Chapter 88

1.6K 156 0
                                    

အပိုင်း (၈၈)


နေပူပူကြီးအောက် ပင်လက် ကြက်ခြေထောက်ပုံးကို ကိုင်ရင်း ရီရောင့်သုန်း တစ်ယောက် လမ်းလျှောက်ချင်စိတ် အတော်လေး ရှိမနေပေ။

သူတို့ ရွာကနေ မြို့အထိဆိုလျှင် ကားဖြင့် ဆယ်မိနစ်ခန့် ကြာသော်လည်း လမ်းလျှောက်လျှင် တစ်နာရီလောက် အချိန်ပေးရသည်။ ယခုလို ပူအိုက်လှသည့် နေ့ကြီးတွင် လမ်းဘေးတွင် လမ်းလျှောက်နေရင်းဖြင့် သူတစ်ကိုယ်လုံး ချွေးဒီးဒီး ကျနေပြီဖြစ်သည်။

သို့သော်လည်း ဖြတ်သွားဖြတ်လာ ကားများ စောင့်ရသည်မှာက ခက်ခဲလှသဖြင့် လမ်းလျှောက်ရင်းဖြင့်သာ စောင့်ကြည့်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ အပြင်ထွက်သည့် အချိန်တုန်းက ပိန်းရွက်ဖြင့် ပုံးကို ဖုံးထားပေလို့ မဟုတ်လျှင် ပင်လယ် ကြက်ခြေထောက်များ လောင်သွားလိမ့်မည်ပင်။

လမ်းလျှောက်ရင်း လျှောက်ရင်းဖြင့် ကားတစ်စီးမှမတွေ့လိုက်ရဘဲ မြို့ပေါ် ရောက်သွားလေတော့သည်။

ငါ့ခြေထောက်လေးတွေတော့ ...

ရီရောင့်သုန်း လမ်းဘေးရှိ အရိပ်ရ အပင်အောက်တွင် ထိုင်ချလိုက်ပြီး သူ့ခြေထောက်ကို အရင်အနားပေးနေချိန် မမျှော်လင့်ထားစွာဖြင့် ထော်လာဂျီ တစ်စီး သူ့အရှေ့ကနေ ဖြတ်မောင်းသွားလေသည်။

"ချီး၊ စောစောစီးစီးကဖြင့် မလာဘူး။ လောင်ဇစ်ရောက်ခါနီးတော့မှပဲ ထော်လာဂျီ တစ်စီးက ရောက်လာရတယ်လို့"

ဘုရားသခင်ကများ ငါ့ကို တမင်သက်သက် လမ်းလျှောက်ခိုင်းချင်နေတာများလား။

သေလုနီးပါးပဲ။

ရေ နှစ်ငုံ သောက်ပြီး နှစ်မိနစ်အကြာ ထိုင်ပြီးနောက်တွင်သာ မတ်တပ် ထရပ်ပြီး ဖင်ကို ခါကာ ဟုန်းရှန် ဟိုတယ်ဆီ တစ်ခါတည်း ဦးတည်လိုက်သည်။ ယခုအချိန်ကာ ၈နာရီခွဲ ဝန်းကျင်သာ ရှိသေးပြီး သူတို့ ဖွင့်ပါ့မလားကို သူ မသိသေးချေ။

အနှစ် လေးဆယ် ကြာပြီးနောက်တွင် ဟုန်းရှန်ဟိုတယ်က မူလနေရာတွင် ရှိနေဆဲဖြစ်သော်လည်း ခေတ်သစ်လူများ၏ အနုပညာရသနှင့်အညီ ပိုမိုဖြာထွက်နေအောင် ပြုပြင်မွမ်းမံခဲ့သည်။

ယခုအချိန်ရှိ ဟုန်းရှန် ဟိုတယ်က သူ့အတွက် အနည်းငယ် ခေတ်နောက်ကျပုံ ပေါ်သော်လည်း အနီးအနား ခရိုင်များတွင် ဟုန်းရှန်ကသာ အကောင်းဆုံး ဖြစ်သည်။ ခရိုင်အတွင်းရှိ တချို့ဟိုတယ်များက ဟုန်ရှန်လောက် မကြီးပြီး ဟုန်းရှန်းဟိုတယ်တွင် ကစားလို့ ရနိုင်သည့် လှည့်ကွက်ပေါင်း များစွာ ရှိလေသည်။ မည်သို့ဆိုစေ သူတို့မြို့က ဆိပ်ကမ်းမြို့တော်ဖြစ်ပြီး ဝင်ချည်၊ ထွက်ချည်ပြုလုပ်နေကြသည့် ထိုင်ဝမ် စီးပွားရေးသမားများစွာ ရှိလေ၏။

ရီရောင့်သုန်းက ညစ်နွမ်းနွမ်း အင်္ကျီကို ဝတ်ဆင်ထားလေပြီး စစ်ဖိနပ်ဟောင်းဖြင့် ပုံးကို ဆွဲထားသော်လည်း မည်သည့် ရှက်ကြောက်မှုမျိုးမှ မခံစားရချေ။ သူက ခေါင်းမော့ ရင်ကော့ပြီး အထဲသို့ ဝင်ပြီး မေးတော့မည့်အချိန်၊ သူတံခါး ဖွင့်လိုက်သည်နှင့် လုံခြုံရေးက သူ့ကို လာတားလိမ့်မည်လို့ ဘယ်သူက တွေးမိမှာလဲ။

သူက အကြောင်းပြချက်ကို ရှင်းပြပြီးနောက်တွင် လုံခြုံရေးက သူ့ကို တံခါးရှေ့တွင် အရင် စောင့်နေရန် ပြောလာခဲ့ပြီး သူက တာဝန်ရှိ ပုဂ္ဂိုလ်အား သွားခေါ်ပေးရန် ထွက်သွားခဲ့သည်။

မမျှော်လင့်ထားစွာဖြင့် ဝတ်စုံ အပြည့်နှင့် လည်သာဖိနပ် စီးထားသည့် ခွေးလိုလူက သူ့ပုံးကို တစ်ချက်ကြည့်ကာ လက်ဝါးကောင်တွေလား ဟု အမေးပြုပြီး ချက်ချင်းလှည့်ထွက်သွား၏။

"ဟေ့၊ နေပါဦး။ ဒါ လက်ဝါးကောင်တွေ မဟုတ်ဘူးဗျ၊ ပင်လယ် ကြက်ခြေထောက်တွေ"

"ဘာကို ပင်လယ် ကြက်ခြေထောက်တွေ၊ ပင်လယ် ဘဲခြေထောက်တွေ လုပ်နေတာလဲ။ ပြဿနာ လာရှာမနေနဲ့"

ရီရောင့်သုန်း သူ့ နောက်ကျောပြင်ကို ကြည့်ပြီး စိတ်ထဲမှလည်း သက်ပြင်းချလိုက်မိတော့သည်။

'ထားလိုက်တော့။ လက်ဝါးကောင် ရောင်းဖို့နဲ့ အချိန်တွေ ဖြုန်းမိသွားတာပဲ၊ အစကတည်းက အိမ်မှာယူထားပြီး သူ့ဘာသူပဲ စားလိုက်ရမှာ၊ 'ငရဲမှ ပင်လယ်စာ' ၊ 'ပင်လယ်ရဲ့ဝက်ပေါင်ခြောက်' ဆိုတဲ့အရသာက ဘယ်လိုဆိုတာကို သူ့ဘာသာပဲ မြည်းကြည့်တော့မယ်'

သူ ပုံးကို ထွက်သွားတော့မလို့ ဟန်ပြင်လိုက်စဉ် သူ မမျှော်လင့်ထားသည်မှာက တံခါးကို တွန်းဖွင့်ပြီး လူငယ်လေး တစ်ယောက် ထွက်လာလိမ့်မည်လို့ပင်။

"နေပါဦး အစ်ကို၊ အစ်ကိုက ပင်လယ် ကြက်ခြေထောက် လာရောင်းတာလား"

ရီရောင့်သုန်းက သူ့ခေါင်းကို လှည့်လိုက်သည်နှင့် မြင်လိုက်ရသည့် လူကြောင့် သူ့မျက်လုံးများ ဝင်းလက်သွား၏။ 'ဒါ ဒါ၊ ဟုန်းရှန်ရဲ့ မင်းသားလေး ဟုန်းဝမ်လေ့မလား၊ သူ့ အနောက်ကနေပြီး ထွက်လာသည့် နိုင်ငံခြားသား နှစ်ယောက်ကို မြင်သည်နှင့် သူ အလွန် ပျော်ရွှင်သွားရတော့သည်။ 'ပစ္စည်းအကြောင်း သိတဲ့လူတွေကတော့ ရောက်လို့လာပြီပဲဟေ့'

"ဟုတ်တယ်။ မနေ့က အသက်နဲ့ ရင်းပြီး ပင်လယ် ကြက်ခြေထောက်တွေ သွားတူးလာခဲ့တာ၊ ဒါပေမဲ့ မင်းတို့လို ဟိုတယ်ကြီးက ပစ္စည်းကောင်းက ဘာမှန်းတောင် ဘယ်သူမှ မသိကြဘူး"

သူ့အနောက်က နိုင်ငံခြားသားကြီး နှစ်ယောက်ကလည်း သူ့ပုံးထဲက ပစ္စည်းကို လှမ်းကြည့်ပြီး သူ နားမလည်သည့် စကားများကို စိတ်လှုပ်ရှားစွာ ပြောလာကြသည်။

ရီရောင့်သုန်း ဘယ်တစ်လှည့်၊ ညာတစ်လှည့် ကြည့်လိုက်ပြီး သူတို့ အမူအရာကို ကြည့်ပြီး သူပြောလို့ရသည့် တစ်ခုမှာ သူတို့တွေ အလွန် ပျော်နေကြတယ်ဆိုတာပင်။ ဟုန်းဝမ်လေ့ကလည်း သူတို့နှင့်အတူ အပြုံးဖြင့် စကားပြောနေပြီး၊ ခွေးနှင့်တူသည့် လူကြီးက ယခုလေးတင် သူ့ ဘေးနားတွင် ရပ်နေပြီး ခေါင်းတညိတ်ညိတ်နှင့် ဦးညွှတ်ထား၏။

သူ စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး စိတ်ထဲတွင် မကျေမနပ် ရေရွတ်နေလေ၏။ 'ညီအစ်ကိုတို့၊ အရင်ဆုံး ငါ့ကို တရုတ်လို ပြောပေးလို့ မရဘူးလား။ ဈေးက နောက်မှပြောကြပါလား။ နေက ဒီလောက်ပူနေတာကြီးကိုဟ"

သူ့နဖူးထက်မှ ချွေးကို သုတ်လိုက်ပြီး တံစက်မြိတ်အောက်ကို လျှောက်သွားလိုက်သည်။

"နေပါဦး။ မသွားပါနဲ့ဦး။ ကျွန်တော် အဲ့ဒါ လိုချင်ပါတယ်"

"ဘယ်လောက်လဲ။ ဈေး အရမ်းနည်းရင်တော့ မရောင်းဘူးနော်"

"ပိုက်‌ဆံ နည်းတာ များတာက ကိစ္စမရှိဘူး၊ ကျွန်တော် မထင်မှတ်ထားတာက ကျွန်တော်တို့လို ဒီလို နေရာသေးသေးလေးမှာ ပင်လယ် ကြက်ခြေထောက်အကြောင်းကို သိတဲ့သူ ရှိပါသေးလားလို့လေ၊ အစ်ကိုက တော်တော် သိတာပဲနော်"

"ရတယ်၊ မင်း ဘယ်လောက်နဲ့ ပေးမှာလဲ"

ရီရောင့်သုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူက သူတို့နှင့် လမ်းကြောင်း မတူပြီး တစ်ပါးသူဆီမှလည်း မည်သည့် အကျိုးအမြတ်ကိုမှ မမျှော်လင့်သဖြင့် သူ ဤပုံးထဲမှ ပစ္စည်းအား ရောင်းနိုင်နေသရွေ့ တခြားသူများအား အလိုလိုက် အကြိုက်ဆောင်နေစရာ မလိုပါချေ။

"ဒါတွေက စပိန်၊ ပြင်သစ်နဲ့ ပေါ်တူဂွေတို့လို ကျောက်ဆောင် ကမ်းခြေတွေမှာ အကောင်းဆုံးပဲ၊ စပိန်မြောက်ပိုင်းက Costa Da Morte ပင်လယ်ဘက်မှာဆို ပင်လယ် ကြက်ခြေထောက် အရင်းမြစ်က အကောင်းတကာ့ အကောင်းဆုံးပဲ၊ ဒီပင်လယ်ကြက်ခြေထောက်ကကျ ကောင်းပါ့မလားဆိုတာတော့ ကျွန်တော် မသိဘူး"

ဟ၊ ဝှက်သဖက်။

ရီရောင့်သုန်း မျက်မှောင်ကြုတ်ပြီး သူ ပြောတာကို နားထောင်နေသော်လည်း သူ ဈေးအကြောင်း မပြောသည်က သူ့ကို အတော်လေး စိတ်ဓာတ်ကျစေ၏။

"စားကြည့်ရင် သိမှာပဲလေ၊ ဒီမှာကတော့ ဒီလောက်ပဲ ရှိတယ်၊ မင်း မလိုချင်ရင် အိမ်ပြန်ယူသွားပြီး ငါ့ဘာသာပဲ စားတော့မယ်"

"အာ၊ မဟုတ်ပါဘူး၊ လိုချင်ပါတယ်။ အစ်ကို ဘယ်လောက်နဲ့ ရောင်းဖို့ စီစဉ်ထားလဲ။ ဒီမှာ ဘယ်နှကျင်းရှိလဲ"

"စုစုပေါင်း ၅ ကျင်းနဲ့ ၂ တေးလ်၊ မင်းအတွက်တော့ ဈေးပေါလောက်မှာပါ။ တစ်ကျင်းကို ယွမ် ၂၀ နဲ့ ဒီဟာတွေ အားလုံးကို ယွမ် တစ်ရာနဲ့ပဲ ထားပေးမယ်၊ နိုင်ငံခြားမှာဆို သည့်ထက်ပိုပြီး ဈေးကောင်းရမှာပါ"

သူက ပါးစပ်ထဲရှိရာ ဈေးခေါ်လိုက်ခြင်းပေ။ လက်ရှိ ယွမ် ၂၀ က နောက်ပိုင်း မျိုးဆက်များတွင် ယွမ်၂၀၀၀ နှင့် ညီမျှ၏။ ယခုလက်ရှိတွင် အနှီပင်လယ်စာက မည်မျှ ပေါက်ဈေး ရှိမှန်း သူ မသိသော်လည်း ဆယ်စုနှစ် အနည်းငယ်အတွင်း ဤအရည်အသွေး ကောင်းသည့် ပင်လယ်စာကို တစ်ကျင်းလျှင် ယူရို ရာပေါင်း များစွာဖြင့် ရောင်းချနိုင်သည်ကို သူသိသည်။

သူ အနှီဟာကို တစ်ည သိပ်ပြီးသွားသည်မို့ ဈေးကို လျှော့တောင်းပြီး တစ်ဖက်မှ သူ့အား တစ်ခါတည်း ပိုက်ဆံ ရှင်‌ပေးလို့ရအောင်ပင်။ အနှီပစ္စည်းကို စျေးကွက်ထဲတွင် မဝယ်နိုင်သော်လည်း ချမ်းသာသည့်မိသားစု၏ သခင်ငယ်လေးက ဤဈေးကို ပေးပါ့မလားတော့ သူမသိပေ။

လူချမ်းသာများအတွက် ဒေါ်လာ အနည်းငယ်က ဘာမျှ မပြောသာလောက်ပေ။ အနှီ နိုင်ငံခြားသားများက သူ့ သူငယ်ချင်းများ ဖြစ်ဟန်တူပြီး ပိုက်ဆံထက် မျက်နှာက ပိုပြီး အရေးကြီးမည့်ပုံပင်။

သူ ဒီအကွက်ကိုပဲ ရွယ်လိုက်တာ။

"အိုခေ၊ အကုန်လုံး ကျွန်တော့်ကို ပေး"

ဟုန်းဝမ်လေ့က ထိုအတွက် တစ်ခါတည်း ငွေပေးချေပြီး သူ့အတွက် ငွေ စာရွက် ဆယ်ရွက် ထုတ်ပေးကာ အနောက်ရှိလူများကို စဖိုခန်းဆီ တစ်ခါတည်း ယူသွားရန် ညွှန်ကြားလိုက်သည်။

ရီရောင့်သုန်းက ပျော်ရွှင်စွာယူလိုက်ပြီး :

"ကျေးဇူးတင်ပါတယ်။ မင်းက တကယ် ပစ္စည်းအကြောင်း ကောင်းကောင်း သိတာပဲ၊ ပုံးကိုတော့ ဆေးပြီး ငါ့ကို ပြန်လာပေးအုံး၊ ဘယ်လောက်မှတော့မတန်ပေမဲ့ နောက်ကျ ပြန်သုံးရအုံးမှာ"

"အိုခေ၊ နောက်တစ်ခါကျ ပင်လယ် ကြက်ခြေထောက်တွေတွေ့ရင် ဒီကို ပို့လာခဲ့ပေးပါ၊ အခြားရှားပါး ပစ္စည်းတွေဆိုလည်း ရတယ်"

"အိုခေ"

ပိုက်ဆံ ပေးပြီးပြီဆိုတော့ ကြိုက်ရာပြော၊ အကုန်နားထောင်ပေးမယ်။

ရီရောင့်သုန်း တစ်ယောက် အိတ်ကပ်ထဲတွင် ယွမ်တစ်ရာ တန်ဖိုးရှိ ပိုက်ဆံထုတ်ကြီးဖြင့် ပျော်ရွှင်စွာ လမ်းလျှောက်သွားလေပြီး နှလုံးသားထဲတွင် ပျော်ရွှင်မှုလေး ဂယက်ထနေကာ နေထိန်းတောက်နေသည်ကိုပင် မမှုတော့ချေ။

လမ်းပေါ်တွင် ကြော်ရောင်းနေသည့် ပန်ကိတ်ကို မြင်ချိန်တွင် တစ်လုံး ကောက်ဝယ်လိုက်၏။ ယခုလို ခရီးရှည်ကြီးကို လမ်းလျှောက်ပြီးနောက်တွင်တော့ မနက်ခင်းပိုင်းက စားခဲ့သည့် ဆန်ပြုတ် တစ်ပန်းကန်မှာ အစာခြေနှင့် ပြီးသွားပြီပင်။

တစ်ကိုက် ကိုက်ပြီးနောက် ၎င်းက အလွန်ကို ကြွပ်ရွပြီး မွှေးပျံ့နေလေ၏။

"ကျွန်တော့်ကို ဖယောင်းကိတ်လေးပါ တစ်ခု ပေးပါ။ ပြီးတော့ အလယ်ကို ဓားနဲ့ ပိုင်းပေး"

ပိုပြီး အရသာရှိအောင် အလယ်တွင် သူ ညှပ်ထည့်စားချင်၏။

"ပန်ကိတ် ထပ်ကြော်ပေးပါ၊ အင်း...၁၆ ခု"

တစ်ချပ်ကို ခြောက်ဆင့်သာ ရှိ၍ တစ်ယွမ်ကျော်သာ ကျသင့်မည် ဖြစ်သည်။ သူ ‌ယနေ့တွင် ပိုက်ဆံအများကြီး ရှာနိုင်ခဲ့သဖြင့် သူ့မိသားစု အယောက်စီတိုင်းကို ဆုအဖြစ် ကျွေးမွေးရပေမည်။

မိသားစုက မခွဲရသေးသည် ဖြစ်သဖြင့်လည်း သူ့မိသားစုချည်းပဲ စားလို့က မဖြစ်ချေ။ အခြားသော ကလေးများလည်း သရေ ကျနေလောက်မည် ဖြစ်ကာ အားလုံးကို တစ်ခုစီ ပေးသည်က ပိုကောင်းလိမ့်မည်။ ဗိုက်လည်း ပြည့်သလို ဈေးလည်း မကြီးပါချေ။

အားလုံးကို သတင်းစာနှင့် ပတ်ပြီး ဆေးထားသည့်ပုံးအလွတ်ထဲ ထည့်လိုက်သည်။ ဘေးခန်းမှ အဆာသွပ်မုန့်ဆိုင်က ဖွင့်တော့မည် ဖြစ်ကြောင်း သူတွေ့လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ခေါက်ဆွဲ နှစ်ထုပ်နှင့် လက်ဖက်ကိတ်ကို ကလေးအများကြီးနှင့် ဝေမျှစားရသော်လည်း သူ့ဇနီးက တစ်လုပ်ပင် မစားလိုက်ရချေ။ သူ(မ)က ၎င်းကို အလွန်ကြိုက်သည်အား သူ မှတ်မိသည်။

ပိုက်ဆံအိတ်ကို ထိလိုက်ပြီး သီးသန့် တစ်ပွဲ ဝယ်လိုက်၏။ အိမ်ပြန်ရောက်တဲ့အချိန်ကျ အခန်းထဲ ထည့်ထားပြီး ကလေးတွေ အိပ်တဲ့အချိန်မှ ထုတ်စားမယ်။

သူ အလွန်ကို ပျော်ရွှင်နေပြီး အင်္ကျီဆိုင် ရှာရန် တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်ကြည့်သော်လည်း အစားစာရောင်းသည့် ဆိုင်များသာ တွေ့လိုက်ရ၏။



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now