အပိုင်း (၁၂၈)
သူ လူအုပ်ထဲ တိုးဝင်လို့မရသေးခင် ယူနီဖောင်းနှင့် ဦးထုပ်များဆောင်းထားကြသည့် လူအချို့က သူတို့အနောက်တွင် စက်ဘီးသမားများနှင့်အတူ တောက်ပြောင်နေသည့် မော်တော်ဆိုင်ကယ်များကိုစီးကာ ဖြည်းဖြည်းချင်း လမ်းပေါ်မောင်းသွားကြသည်ကို တွေ့လိုက်ရသည်။ လူအုပ်ကြီးထံမှ သူကြားလိုက်ရသည်မှာ ထိုသူများက မြို့ပေါ်မှ ကေဒါများတဲ့။
မျက်စိရှင်လှသည့် ရီရောင့်သုန်းက လူအုပ်ထဲမှနေ၍ စက်ဘီးပေါ်မှလူတစ်ယောက်ကို လှမ်းမြင်လိုက်သည်။
အဲ့ဒါ မနက်စောစော ရုတ်တရက်ကြီးပျောက်သွားတဲ့ သူ့ရဲ့ဒုတိယယောက်ဖမဟုတ်လား?
အစက သူသွားမလို့ပဲကို၊ ဒါပေမဲ့ သူက မိုးတောင်မလင်းသေးခင် သမုဒ္ဒရာရေးရာနဲ့ ငါးလုပ်ငန်းငှာနဗျူရိုဆီ သွားခဲ့တာပေါ့?
ဒီလိုအတင့်ရဲလှသည့် ပုဂ္ဂိုလ်အား အမှန်တကယ်ကို အပေါ်ကြည့်ပြီး ဆုံးဖြတ်လို့မရပေ။ သူ၏ဒုတိယယောက်ဖက အတော်လေး ရိုးသားလှသည်လို့ သူ အမြဲတမ်းတွေးထင်ခဲ့သည်။
ရီရောင့်သုန်းလည်း သူပစ္စည်းများကို ဆွဲကာ အနောက်မှ အမြန်လိုက်လေသည်။
ရွာသားအုပ်ကြီးမှာလည်း သူတို့အလုပ်များကို ပစ်ချကာ အနောက်မှလိုက်လာကြသည်။ ကျေးလက်ဒေသများတွင် ယခုလိုစိတ်လှုပ်ရှားမှုမျိုးက မြင်ရခဲမဟုတ်လား။ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် လူအများအပြားက စုရုံးရောက်လာကြတော့သည်။
ရီရောင့်သုန်းလည်း သူ့ဇနီး အိမ်ထဲမှပြေးထွက်လာသည်အား လှမ်းမြင်လိုက်သဖြင့် သူ့လက်ထဲမှပစ္စည်းများကို သူ(မ)ထံ ကမ်းပေးရင်းဖြင့် အိမ်အရင်ပြန်ခိုင်းလိုက်သည်။
“မင်း ကြည့်ချင်ရင် နောက်မှ မင်းအိမ်ရဲ့ လမ်းကြားထဲကနေ မြစ်ခွဲထွက်တဲ့လမ်းကို လာခဲ့”
ဇနီးဖြစ်သူအား ပြောပြီးနောက်တွင် နေရာကောင်းမရမည်စိုး၍လည်း သူတို့အနောက်ကနေ အမြန်ပြေးလိုက်လေ၏။
တရုတ်ငါးကြင်းကြီးက သမုဒ္ဒရာရေးရာနှင့် ငါးလုပ်ငန်းငှာနမှ ပုဂ္ဂိုလ်များအား တကယ်ကို ဆွဲဆောင်နိုင်လိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ ဒီအရာရှိတွေကပဲ အရမ်းစိတ်အားထက်သန်နေကြတာလား? လက်ရှိအရာရှိတွေကပဲ အရမ်းတွေအရည်အချင်းရှိနေကြတာလား?
ရီရောင့်သုန်း လူအုပ်ကြီးနောက်မှလိုက်ကာ တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။ သူတို့ မနေ့ညက ပုစွန်လှောင်အိမ်ချခဲ့သည့် မြစ်လက်တက်နေရာမှ မီတာ ၅၀ အကွာသို့ ရောက်သည်နှင့် လူအုပ်ကြီးမှာ ဆက်မရွေ့ကြတော့သလို သူတို့ ခြေတစ်လှမ်းပင် ရွှေ့လို့မရတော့ချေ။
သူ့ခေါင်းအား ဟိုဟိုသည်သည်ဆန့်ထုတ်ကြည့်လိုက်သည်။ လူတွေ အနီးနားမကပ်လာစေရန်အတွက် ကြိုးဝိုင်းတားထားခြင်း ဖြစ်နေ၏။
ဘယ်လိုလုပ်ရတော့မှာလဲ?
အနီးနားမကပ်နိုင်သည့် ရွာသားအများအပြားက မြစ်တစ်ဖက်သို့ ပြေးသွားကြသည်ကို မြင်သည်နှင့် ရီရောင့်သုန်းလည်း တစ်ခါတည်း အရှေ့သို့ တိုးဝင်ကာ
“တောင်းပန်ပါတယ်၊ ပေး...ပေးဝင်ပါအုံး၊ ကျွန်တော်က သူ့...သူ့ လင်းရှန်ရုန်ယောက်..ယောက်ဖပါ...”
အစောင့်ကို ရှင်းပြပြီးနောက်တွင် သူက အတန်ကြာ တုံ့ဆိုင်းနေသော်လည်း သူ့အား အထဲပေးဝင်လိုက်၏။
သူ သူ့အနားသို့ တိုးသွားသည်နှင့် ဒုတိယယောက်ဖက လူအုပ်ကြီးအား သူတို့ ငါးကြီးအား ထိုနေရာတွင် ဖမ်းမိခဲ့ကြသဖြင့် ဤနေရာနားတစ်ဝိုက်ကို ရှာဖွေကြည့်ကြရန် ပြောနေသည်အား ကြားလိုက်ရသည်။
“ဒီနေရာမှာ ရှိနေသေးတာလားတော့ မသေချာဘူး၊ ကွန်ကို ကျယ်ကျယ်ဖြန့်ချ မဟုတ်လည်း ဖမ်းမိဖို့ ညဘက်ထိ စောင့်ကြည့်ပေါ့”
အရပ်မြင့်မြင့်၊ ဒေါင်ကောင်းကောင်း တရုတ်မျက်နှာပေါက်နှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က တစ်ဖက်သို့ လှည့်လာပြီး
