကျီးကန်း ပါးစပ်နဲ့"

နှစ်ယောက်သားက ခြေလှမ်းကို အရှိန်အမြန်တင်လိုက်ကြပြီး လှည်းကို တွန်းကာ သုတ်ခြေတင်ကြတော့သည်။

သူတို့ မနေ့က ကွန်ထားထားသည့် နေရာကို ရောက်ချိန်တွင် မည်သူမျှ ထိုနေရာတွင် ရှိမနေချေ။

မနက် အစောကြီး သူတို့ နှစ်ယောက်ပဲ တကယ် ထလာကြတာ။ ဟိုကောင်တွေက တော်တော် မယုံရတာပဲ။

အားကွမ်က သူတို့ကို ကျိန်ဆဲနေတော့သည်။ ငါ သိနေတယ်၊ ဒီကောင်တွေ ထလာမှာ မဟုတ်ဘူးဆိုတာ။

"ပြောမနေနဲ့တော့၊ ကွန်လေးပဲဟာ၊ လူ အများကြီးလည်း မလိုပါဘူး၊ သူတို့ မထနိုင်လည်း ကိစ္စမရှိဘူး"

ရီရောင့်သုန်းက ပြောရင်းဖြင့် ကြိုးကို ဖြည်လိုက်ပြီး ဆွဲကြည့်လိုက်ချိန် ကွန်က အလွန်လေးနေသည်ကို သတိထားမိလိုက်သည်။

"အဲ့ဒါကို အသာထား၊ ဒီကိုလာပြီး ငါ့ကို အရင်ကူပေးဦးဟ၊ အရမ်း လေးတာပဲ။ ကျင်း ရာကျော်လောက်ရှိမယ်"

"တကယ်ကြီးလား။ တစ်ညတည်းနဲ့တင်လေ"

အားကွမ်က ပြောရင်းဖြင့် အပြေးရောက်လာ၏။

သူက ခေါင်းကုတ်လိုက်ပြီး ဆွဲကြည့်ကြည့်ကာ၊ တကယ်ကို လေးလှကြောင်း နားလည်လိုက်သည်။ အားကွမ် တစ်ယောက် ဝမ်းသာအံ့ဩ ဖြစ်သွားရသည်။

"ကွဲတောင် ကွဲထွက်သွားလောက်တယ်ဟ"

နှစ်ယောက်သားက ငါးပိုက်ကွန်ကို အတူ ဆွဲတင်ကြရင်း မြစ်ရေက ပိုပိုပြီး နောက်လာ၏။ သူတို့ ပိုက်ကို အနည်းငယ် ဆွဲယူလိုက်သည်နှင့် ကွန်ထဲတွင် ကျောက်ပုစွန်များကို တွေ့လိုက်ရသည်။ ထို့အပြင် ငါး၊ ပုစွန် အမျိုးစုံပင်။

"လခွမ်းဟ။ တစ်ညတည်းနဲ့ ဒီလောက် အများကြီး"

ရီရောင့်သုန်း အံ့အားသင့်သွားတော့သည်။ အနီးအနားရှိ ကျေးရွာများမှ လူများက ပင်လယ်ထဲတွင် ငါးဖမ်းရခြင်းကိုသာ နှစ်သက်ကြပြီး မြစ်အတွင်းရှိ ဒေသငါးများ ဖမ်းရသည်ကိုတော့ သာမန်မျှသာပင်။ မြစ်ထဲတွင် ငါးအတော်များများရှိနေလိမ့်မည်ဆိုတာ သူ သိနေသည့်တိုင် ဤမျှများပြားလိမ့်မည်လို့တော့ မမျှော်လင့်ထားပေ။ ငါးတွေ အများကြီး ထွက်လာတယ်ဟ။

ကျောက်ပုစွန်၊ ငါးသလဲထိုး၊ ငါးကြင်းမြီးကွက်၊ မြက်စားငါးကြင်း၊ ငါးကြင်းဖြူ နှင့် ငါးခူများ အရွယ်အစား အမျိုးမျိုးဖြင့် ရှိနေပြီး ပုစွန်တုပ်များအပါအဝင်၊ မြက်စားငါးကြင်းက အကြီးဆုံးပင်။

"ကုန်းလိပ်လည်း ပါသေးတယ်ဟ"

အားကွမ်က ပျော်ရွှင်စွာဖြင့် လက်များကို ပွတ်လိုက်ပြီး ;

"နောက်ဆုံးတော့ မနက်ခင်းစောစော ထလိုက်ရတာ အလကား မဖြစ်ဘူးပဲ၊ ပင်လယ်လိပ်တော့ မစားနိုင်ပေမဲ့ ကုန်းလိပ်ကိုတော့ စတူးလုပ်စားရမယ်"

"မင်းမှာ မိန်းမ မရှိဘူးလေ၊ အသာလုပ်ပါ သားကြီးရာ။ နှာခေါင်း သွေးတွေပါ လျှံထွက်လာဦးမယ်"

"ဘာမှပူမနေနဲ့၊ မကြာခင် ရလာလောက်တော့မှာ"

ရီရောင့်သုန်းကို သူ့ကို ကြည့်လိုက်ပြီး ;

"အဲ့လောက်တောင် မြန်သလား"

အားကွမ်က ရယ်ကျဲကျဲဖြင့်သာ၊ ထို့ထက်လည်း သူ ပိုမပြောရဲပြီး ခေါင်စဉ်ပြောင်းလိုက်ကာ :

"ငါ အပိုယူလာတဲ့ ပုံးအပို နှစ်လုံးတောင် မလောက်လောက်ဘူး ထင်တယ်၊ အရင်ဆုံး ဒီဟာကို လှည်းထဲ ထည့်လိုက်ရအောင်လား။ ပြီးရင် အိမ်ပြန်ယူသွားပြီး အရင် ခွဲလိုက်ရအောင်။ နောက်ကွန်ကလည်း သေချာပေါက် များလောက်မှာ"

"အိုခေ၊ ဒါကို အရင် ဆွဲအုံး"

"လခွမ်း၊ အတော် လေးသား"

သူတို့ လှည်းထဲ ဆွဲတင်လိုက်ကြချိန်တွင် တစ်ကိုယ်လုံးပင် ထုံကျဉ်လာရသည်။

မြေလှောင်ပိုက် တစ်ခုလုံးက လှုပ်ရမ်းနေသည့် ငါးများနှင့် တွားသွားနေသည့် ကျောက်ပုစွန်များဖြင့် ပြည့်နှက်နေ၏။

"ငါ အပျင်းကြီးပြီး ထမ်းပိုး မယူလာချင်ခဲ့လို့ လှည်းတစ်စီး ငှားလာခဲ့လိုက်တာ အတော် အဆင်ပြေသွားတယ်၊ ဪ၊ ဒါနဲ့ မင်း ဘယ်လိုပြန်သယ်မလဲ"

"ဘာအရေးမှတ်လို့။ ထမ်းပိုး တစ်ဖက်ချက်စီမှာ ချည်ပြီး ဖြည်းဖြည်းချင်း ထမ်းရုံပဲပေါ့"

"အေး၊ ဒါဆို ငါ မင်းအတွက် လှည်းကို တွန်းပေးမယ်။ ထားပါ။ မင်းအိမ်ထိ တွန်းသွားလိုက်မယ်"

ရီရောင့်သုန်းက မျက်မှောင်ကြုတ်ပြီး ;

"ဘာလို့ ငါ့အိမ်ထိ သွားမှာလဲ။ ငါ့အိမ်က လူများပါတယ်ဟ၊ သူတို့ဘာသာသူတို့ မင်းအိမ် လာပြီး သယ်ပါလေ့စေ"

"မင်းအိမ်က လူ များလွန်းလို့‌ပဲလေ၊ အဲ့ဒါကြောင့် မင်းအိမ်ကို အရင် ယူသွားလိုက်ရင် မင်း နည်းနည်းကြာကြာနေလို့ရတာပေါ့"

သူက လက်ခံရန် တွန့်ဆုတ်နေမိပြီး :

"ဒါလည်း အဆင်ပြေသားပဲ"

ပန်းတိုင် ရောက်သွားသည်နှင့် အားကွမ် တစ်ယောက် စိတ်ရွှင်လာလေပြီး ;

"ဒုတိယ ကွန်မှာ လိပ် တစ်ကောင် ရှိနေတာ ငါ မြင်လိုက်တယ်၊ ငါတို့က လူ အများကြီးနဲ့ဆိုတော့ ညကျရင် စတူး ချက်စားလိုက်မယ်၊ မဟုတ်ရင် လိပ်တစ်ကောင်တည်းနဲ့ ဟိုမလောက် ဒီမလောက် ဖြစ်နေဦးမယ်၊ ကျောက်ပုစွန် တစ်အိုး ချက်လိုက်မယ် ပြီးရင် ငါးနှပ် တစ်ပန်းနဲ့ ငါးသလဲထိုး တစ်ပန်းကန်လုံးဆို ငါတို့ အကုန်လုံးအတွက် လုံလောက်ပြီ"

ရီရောင့်သုန်းက ပြုံးရင်းဖြင့် ;

"အေးပါကွာ၊ ဟုတ်ပါပြီ‌၊ နောက်မှ ညစာစားမဲ့အကြောင်း ဆက်ပြောကြမယ်၊ ကျန်တာက ငါတို့အကုန်လုံး ဝေမျှယူကြမှာပဲလေ၊ နောက်ရက်နည်းနည်းလောက်နေရင် ထပ်လာကြတာပေါ့"

ဤသည်မှာ သူတို့လို ကျေးလက်နေသူများ၏ တစ်ခုတည်းသော ဝါသနာလေးပင်။




၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now