Chapter 35

1.7K 127 1
                                    

Chapter 35
November 05, 2023
အပိုင်း (၃၅)

ရီရောင့်သုန်းက အဘွားကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး "အဖွား၊ သားလည်း အသက်ကြီးလာပြီ၊ ကလေး မဟုတ်တော့ဘူး၊ နောက်တစ်ခါ ကြက်ဥထပ်မခိုးနဲ့‌နော်၊ အမေသိရင် သားကို အများကြီး ဆူလိမ့်မယ်။ သားရဲ့အရေခွံကိုပါ လှံပစ်လိမ့်မယ်"

"ရပါတယ်၊ မင်း မပြောရင် သူ သိမှာ မဟုတ်ဘူး။ အပြင်ထွက်ပြီး ခဏသွားကစား၊ ပြီးရင် ပြန်လာခဲ့"

သြော် အဘွား အမြင်မှာတော့ သူက ကလေးပဲ ရှိသေးတာပဲ။

"သွား၊ သွားကစား‌တော့၊ တံခါးဝမှာပဲ ရပ်မနေနဲ့"

သူမ၏ တိုက်တွန်းမှု အောက်တွင် သူ ထွက်သွား‌လိုက်တော့သည်။ အစတည်းက အားဂွမ်းတို့အိမ်သို့ သွားရန် ကြံခဲ့သည်။ ယခုတော့ သူ့ရင်ထဲတွင် အလွန် ခံစားသွားရသည်။

အဘွားအတွက် အံကပ် ဝယ်ပေးရန် ငွေရှာချင်စိတ်သည် ပြင်းပြလာသည်။ သူ ပြောခဲ့သော စကားများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်သည်။ သူမ အသက်အရွယ်အရဆို မလဲကျခဲ့ရင် ကောင်းမွန်တဲ့နှစ်တွေ အများကြီး ရှင်ကျန်နေပါသေးသည်။

သည်နေ့ သူ နည်းနည်းစောပြီး နိုးလာသဖြင့် အားဂွမ်းတို့ အိမ်ကို ရောက်‌သောအခါ သကောင့်သားကအိပ်ရာက မထသေးချေ။

"ဘယ်နှစ်နာရီရှိပြီလဲ" အားဂွမ်းသည် သူ့စောင်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အိပ်ချင်မူးတူးပုံစံဖြင့် ပြောလာသည်။

"ငါ အိမ်က ၆:၃၀ မှာထွက်ခဲ့တာ၊ အခုဆို ၆:၄၀ လောက်ရှိပြီပေါ့"

"ဟင်" အားဂွမ်းက မယုံကြည်နိုင်စွာ ခေါင်းကို မြှောက်လိုက်ပြီး မျက်လုံးတစ်ဖက်ကို ဖွင့်လိုက်သည်။ "မင်း ရူးနေတာလား။ ဒီအချိန်ကြီး ဘာမှလုပ်စရာလည်းမရှိပဲနဲ့ ဘာလို့ မနက် အစောကြီးလာတာလဲ"

"ငါပြောမယ် မင်း အခု ထပြီး သေးသွားပေါက်လိုက်တော့"

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now