သူ ဆိပ်ခံဆီ မြေလှောင်ကွန်များ ရွှေ့နေချိန်တွင် အားကျန်းနှင့် အသေးလေးတို့လည်း ကမ်းစပ်ဘက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်က သူ့ကို တွေ့သည်နှင့် တစ်ယောက်က သူ့လည်ပင်းကို ဖမ်းချုပ်ကာ နောက်တစ်ယောက်က သူ့ဗိုက်ကို အကြိမ်ကြိမ်ထိုးဟန်ဆောင်ပြီး
“ငိုး နောက်ဆုံးတော့ မင်းကိုမိပြီ၊ ရှေ့နှစ်ရက်က မင်းနဲ့အားကွမ်တို့ နှစ်ယောက်ထဲ ပင်လယ်ထဲခိုးထွက်ကြတယ်မလား၊ မင်းတို့က ငါတို့ကိုတောင် မခေါ်ဘူးဆိုမှတော့ မင်း ဒီနေ့ အသေသတ်ခံရပြီသာမှတ်...”
“မင်းတို့က ရှန်းသုန်ရော တလုံးသွယ်ရော ဖမ်းမိခဲ့တယ်ပေါ့ ချီး ဒါတောင် ငါတို့ကို သောက်ဖို့မခေါ်ဘူး”
“အား! အားကွမ်က ငါ့ကိုခေါ်လို့ပါကွာ၊ မင်းတို့ သူ့ကိုပါ သွားရိုက်လေ!”
ရီရောင့်သုန်းတစ်ယောက် အားကွမ်အပေါ် အပြစ်ပုံချကာ
“အဲ့ကောင်ကို နှစ်ဆလောက်ပိုရိုက်၊ ဒီကောင်က မင်းတို့ကို သောက်ဖို့တောင် မခေါ်ချင်ဘူး!”
“ငိုး! မင်းလည်းထိမှာပဲ!”
“သူက အဓိကလက်သည်လေ ငါက ဒီတိုင်း ကြံရာပါလေးပါကွာ”
“မငြင်းနဲ့!”
ရီရောင့်သုန်း သူတို့နှင့် အဝေးကိုပြေးထွက်ပြီး လက်မြှောက်ကာ
“အဲ့ဒါကလေ အဲ့ဒီ့နေ့တုန်းက အန္တရာယ်နည်းနည်းများတော့ မင်းတို့ကောင်တွေကို မခေါ်ဘဲ နေလိုက်တာ၊ ဒါက အခွင့်ရေးသေးသေးလေးလေ ငါတို့ပြန်လာတဲ့အချိန်တုန်းကဆို လှိုင်းလုံးတွေမှအကြီးကြီးတွေ၊ ပြောရရင် ငါတို့ တကယ့်တကယ်ကို ကံကောင်းသွားတာ”
“မင်းတို့ ပိုက်ဆံအများကြီးရှာလာနိုင်မှဖြင့် ငါတို့ကို ညကျရင် တစ်ဝိုင်းတိုက်ရမယ်လေ၊ မင်းတို့ ရှောင်ဖို့ လုံးဝမစဉ်းစားနဲ့”
“အေးပါကွာ ကိစ္စမရှိဘူး” သူလည်း အစကတည်းက တွေးထားပြီးသားပင်။
“မင်းတို့ အတူပင်လယ်ထဲထွက်တဲ့အခါကြရင် ငါတို့ကိုပါခေါ်၊ ငါ သေချာပေါက်သိနေတယ် မင်းက မဇူနတ်ဘုရားရဲ့သားဆိုတာ၊ ငါတို့ကိုလည်း မင်းပေါင်ကို ပေးဖက်ခိုင်းဖို့ မမေ့နဲ့”
ရီရောင့်သုန်း မျက်စောင်းထိုးကာ
“ဘာတွေ ပေါက်ကရလျှောက်ပြောနေလဲ? ငါ့အမေပြောင်းသွားတာတောင် ငါက ဘယ်လိုလုပ်ပြီး မသိရတာလဲ?”
သူ့စိတ်ထဲတွေးနေမိသည်မှာ၊ တကယ်ပဲ သူ့ရဲ့ကံတွေ ဒီရက်ပိုင်း တက်လာတာများလား? အဲ့ဒါကြောင့်မလို့ ကံတွေ ခဏခဏကောင်းနေတာလား?
ထားလိုက်တော့ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ကိစ္စပဲ!
“သွားစို့ တိုင်ဖွန်းပြီးသွားတော့ ငါးတွေအများကြီးရှိနေမှာ၊ ဒီနေ့ အများကြီးရလောက်တယ်၊ ငါ ကွန်တွေ သွားချလိုက်အုံးမယ်”
“အတူတူသွားမယ်”
မည်သို့ဆိုစေ လှေသေးလေးမှာ လှေကြီးလောက် မငြိမ်ချေ။ ယနေ့တွင် လှိုင်းများအနည်းငယ်ထကာ လှိုင်းတွန့်များဖြစ်နေပြီး လှေလှော်ဖို့က သိပ်မလွယ်လှချေ။ ယနေ့ပင်လယ်ပြင်တွင် လှေအများအပြားမရှိပြီး ကြိုးစားသည့် တံငါသည်အချို့သာ အတွင်းပိုင်း ပင်လယ်တွင် ငါးဖမ်းနေကြ၏။
ငါးဖမ်းသမားဆိုသည်မှာ ငါးဖမ်းမထွက်လျှင် ပိုက်ဆံမရနိုင်ပြီး အချိန်က မလုံလောက်လှသောကြောင့် ကွန်အများကြီး ဆွဲလို့မရပေ။
ရီရောင့်သုန်းတစ်ယောက် လှေကို သူကွန်ချနေကျနေရာဆီ ခက်ခက်ခဲခဲ လှော်သွားပြီး ကွန်များကို တစ်ခုပြီးတစ်ခု ချလိုက်သည်။ သူ့တွင် ယခု ကွန် ၄၂ ခုရှိပြီး လေးတန်းချလို့ရလေသည်။
ကွန်များအားလုံးချပြီးချိန်တွင် ဘာမှလုပ်စရာရှိမနေသည်နှင့် အားကျန်းနှင့် အသေးလေးတို့အား သွားရှာလိုက်ပြီး နှစ်ယောက်သား ကွန်ပစ်လိုက်၊ ဆွဲလိုက်လုပ်နေသည်ကို ကြည့်နေလိုက်သည်။ ကွန်ထဲတွင် ပါလာသည့်ငါးများမှာ သိပ်မများလှသော်လည်း သူတို့က အကြိမ်ကြိမ်ပစ်လေသည်။
တစ်ယောက် မောလျှင် နောက်တစ်ယောက်ပြောင်းပြီး နှစ်ယောက်သားက အလှည့်ကျပစ်ကြသည်။ အကြိမ်ရေများလေ ငါးများများရလေပင်။
သူ မြေလှောင်အိမ်ချနေသည့်အတောအတွင်း သူတို့က ပုံးထဲတွင် ဆယ်ကျင်းကျော်သည့်ငါးများကို ရနှင့်နေပြီပင်၊ အထူးသဖြင့် အဝါရောင်ငါးပုတ်သင်လေး၊ ကင်းမွန်နှင့် ကျောက်ကဏန်းများဖြစ်၏။
ရောင့်သုန်း : “အတော်လေးများသား ညကျ သောက်ဖို့ နည်းနည်းဖယ်ထားရအောင်!”
အားကျန်းက သူ့ကို စွေကြည့်ကာ
“မင်းနဲ့အားကွမ် ဒကာခံမယ်လို့မပြောဘူးလား?”
“ဒါဆို....နည်းနည်းချေးပေးလေ? စုထည့်ရအောင်?”
“မင်းဟာလေ တော်တော်အရှက်မရှိတာပဲ!”
အသေးလေးက သိလိုဟန်ဖြင့်
“ဘာလဲဟ စုထည့်တာ?”
“အဲ့ဒါက လူတိုင်း နည်းနည်းချင်းစီမျှထည့်ရတာ၊ ငါ့ကွန်က ခုလေးတင်မှ ချထားတော့ မနက်ဖြန်မနက် အစောပိုင်းလောက်မှ ပြန်သိမ်းလို့ရမှာ၊ မင်းတို့မှာ ဝိုင်မရှိဘူး မဟုတ်လား? ငါ့အိမ်မှာ အမြည်းတစ်ပန်းကန်စာလောက်ရမဲ့ ယောက်သွားခြောက်နည်းနည်းရှိသေးတယ် ပြီးတော့ ခုံးလည်းရှိတယ်”
နှစ်ယောက်သားက သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
အသေးလေးက တစ်ဖက်သို့လှည့်လာရင်း
“ငါတို့နှစ်ယောက်ကိုကူပြီး ကွန်ပစ်ပေး၊ အရင်ဆုံး ငါးရလာတော့မှ ညကျရင် ငါတို့က အမြည်းစိုက်မယ် မင်းက အရက်ဝယ်”
“အို့ခေ! ပြဿနာမရှိဘူး!”
ရီရောင့်သုန်း တစ်ခါတည်း သူ့လှေကို သူတို့လှေနှင့် ချည်လိုက်ပြီးနောက် သူတို့လှေပေါ် တက်လိုက်သည်။
သူက လက်တစ်ဖက်ဖြင့် ကွန်ကို ကိုင်လိုက်ပြီး ခဏစဉ်းစားကာ
“ဒီနေရာက မင်းဖမ်းလို့ကုန်နေလောက်ပြီ နောက်တစ်နေရာရွှေ့ရအောင်!”
“အို့ခေ မင်းက ဆရာဆိုတော့ မင်းစကားကို နားထောင်ရတာပေါ့! ပြောလိုက် ဘယ်နေရာမှာပစ်ချင်လဲ?”
အားကျန်းက စိတ်လှုပ်ရှားစွာဖြင့် လှော်တက်ကို ကိုင်လိုက်သည်။
“မင်းသွားချင်တဲ့နေရာကိုသာ လှော်ကွာ!”
“စိတ်ချထားလိုက်”
အားကျန်း လှေကို ရပ်လိုက်သည်နှင့် ရီရောင့်သုန်း ကွန်ကို ပစ်ကာ တစ်ခဏစောင့်ဆိုင်းပြီးနောက် ကွန်ကို ပြန်ဆွဲလိုက်သည်။
ငါးသိပ်မများသော်လည်း အဆင်ပြေသည့်အနေထားတွင်ဖြစ်ကာ သစ်ခွကဏန်းတချို့၊ ရေမြောင်းငါးတစ်ချို့၊ ငါးပူတင်းဒါဇင်ကျော်နှင့် ဓားပုစွန်အနည်းငယ် ပါ၏။
ဤသို့သောလက်ပစ်ကွန်မျိုးက ပစ်ပြီးသည်နှင့် ချက်ချင်းဆွဲတင်ရသည်။ များသောအားဖြင့် သိပ်တော့ မပါတတ်ပြီး မည်သို့ဆိုစေ ပင်လယ်ပြင်ကလည်း ကျယ်ပြောလှသည်မဟုတ်လား။
“ဒီကွန်က အဆင်ပြေပါတယ် သစ်ခွကဏန်းလည်း ပါတယ်ဆိုတော့”
အသေးလေးက ငါးပူတင်းအားလုံးကို သက်သက်ခွဲထုတ်ပြီး
