Chapter 127

1.3K 137 0
                                    

အပိုင်း (၁၂၇)
 
လင်းရှန်ရုန်တစ်ယောက် ကျင်းအနည်းငယ်သာရှိသည့် မြစ်ပုစွန်ထုပ်များနှင့် ငါးအချို့သာပါသည့်ပုံးကိုဆွဲကာ တိတ်ဆိတ်နေ၏။ သူက အလွန်ကို မပျော်မရွှင်ဖြစ်နေခြင်းပေ။ သူ့ခမျာ တရုတ်ငါးကြင်းကြီးသေမည်စိုး၍ ပြန်ယူသွားကာ မွေးချင်ခဲ့သော်လည်း ယခုမှာမူ ပုစွန်ထုပ်နှင့် ငါးအချို့သာ ကျန်ခဲ့တော့သည်။
 
ယင်းမှာ အစကတည်းက သူတို့၏ပန်းတိုင်ဖြစ်သော်လည်း တရုတ်ငါးကျင်းကြီးသာ မဖမ်းမိခဲ့လျှင် သူတို့စိတ်ထဲ ဤမျှကွာခြားနေမည်မဟုတ်ပေ။ သူတို့က ပိုက်‌ဆံထုပ်ကြီးကို ဆုံးရှုံးသွားပြီး ငါးအနည်းငယ်ဖမ်းကာ ပြန်ရတော့မယ်ပေါ့ အဲ့လိုသာဆို ဘာထူးတော့မှာလဲ?
 
သူက ခြေထောက်အောက်ရှိ ခဲလုံးများကို ကန်ကာ အနောက်မှလိုက်လာပြီး ပလုံဆိုသည့် အသံနှင့်အတူ ကျောက်ခဲများက ရေထဲပြုတ်ကျသွားသော်လည်း ရုတ်တရက် ရေမျက်နှာပြင်ပေါ်မှ မရေမတွက်နိုင်သော ရေစင်သံများ ထွက်ပေါ်လာပြီး အားလုံးမှာ အံ့အားတသင့် လှမ်းကြည့်လိုက်သည်။ ရီရောင့်သုန်းကလည်း ဓာတ်မီးဖြင့် ထိုနေရာအား ထိုးကြည့်လိုက်သည်။
 
ရေထဲမှနေ၍ မရေမတွက်နိုင်သောငါးကြီးများ ခုန်ထွက်လာကြ၏။ သူက မမျှော်လင့်ထားစွာဖြင့် မျက်ခုံးများကို မြှင့်ပြီး အံ့အားသင့်နေသည့် ယောက်ဖဖြစ်သူအား လှမ်းမေးလိုက်သည်။
 
“မင်းတို့ ငါးတွေ အလုံအလောက်ဖမ်းမိပြီးပြီမလား? အဲ့ဒါတွေကို ဖမ်းချင်သေးလို့လား?”
သူ အနှီရေချိုငါးများကို သိပ်စိတ်မဝင်စားပေ။ ပင်လယ်သားတွေက ပင်လယ်ငါးများစားရသည်ကိုသာ ကြိုက်ကြသည်။ တရုတ်ငါးကြင်းကြီးကို လွှတ်ပြီးနောက်မှာတော့ အစကလောက် သူ စိတ်မပါတော့ချေ။ မမျှော်လင့်ထားစွာဖြင့် လင်းရှန်းဟွေ့က သူ့လက်ထဲမှ ဓာတ်မီးကိုယူပြီး သေချာအနီးကပ်သွားကြည့်လိုက်သည်။
“စစ်ငါးဟ!”
 
လင်းရှန်ရုန်ကလည်း အံ့အားတသင့်ဖြင့် အရှေ့သို့တိုးသွားပြီး
 
“စစ်ငါးတွေအများကြီးပါလား? ငါ့စိတ်ထင် မြက်စားငါးကြင်းလို့ထင်နေတာ!”
 
“လွန်ခဲ့နှစ်တွေတုန်းက ဘာမှစားစရာမရှိတော့ မြစ်ထဲက စစ်ငါးတွေကို အလွန်အကျွံဖမ်းမိသွားတာ၊ ငါ သူတို့ကို မမြင်ခဲ့တာတောင် နှစ်အတော်ကြာနေပြီ၊ ဒီနေရာမှာ ဒီလောက်ထိအများကြီး ပြန်တွေ့ရလိမ့်မယ်လို့မထင်ထားဘူး”
 
ရီရောင့်သုန်း သူတို့၏ဆွေးနွေးမှုကို နားထောင်ပြီး အနည်းငယ် ခေါင်းရှုပ်ထွေးနေမိသည်။ ဘာစစ်ငါးလဲ?
 
“ဒါမြက်စားငါးကြင်းမဟုတ်ဘူးလား?”
လင်းရှန်ဟွေ့က ပြုံးကာ 
 
“မင်းက ပင်လယ်ကဆိုတော့ ဘယ်သိပါ့မလဲ၊ ဒါက စစ်ငါးကွ မြက်စားငါးကြင်းမဟုတ်ဘူး၊ မြက်စားငါးကြင်းနဲ့တူပြီး သာမန်ရိုးကျဆန်တယ်ဆိုပေမဲ့ သူ့ရဲ့ကြေးခွံက အရမ်းကြီးတယ် မြက်စားငါးကြင်းထက်ကို အဆပေါင်းများစွာ ပိုကြီးတာ၊ ဒီငါးရဲ့အသားက နူးနူးညံ့ညံ့လေး ဘာမြေကြီးနံ့မှမရှိဘူး”
 
သူ အနီးကပ်ကြည့်လိုက်ကာ ကြေးခွံက အမှန်တကယ်ကို ကြီးပုံသော်လည်း အတူတူမယှဉ်ကြည့်ဘဲဖြင့် မည်မျှကြီးမှန်းတော့ သူမသိပေ။
 
“ပြီးတော့ သူ့ကြေးခွံက စားလို့ရတယ်၊ ငါတို့ဆို ဒီလိုငါးမျိုးစားတိုင်း ဘယ်တော့မှ ကြေးခွံကို မခြစ်ထုတ်ဘူး”
 
လင်းရှန်ရုန်က စိတ်ရွှင်စွာဖြင့် ဖြည့်ပြောလာခဲ့သည်။
 
 
“ကြေးခွံကပါ စားလို့ရတယ်?”
 
 
“ဟုတ်တယ်ကွ မီးလောင်တာဖြစ်ဖြစ် ရေနွေးပူလောင်တာဖြစ်ဖြစ် သူ့ကြေးခွံကိုချွတ်ပြီး အနာပေါ်ပွတ်လိုက်ရုံပဲ၊ ကြည့်ရတာ ဒီမှာစစ်ငါးတွေ အများကြီးရှိနေပုံပဲ၊ ငါ့ညီနဲ့ငါ ဆင်းဖမ်းလိုက်အုံးမယ်၊ မင်းက ကမ်းစပ်ကနေပြီး ဓာတ်မီးထိုးပေး”
 
လင်းရှန်ဟွေ့က အဝတ်အစားပြန်ချွတ်ရင်းဖြင့် ရောင့်သုန်းအား ပြောလိုက်သည်။
“ငါဆင်းလိုက်မယ်လေ မင်းတို့ ခဏလောက်နားပါအုံးလား...”
“မရဘူး မင်းသာ အအေးမိသွားရင် ငါတို့အဖေ ငါတို့ကို သေအောင်ရိုက်လိုက်မယ်၊ ငါတို့ပဲ ဆင်းပါ့မယ်ကွာ”
 
ညီအကိုနှစ်ယောက်က ရေထဲ တစ်ယောက်ပြီးတစ်ယောက် ခုန်ချလိုက်သည်။ မြစ်ရေက ပြန်ငြိမ်သွားသော်လည်း ယခုတွင် စစ်ငါးများ တစ်ဖန်ခုန်ထွက်လာပြန်၏။
 
ရီရောင့်သုန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ငါးများကို ပုံးထဲကူထည့်ပေးရန် ကမ်းစပ်ပေါ်တွင် ဓာတ်မီးဖွင့်ထားပေးလိုက်သည်။ သူ့ယောက်ဖတစ်ယောက် စစ်ငါးသုံးကောင်ကို ဖမ်းနိုင်လိုက်သည်ကို သူ တွေ့လိုက်ရပြီး တစ်ကောင်ချင်းစီက ရှစ်ကျင်းကိုးကျင်းခန့်ရှိပြီး သေးလှသည့်အရွယ်မဟုတ်။
လင်းရှန်ရုန်က ပိုပြီးကြမ်းတမ်းနေပြီး တစ်ကွန်တည်းဖြင့် လေးကောင်ကို ဖမ်းမိကာ ရေပုံးထဲ ပစ်ထည့်လိုက်သည်။
 
အနှီစစ်ငါးများက အရွယ်တူတူပင်ဖြစ်ကာ အကောင်ရေနည်းနည်းနှင့်တင် ပုံးမှာ ပြည့်လုနီးပါးဖြစ်သွားသော်လည်း မြစ်ထဲတွင် များစွာကျန်နေသေးပြီး ထည့်စရာလည်း မကျန်တော့ချေ။ ကမ်းစပ်ပေါ်ပစ်တင်လိုက်သည့် ငါးနှစ်ကောင်၊ သုံးကောင်လောက်က သေသွားကြပြီပင်ဖြစ်သည်။
 
ဒီလိုပုံမျိုးနဲ့သာဆို သူတို့ မနက်ဖြန်ကျရင် ဘယ်လိုရောင်းတော့မလဲ?
 
ရီရောင့်သုန်း တစ်ခဏစဉ်းစားပြီး လမ်းဘေးတွင် ကောက်ရိုးများကို တွေ့လိုက်ရသဖြင့် ငါးလေးကိုင်းနည်းပညာဖြင့် ပုံး‌နေရာလွတ်သွား‌စေရန်အလို့ငှား ငါးကို ရိုးရှင်းစွာ ချည်နှောင်လိုက်သည်။
 
ဤနည်းပညာက ငါးများကို ‌ကုန်းပေါ်တွင် အောက်ဆီဂျင်ရစေ၏။ ဖူကျန်ခရိုင်မှ ယနေ့အထိလက်ဆင့်ကမ်းလာသည့် ကျန်အို့ဒေသတစ်ဝိုက်ရှိ ငါးများအား လတ်လတ်ဆတ်ဆတ်ရှိစေရန် ထိန်းသိမ်းသည့်နည်းလမ်း ဖြစ်သည်။
 
ကောက်ရိုးကို ငါးနှာခေါင်းထဲ ထည့်၍ ချည်ထုံးကာ ငါးတစ်ကိုယ်လုံးအား ညာဘက်မှနေ၍ လေးကိုင်းသဏ္ဌာန်ကွေးပြီး အခြားတစ်ဖက်အား စအိုဝနှင့်အနီးစပ်ဖြစ်သည့် အမြီးနေရာကို ကြိုးဖြင့် ချည်ရသည်။
 
ဤနည်းလမ်းဖြင့် ငါး၏ရုန်းကန်မှုအား လျော့ကျသွားစေပြီး သူတို့၏စွမ်းအင်အား ချွေတာနိုင်စေ၏။
၎င်းက လေဝင်လေထွက်လည်း ရစေပြီး ငါး၏ပါးဟပ်များက ကုန်းပေါ်တွင် မပွင့်နိုင်ခြင်းကြောင့် အမြဲတမ်း ပွင့်ထားသည့်ပါးဟပ်က ငါးများ လွတ်လပ်စွာ အသက်ရှူနိုင်သည်ကို သေချာစေပြီး ကြာကြာရှင်သန်နိုင်ကာ လတ်ဆတ်နေစေ၏။
ငါးအား ချည်နှောင်ပြီးလျှင် ရေထဲ သို့မဟုတ် ကန်ထဲ ထည့်ထားလျှင် အကောင်းဆုံးဖြစ်သည်။ ဤသို့သောချည်နှောင်ခြင်းနည်းဖြင့် ငါးက ရေပြင်ပတွင် အနည်းဆုံး တစ်ရက်မှ နှစ်ရက်ခန့်အထိ ရှင်သန်နိုင်သည်။
 
၎င်းသာ ရေထဲ အညစ်‌အကြေးမစွန့်လျှင် ရှင်သန်နိုင်ချိန်က တိုတောင်းလိမ့်မည်ပင်။ သို့သော် မနက်ဖြန်မနက်ထိ ခံနိုင်ရုံဖြင့် အဆင်ပြေပြီပင်။ သူ ဘယ်လောက်ကြာကြာ ဆက်ရှင်သန်နိုင်မလဲဆိုသည်မှာ သူ့ကံပင်ဖြစ်သည်။
 
သူက အလွန်ကျွမ်းကျင်နေသည့်တိုင် သူ ဘယ်လောက်ပဲ မြန်မြန်ချည်နှောင်နေပါစေ ထိုညီအကိုနှစ်ယောက်၏ငါးဖမ်းနှုန်းကို အမှီမလိုက်နိုင်ချေ။ ထို့ကြောင့် အရင်ဆုံး ပုံးထဲတွင်သာ ထိုးသိပ်ထည့်ရပြီး ကံကောင်းစွာဖြင့် ပုံးမှာ မြင့်ပြီး လုံလောက်အောင် ကြီးမားပေလို့။
 
သူက ချည်ပြီး ဘေးတွင်ပစ်ထားလိုက်သည်။ သူ့တွင် သယ်စရာ ဘာမှမပါလာသဖြင့်လည်း လက်ဖြင့်သာ ဆွဲပြန်ရပေတော့မည်။
 
သို့သော် စစ်ငါးများက အလွန်များသည့်ပုံပင်၊ ယောက်ဖနှစ်ယောက်က အသည်းအသန် ငါးဖမ်းနေဆဲဖြစ်၏။ နောင်တွင် သူတို့ ဘယ်အချိန်များမှ ထပ်ဖမ်းနိုင်အုံးမလဲဆိုတာ မသိနိုင်ဘူးလေ။
ရီရောင့်သုန်းတစ်ယောက် မနေနိုင်တော့ဘဲ 
 
“ဒီငါးက တစ်ကျင်းဘယ်လောက်လဲ? မင်းတို့ ဒီလောက်အများကြီးဖမ်းနေတာ ရောင်းရလွယ်လို့လား?”
“ဒီငါးက ဈေးကြီးတယ်၊ အခုဆို တစ်ကျင်းကို နှစ်ဆင့်လောက်ပေါ့ မြက်စားငါးကြင်းတောင်မှ တစ်ကျင်းကို ၅ ဆင့်လောက်ပဲရှိတာ၊ များများဖမ်းရမှာပေါ့ ဒီငါးက ရှားတယ်လေ”
 
“ငိုး ဒီရေချိုငါးက ၂ ဆင့်တောင် ရနိုင်တယ်?”
 
မအံ့ဩတော့ဘူး တစ်ကောင်ကို ၁ ယွမ်၊ ၂ ယွမ်လောက်ပဲ ထား အကောင်တစ်ရာသာမိရင် ယွမ်တစ်ရာ၊ ယွမ်နှစ်ရာလောက်က အသာလေးရမှာပေါ့? ဒီငါးကိုသာ မဖမ်းရင် ရူးနေလို့ပဲနေမှာ!
“ဟုတ်တယ် တချို့ရေချိုငါးတွေက ပင်လယ်ငါးတွေထက်တော့ ဈေးမပေါဘူး၊ ငါတို့ ဒီငါးကို မတွေ့ရတော့တာ နှစ်တော်တော်ကြာနေပြီ၊ လွန်ခဲ့တဲ့နှစ်နှစ်က စက်ရုံတွေအများကြီးဆောက်လာတော့ ရေအရည်အသွေးက မကောင်းတော့ဘူးလို့ ငါတို့ထင်လိုက်တာ၊ ဒီမှာရှိနေတာ မြင်ရတော့ ငါတို့ရေအရည်အသွေးက ကောင်း‌နေသေးတဲ့ပုံပဲ”
 
“မြန်မြန်ဖမ်းလေကွာ အများကြီး ထွက်ပြေးကုန်ကြပြီ”
ယခုအချိန်တွင် စကားပြောဖို့ရာအတွက် သူတို့တွင် အာရုံမရှိချေ။ ပိုရှာနိုင်လေ ပိုက်ဆံပိုရလေပင်။
 
ရီရောင့်သုန်းတစ်ယောက် ကမ်းစပ်ပေါ်တွင် ထိုင်ကာ ငါးချည်ရင်းဖြင့် အလုပ်များနေ၏။ ညီအကိုနှစ်ယောက်က စစ်ငါးများထွက်ပြေးသွားသည့်တိုင်အောင် ရေထဲငုံ့ကြည့်ပြီး စစ်ငါးတစ်ကောင်တစ်လေမှ မတွေ့ရတော့သည့်အခါမှပင် လက်လျှော့ကြတော့သည်။
 
သူတို့ မြေပေါ်တွင်ချည်နှောင်ထားသည့် ငါးများကို ကြည့်ကာ အလွန် ကျေနပ်သွားကြသည်။ နောက်ဆုံးတော့ တရုတ်ငါးကြင်းကြီးဆုံးရှုံးမှုအတွက် အလျော်ပြန်ရလာခဲ့လေပြီ။
 
 
ရီရောင့်သုန်းက လက်ကိုမရပ်မနားဖြင့် 
“ကိုယ့်ဘာသာကြည့်လေ မြေပေါ်မှာတော့ ဒါဇင်လောက်ရှိတယ်မလား?”
 
နှစ်ယောက်သားမှာ ရေတွက်ကြည့်ဖို့ပင် မစောင့်နိုင်တော့ချေ။
 
သူက ပုံးကို ခါကြည့်ကာ စစ်ငါးက နှစ်ကြိမ်ခုန်လိုက်သေးပြီး 

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now