Chapter 41

1.9K 159 0
                                    

Chapter 41
November 10, 2023
အပိုင်း (၄၁)

ရီရောင့်သုန်းက မျက်လုံးလှည့်လိုက်သည်။ သူတို့ရှေ့မှာ ရောက်နေပေမယ့် အမေက မလိုအပ်တဲ့ မေးခွန်းတွေ မေးနေတုန်းပင်၊ ဒါဟာ သူ့ကို ဘယ်လောက် မယုံကြည်ကြောင်း ပြသနေသည်။

"အမေ ကိုယ်တိုင်လည်း မြင်နေတာပဲကို၊ ဘာလို့မေးနေသေးတာလဲ"

"မင်း ဘယ်တုန်းက ပင်လယ်ထွက်သွားတာလဲ။ ကြိုမပြောသွားဘူး၊ ဘယ်သူ့ လှေနဲ့သွားတာလဲ"

"ကျွန်တော် နေ့လည်က အပြင်ထွက်မယ်လို့ ပြောခဲ့တယ်လေဗျာ၊ မထွက်ခင် စားဖို့ အားချင်းကို စောစောစီးစီး ခေါက်ဆွဲတောင် ပြုတ်ခိုင်းလိုက်သေးတယ်! လှေငှားပြီး သွားခဲ့တာ"

"နာရီ အနည်းငယ်ပဲ ရှိသေးတယ်၊ မင်းက..."

"အိုး...ခဏစောင့်၊ နောက်မှ သားတို့ ဆက်ပြောကြ

ရအောင်၊ အခု အလုပ်များနေလို့၊ လှေပေါ်မှာ ငါးတွေကျန်သေးတယ်။ အမေ့ကို မရှင်းပြခင် အကုန်ချလိုက်အုံးမယ်" မျက်မှောင်ကြုတ်ကာ သူ့အမေ၏မေးခွန်းများကို ဖြတ်တောက်လိုက်သည်။ အခုက အသေးစိတ်ရှင်းပြနေရမည့်အချိန်မဟုတ်ပေ။ ဦးစားပေးအရာကတော့ ငါးတွေအားလုံးကို အရင်ထုတ်ဖို့ပင်။

စူးစမ်းလိုစိတ်ရှိသော ရွာသားများသည် အံ့သြစွာ မျက်လုံးပြူးသွားကြသည်။ "နောက်ထပ်ရှိသေးလား။ မင်းဟာက မပြီးသေးဘူးလား"

"တောက် တောက် တောက် ~ ရီမိသားစုက ချမ်းသာပြန်ပြီ၊ မင်းတို့မိသားစုရဲ့ ငွေကြေးကံက အခုနောက်ပိုင်း ဘယ်လိုလုပ် ကောင်းလာတာလဲ။ မာဇူးကို ကိုးကွယ်နေကြတာလား"

အပြုံးလေးနှင့် အမေရီက ကြည့်ရှုသူတွေကို "ဟုတ်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပင်လယ်ပြင်ထွက်တာ ပထမဆုံးအကြိမ်လေ၊ ဒါကြောင့် မာဇူး ကို ဂါရဝပြုပြီး မိသားစုအတွက် ချောမွေ့စွာ

ရွက်လွှင့်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တာ"

"တကယ်တော့ ကံကောင်းခြင်းတွေရောက်လာရင် ဘယ်အရာကမှ တားလို့မရပါဘူး။ ရောင့်သုန်းတောင် ပင်လယ်ပြင်ထွက်ရင်း ငါးကွမ်းရှပ်အများအပြားကို ဖမ်းနိုင်ခဲ့တယ်‌လေ။ ဒီကောင်လေး တကယ်တိုးတက်လာပြီ"

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now