Chapter 84

1.6K 149 0
                                    

အပိုင်း (84)


"ငါ့ကို ကြည့်ထားလိုက်၊ ဒီညနေတော့ ဟင်းစား တစ်ခွက် ရပြီကွာ"

"ဒီအကောင်ကြီးက တစ်မီတာကျော် ရှည်တယ်ဟ"

"သတိထားဦး၊ ပင်လယ်မြွေတွေက အရမ်း အဆိပ်ပြင်းတာ"

"အသေးအမွှားပါဟ၊ ညှပ်ရှည်သုံးရမှာလေ။ ငါ့လက်ကို သုံးဖို့တောင် မလိုဘူး"

သူက စကားပြောပြီးသည်နှင့် သူ့ လက်ထဲရှိ ညှပ်ရှည်က တစ်ခါတည်း မြွေခေါင်းကို ညှပ်ချလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လိမ်သွားပြီး အဆက်မပြတ် ရုန်းကန်လာတော့သည်။

"အိတ်ယူပြီး ထုတ်လိုက်"

"တကယ် ကြောက်ဖို့ကောင်းတာပဲ၊ မြွေခေါင်းကိုသာ သေအောင် ထုချလိုက်၊ ငါတို့ အားလုံး ဘယ်သူမှ အိတ်အပို ပါကြတာ မဟုတ်ဘူး၊ ဒီမြွေအတွက် တစ်အိတ် အကုန်ခံဖို့ မရှိဘူး"

"ရတယ်၊ ဘာပဲဖြစ်ဖြစ် ပြန်ယူသွားပြီး စတူးလုပ်စားရမယ်"

ပင်လယ်မြွေကို သတ်ပြီးသည်နှင့် အားကွမ်က ရိုးရိုးရှင်းရှင်း ဖြေရှင်းလိုက်ပြီး လှေပေါ်တင်ကာ ဖုံးရန်အတွက် ငှက်ပျောရွက် ခူးရန် ကျွန်းငယ်လေးဆီ ထွက်သွားလေသည်။

"ဒီကျွန်းမှာ ငှက်ပျောပင်ကြီးတွေ အားကြီးပဲဟ"

"တောငှက်ပျောတွေ ရှိတာလား"

ရီရောင့်သုန်း မော့ကြည့်လိုက်သော်လည်း လမ်းလျှောက် မကြည့်လျှင် မမြင်ရချေ။

"အေး၊ အများကြီးပဲ ရှိတာ။ ဒါပေမဲ့ အပင်တွေက တအား မြင့်လွန်းတယ်။ မှည့်လည်း မမှည့်သေးပါဘူးကွာ၊ ထားလိုက်တော့"

"နောက်လကျ ပြန်လာကြတာပေါ့"

အားကွမ်က ;

"တောငှက်ပျောများ၊ ငါတို့ တောင် အနောက်မှာ ပေါ‌ပါ့၊ နောက်လကျ တောင်ပေါ် တက်ပြီး ငါတို့လိုချင်တာမှန်သမျှ သွားခူးကြရအောင်"

နောက်လဆို သူတို့ကို ဆွတ်လို့ရနေပြီပင်။ နည်းနည်းပါးပါး ခူးပြီး အိမ်ကို သယ်သွားရမည်။ မိသားစုတွင် ကလေး အများကြီး ရှိသဖြင့်လည်း လောဘ မကြီးသည့်လူ ဟူ၍ မရှိ။ သူ့မိန်းမသည်လည်း ငှက်ပျောသီး စားရတာ ကြိုက်သည်ပင်။

ရီရောင့်သုန်း တစ်ယောက် ပင်လယ်မြွေကို ကြောက်ရွံ့နေသေးသဖြင့် နေရာပြောင်းလိုက်တော့သည်။ မထင်မှတ်ဘဲ ကျောက်တုံးကြီး တစ်တုံးအောက်တွင် ရေအနည်းငယ် ငြိမ်သက်နေပြီး အမှန်တကယ်တွင် ကဏန်းပြာကြီး တစ်ကောင် ပုန်းနေခြင်း ဖြစ်၏။

"လခွမ်းဟ၊ အနည်းဆုံး သုံးကျင်းပဲ"

ရောင့်သုန်း အလွန်ကို အံ့ဩဝမ်းသာနေတော့သည်။ ကဏန်းပြာ ဘုရင်။ သည်ခေတ်ကြီးမှာ သည်လောက်ကြီးတဲ့ ကဏန်းပြာ အရိုင်းမျိုး မရှိဘူးမလား။

"ဘာ သုံးကျင်းလဲ။ မင်း ဘာရတနာ ရှာတွေ့ထားတာလဲ"

ရီရောင့်သုန်း ကျောအခွံကို လက်နှစ်ဖက်ဖြင့် ကောက်ယူလိုက်ပြီး အားလုံး မြင်အောင် ကိုင်ပြလိုက်သည်။

"ကဏန်းပြာကြီး၊ ငါ တစ်ခါမှ ဒီလောက်ကြီးတဲ့ကဏန်းမျိုး မမြင်ဖူးဘူး။ သူ့အခွံက ငါ့မျက်နှာထက်တောင် ကြီးသေးတယ်၊ ကဏန်းပြာ ဘုရင်ကြီးပဲ ဖြစ်ရမယ်"

"ချီးဟ..."

သုံးယောက်သားမှာ ချက်ချင်း အံအားတသင့် ဆဲဆိုသံများ ထွက်လာတော့သည်။ သူတို့ဖြင့် သည်လောက်ကြီးတဲ့ ကဏန်း တစ်ခါမှ မမြင်ဖူးဘူး။

ရီရောင့်သုန်း ကဏန်းပြာကြီးကို ပျော်ရွှင်စွာဖြင့် ပုံးထဲ ထည့်လိုက်သော်လည်း မထင်မှတ်ထားစွာဖြင့် ကဏန်း လက်မကြီးက ပုံးအစွန်းကို ညှပ်ထားရာ ပုံးထဲ လုံးဝ ထည့်မရ ဖြစ်နေ၏။

ကဏန်းလက်မကြီး ကျိုးမည်ကို ကြောက်သဖြင့် ဂရုတစိုက် ဖယ်ကာ ပုံးထဲ ထည့်လိုက်ပြီး သူယူလာသည့် ပုံးကပင် သေးသွားသလို ခံစားလိုက်ရ၏။ ကဏန်းပြာကြီးမှာတောင် ဆံ့ရုံလောက်သာ ဆံ့ပြီး ခြေတောက်တွေ လက်တွေ လှုပ်ကာ တွဲတက်ပြီး ထွက်လာရန် ကြိုးစားနေ၏။

သူက အိတ်ကပ်ထဲမှ အိတ်ကို ကိုင်လိုက်ပြီး၊ အရင်ဆုံး ကဏန်းပြာကို အိတ်ထဲ ထည့်ထားသည်က ပိုကောင်းလိမ့်မည်ဟု စဉ်းစားမိသည်။ နောက်ပိုင်း အိတ်မလောက်သည့် အချိန်ကျမှ ၎င်းကို ပုံးထဲ ပြန်ပြောင်းထည့်လိုက်မည်ပင်။

သူ အရင်က အဖိုးတန်လေးတွေ ရှာမတွေ့တာ လတ်စသတ်တော့ သူတို့က သည်ကျွန်းကနေ သူ့ကို စောင့်နေကြတာကို။

ကဏန်းပြာကြီး မိပြီးနောက် သစ်ခွကဏန်း သုံးကောင်ကို တစ်ဆက်တည်း ရှာတွေ့လိုက်ပြီး တစ်ကောင်ချင်းစီမှာ ကျင်းဝက်ကျော် အလေးချိန်ရှိ၏။ သူ အလွန် ပျော်ရွှင်နေပြီး၊ ယင်းမှာ ကျောက်ကဏန်းထက်တောင် ပိုကောင်းသေး၏။

သန္တာကျောက်ဆောင်ဘက်ရှိ ရေတိမ်ပိုင်းတွင် ကဏန်းများနှင့် ကျောက်ငါးများ အများဆုံး ရှိသည်။

ပင်လယ်စာများ တစ်ခုပြီး တစ်ခု ကောက်ထည့်ပြီးနောက်၊ ရီရောင့်သုန်း တစ်ယောက်  ပုံးနှစ်ပုံးကို လက်ထဲ ဆွဲထား‌လေသည်။ တစ်ပုံးမှာ ကျောက်ငါးနှင့် ပင်လယ်စာမျိုးစုံ ပါရှိပြီး ကျန်တစ်ပုံးမှာ  ကဏန်းမျိုးစုံ ထည့်ထားသည့် ပုံးဖြစ်၏။

တစ်ချိန်လုံး ခေါင်းငုံ့ကာ ရှာနေရသဖြင့် လည်ပင်းမှာ အတော်လေး နာနေပြီ ဖြစ်သည်။ ရံဖန်ရံခါ ခေါင်းကိုမော့ပြီး ဇက်ချိုး‌ကာ အကြောဖြေနေရ၏။ သို့သော် သူ မော့လိုက်ချိန် အပေါ်ရှိ မတ်စောက်သည့် ကျောက်ကွဲကြားတွင် ပင်လယ်ကြက်ခြေထောက်များကို အုံလိုက်တွေ့လိုက်ရသည်။

ဟမ်၊ သည်မှာ ပင်လယ် ကြက်ခြထောက်တွေလည်း ရှိတာလား။

သူ အံ့အားသင့်သွားပြီး ကမ်းခြေမှာ အချိန်ဆက်ဖြုန်းမနေတော့ဘဲ လက်ထဲက ပုံးကို အမြန်ချကာ အိတ်ကိုထုတ်ပြီး ပင်လယ် ကြက်ခြေထောက် အရင် စုဆောင်းရန် ကြံရွယ်လိုက်သည်။

ပင်လယ် ကြက်ခြေထောက်၏ သိပ္ပံအမည်မှာ gooseneck barnacles ဖြစ်သော်လည်း၊ ၎င်းက 'ငရဲမှ ပင်လယ်စာ' ဟူသော ဂုဏ်သတင်းလည်းရှိ၏။ ဥရောပနိုင်ငံများတွင် နောက်ပိုင်းမျိုးဆက်များအကြား ရေပန်းစားလာခဲ့ပြီး နေရာများစွာ၌ တွေ့ရှိရသော်လည်း သူတို့၏ သင်္ဘောကျင်းများအနီးရှိ သန္တာကျောက်တန်းများတွင် တစ်ခါမျှ မတွေ့ဖူးသေးချေ။

၎င်းသည် တစ်နှစ်ပတ်လုံး လှိုင်းလုံးများ ရိုက်ခတ်သည့် ကြားခံ ဒီရေမြင့်ဇုန် ရှိသည့် သန္တာကျောက်တန်းများတွင် ကြီးထွားပေါက်ရောက်ပြီး ဤကဲ့သို့သော သက်ဝင်လှုပ်ရှားမှုရှိသည့် ပတ်ဝန်းကျင်အောက်တွင်လည်း ၎င်း၏ အရသာမှာ ချိုပြီး ဒြပ်စင်ကြွယ်၏။

ဤပင်လယ်ဧရိယာတွင် လက်ဝါးကောင်ကိုသာ တွေ့ဖူးကြသည်။ နှစ်ခု၏ အရှည်က အလွန်ဆင်တူသော်လည်း တူညီသည့် အရာတော့ မဟုတ်ပေ။ ပထမအကြိမ် ကြည့်လျှင် စိတ်ရှုပ်ထွေးစေမည်မှာ အမှန်၊ သို့သော်လည်း အနီးကပ်ကြည့်လျှင် ပင်လယ် ကြက်ခြေထောက်မှာ ရှည်လျားပိန်သွယ်ပြီး ငန်းလည်ပင်းနှင့် တူသောကြောင့် ၎င်းကို ငန်းလည်ပင်း ခရင်းကောင်ဟုခေါ်ကြသည်။

လက်ဝါးကောင်တွင် အညှာပါရှိသော်လည်း ၎င်းက အလွန်တိုပြီး အရောင်က အစိမ်းရောင်ဖြစ်သည်။ ထို့ကြောင့် ဂရုတစိုက် လေ့လာကြည့်မည်ဆိုလျှင် လက်ဝါးကောင်နှင့် ပင်လယ် ကြက်ခြေထောက်မှာ ခွဲရ အလွန်လွယ်ကူလေသည်။

ဤဒေသတွင် တွေ့ရခဲသည်ဖြစ်ရာ အခွင့်အရေးကောင်းကို လက်လွှတ်မခံသင့်ပေ။

သန္တာကျောက်တန်းများ၏ အက်ကြောင်းကြားထဲတွင် ကြီးထွားခြင်းကြောင့်လည်း ကောက်ရန် သိပ်မလွယ်ကူလှပြီး၊ မည်မျှ ခက်ခဲပါစေ သူ ၎င်းတို့ကို မရ,ရအောင် တူးထုတ်ရပေမည်။

ထိုနေရာတစ်ဝိုက် တူးဖော်ပြီးနောက်တွင် ရီရောင့်သုန်း တစ်ယောက် အခြားအကောင်များ တူးရန် အလျင်စလို မဟုတ်သေးဘဲ တစ်ကျင်းလျှင် ယူရို ၂၀၀၊  သို့မဟုတ် ၁၅၀၀ ယွမ် ခန့်ရှိမည့် အနှီပင်လယ် ကြက်ခြေထောက်များကို ထပ်ရှာလေသည်။

ပင်လယ် ကြက်ခြေထောက်များသာ အရည်သွေးမြင့်လျှင် ယွမ် ၄၀၀၀-၅၀၀၀ အသာလေး ရောင်းနိုင်၏။

ဟီးဟီး....

အရင်ဆုံး ပတ်ရှာကြည့်လိုက်မယ်။ သည်ခေတ်မှာ တန်ဖိုး မရှိဘူးဆိုရင်တော့ မရောင်းဘဲ ကိုယ့်ဘာသာပဲ သိမ်းထားပြီး ငရဲပြည်က ပင်လယ်စာဆိုတဲ့ အရသာကို မြည်းစမ်းကြည့်ရသေးတာပေါ့။

ကျောက်ဆောင်ပေါ်၌ လက်ဝါးကောင် အပြုံလိုက်ကို တွေ့လိုက်ရကာ သူတောင် တစ်ခဏ ခွဲခြားမရဖြစ်သွားပြီး၊ အတွေ့အကြုံ မရှိ နားမလည်သူသာဆိုလျှင် ပင်လယ် ကြက်ခြေထောက်နှင့် အတူတူပဲလို့တောင် တွေးမိလောက်သည်။

မရောသွားစေရန်အတွက် နောက်မှ ပုံစံများကို သေချာ ခွဲထုတ်ရန် စီစဉ်ရမည်၊ မဟုတ်လျှင် ယခုရွေးထုတ်ပါက အချိန် အတော်ပေးရမည် ဖြစ်သည်။

ပင်လယ် ကြက်ခြေထောက်များ အများကြီး မရှိတော့လျှင် လိပ်ဥ ထည့်ထားသည့် အိတ်ထဲ အတူတူထည့်ထားလိုက်လို့ရပေသည်။

သို့သော် အနီးနားရှိ သန္တာကျောက်တန်းများပေါ် တစ်ခဏ ရှာဖွေပြီးနောက်တွင် ငါးကျင်း၊ ခြောက်ကျင်းလောက်သာ ကောက်လို့ရခဲ့သည်။ အခြားလူများ အားလုံးကလည်း သူ ဘာတွေရှာနေသလဲကို သိချင်နေကြပြီး သူ့အိတ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

အားကွမ်က ;

"လက်ဝါးကောင် ရှာနေတာလား။ ဒီမှာ တပုံကြီးမဟုတ်ဘူးလား"

"ဘယ်သူက လက်ဝါးကောင် ရှာနေလို့လဲ။ သွားသွား ကိုယ့်ဘာသာကိုယ် သွားတူးကြ"

"မင်းအိတ်ထဲကဟာ လက်ဝါးကောင် မဟုတ်လို့ ဘာလဲ"

"ပင်လယ် ကြက်ခြေထောက်ဟ၊ ကြားဖူးလား"

"ဘာလားဟ"

"ပြောသားပဲ။ ငါပြောလည်း မင်းတို့ မသိပါဘူးဆို"

"ချီး ..ကြည့်စမ်း။ ငါ တူးထားတာ အိတ်တောင် ပြည့်တော့မယ်ကွ ဟားဟား"

အားကွမ် တစ်ယောက် အနည်းငယ် ဝံ့ကြွားမှုလေးဖြင့် သူ့အိတ်ကို ခါပြလာ၏။ ရောင့်သုန်းထက် သူ ပိုရှာလာနိုင်သည်မှာ ရှားရှားပါးပါး မဟုတ်လား။

"တော်တယ်၊ ငါ့မှာ အိတ် ငါးလုံး ရှိတယ်၊ မင်းတို့အိတ်တွေ ပြည့်သွားပြီဆိုတော့ ငါ့အိတ်ကို ဖြည့်ပေး"

အားကွမ်က စိုက်ကြည့်ကာ ;

"ချီးမို့ ငါတို့က မင်းအတွက် တူးပေးရမှာလား"

"မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ မင်းတို့ သုံးယောက်လုံးရဲ့အိတ်တွေ ပြည့်သွားပြီ မဟုတ်လား။ အဲ့တော့ ငါ့အတွက် တူးပေးရမှာပေါ့  မင်းတို့ပြန်ရင် ငါ့ကို ဆရာ တင်ရအုံးမှာလေ။ ဟုတ်တယ်မလား"

အသေးလေးနှင့် အားကျန်းလည်း လှည့်ကြည့်လာပြီး ရီရောင့်သုန်းကို စိုက်ကြည့်လာကြသည်။ အဲ့တော့ ဒါက သည်ကောင် အကြံပေါ့။

မအံ့ဩတော့ဘူး၊ သည်ကောင် လက်ယားလက်ယားလုပ်နေတာကို။

"မင်းအိတ်တွေက အများကြီလေ၊ ငါတို့ကဖြင့် နှစ်အိတ်စီပဲ ယူလာကြတာကို၊ မင်းကျတော့ အိတ်ငါးလုံး သယ်ပြီး အေးအေးဆေးဆေး လက်ယားလက်ယား လုပ်နေပြီးတော့၊ မင်းက ငါတို့လို လူငယ်လေးတွေကို အမိဖမ်းဖို့ စောင့်နေတာပဲ"

စိတ်တိုစရာ။

ရီရောင့်သုန်းက အဓိပ္ပါယ်ပါပါ ရယ်လိုက်ပြီး ;

"အဲ့တော့ ဘာဖြစ်လဲ။ ငါက မင်းတို့ကို ကြံ့ခိုင်တဲ့ယောကျာ်းသားတွေ ဖြစ်စေချင်လို့ မင်းတို့များ လုပ်ချင်မလားလို့ မေးကြည့်ရုံလေးလေ"

"-ီး၊ ငါ မင်းကို သေအောင် လုပ်သတ်ပစ်ဦးမယ်"

သူက သူ့အိတ်ကပ်ထဲမှ အစောပိုင်းက ရောင်းချခဲ့သည့် ငွေဖြတ်ပိုင်းကို ထုတ်ကာ မှုတ်လိုက်ပြီး ;

"၄၀၀ ကျော်နော်~~~"

အသေးလေး တစ်ယောက် ရုတ်ခြည်း မျက်နှာထက် အပြုံးတစ်ပွင့် ရောက်လာပြီး ;

"အိုး၊ အိတ်လေး ငါးလုံးလေးပဲဟာ၊ ငါတို့က လေးယောက်တောင် ရှိတာ၊ တစ်ယောက်ကို တစ်ယောက် ကူညီပေးရတာပေါ့၊ ဟိုဘက် ဒီဘက်လျှောက်လိုက်ရုံနဲ့ ခဏလေး ပြည့်သွားမှာ၊ အဲ့လောက်မခက်ပါဘူး"

အားကျန်းကလည်း သူ့ရင်ဘတ်ကို ပုတ်ပြလိုက်ပြီး ;

"၅ လုံးတည်းမလား။ မပူနဲ့။ ဒီရေပြန်မတက်ခင် ငါးလုံးလုံး ပြည့်နေစေရမယ်"

အားကွမ် တစ်ယောက် သူ့လက်ထဲမှ ငွေဖြတ်ပိုင်းလေးကို တမ်းတမ်းတတ ကြည့်ကာ ;

"အိုး~ ကျွန်တော်မျိုး ခေါင်းကို အောက်ထိ ရောက်အောင် ဦးညွှတ်ပါတယ်~"

"ဟားဟား၊ မင်းတို့ သိတာ ကောင်းတယ်၊ မဟုတ်ရင် ငါ့ရဲ့နိုင်ကွက်လေးကို ထုတ်သုံးရသေးတာပေါ့"

ရီရောင့်သုန်း တစ်ယောက် ငွေဖြတ်ပိုင်းအား အောင်နိုင်သူ တစ်ယောက်လို ပြန်သိမ်းလိုက်ပြီး အမြန် ပြန်တူးတော့သည်။ မဟုတ်လျှင် နှောင့်နှေးနေပါက ဒီရေတက်လာချိန်တွင် အပြည့် ဖြည့်နိုင်တော့မည်မဟုတ်ပေ။


၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now