Chapter 13

1.7K 189 1
                                    

အပိုင်း(၁၃)


နေ့လည်စာသည် အခုထိ အာလူးဆန်ပြုတ်ပင်။

မိသားစုဝင်များသည့်အတွက် နေ့တိုင်းထမင်းကျွေးရန် ခက်ခဲသည်။ အာလူးဆန်ပြုတ်ကို နေ့တိုင်းကျွေးဖို့ပင် လုံလောက်တဲ့ အာလူးရှိဖို့လိုသေးသည်။

အာလူးများကို နှုတ်နှုတ်ဆင်းကာ အခြောက်ခံ၍ အချိန်အတော်ကြာသိမ်းထားသည်။ ထို့နောက် ထမင်းနှင့်အတူ ချက်လိုက်သောအခါတွင် ထမင်းနည်းနည်းသာထည့်ဖို့လိုသည်။ အဲဒါ့အပြင် ချို၍ အရသာရှိစေသည်။

ဟုတ်တာပေါ့ ရောင့်သုန်းသည် သည်ချိုမြသော အရသာကို သဘောကျခြင်းဖြစ်သည်။ ကျန်မိသားစုများကတော့ နေ့တိုင်းစားနေရ၍ ထူးပြီးချိုသည်ဟု ခံစားရမည်မဟုတ်ပေ။ ဗိုက်ပြည့်ရန်သာ စားနေခြင်းဖြစ်သည်။

မိသားစုလည်း မခွဲရသေး၍ အိမ်တွင် မိသားစုဝင်များသဖြင့် အိုးစားလည်းကြီးသည်။ဟင်းသီးဟင်းရွက်များသည် အနောက်ခြံထဲတွင် စိုက်ပျိုးထား၍ မနေ့နေ့လည်မှ ဖမ်းမိထားသော ပင်လယ်စာတွေအား ဒီနေ့အတွက် ချက်သည်။

ဖမ်းမိသော ငါးသေးသေးလေးတွေသည် ဘာမှသိပ်မဖြစ်မြောက်၍ အခြောက်လှန်းထားလိုက်သည်။အနည်းငယ်ကြီးသော ငါးများသာ ဒီနေ့နေ့လည်စာအတွက် ထည့်ချက်သည်။ ဂဏန်းမျက်လုံး သုံးကောင်သသည်လည်း ထည့်ချက်ရန် အရာမဝင်ပေ။ သည်ဂဏန်းတွေ အစားများပါက ဓာတ်မတည့်မှုဖြစ်စေ၍ ခန္ဓာကိုယ်အား ယားယံစေသည်။ဘယ်သူမှ ဝယ်မည်မဟုတ်ပါ။ သို့သော် ပင်လယ်ထဲ ပြန်လွတ်ဖို့လည်း အဆင်မပြေပေ။ သူတို့မိသားစုအတွက် ဂဏန်းများနေ၍ အကြာကြီးသိမ်းထားပါက ပုပ်သွားမည်ဖြစ်သည်။ ထိုကြောင့် မနေ့ကပင် အိမ်နီးနားချင်းတွေ အမျိုးတွေအား ဝေလိုက်သည်။

လူငယ်များသည် ပြသနာမရှိဘဲ တစ်ကောင် ဒါမှမဟုတ် နှစ်ကောင် စားနိုင်သည်။ သို့ပေမဲ့ လူကြီးများနှင့် ကလေးများသည် မစားတာကောင်းမည်။

ရွှံ့ဂဏန်း ဆယ်ကောင်လောက်ပါ ဖမ်းမိထား၍ ကလေးများစားနိုင်သည်။

ပုဇွန်ဆိတ်တစ်ပန်းကန်နှင့် မနေ့ကတူးထားသော ပင်လယ်ဖရဲစေ့တစ်ပန်းကန်လည်းရှိသည်။၎င်းတို့အား ရောကာ ပြုတ်ပြီး ငရုတ်သီးလေးထည့်ချက်လိုက်ပါက အရသာရှိသော ရာသီစာဖြစ်လာသည်။

မိသားစုအကြိုက်ဆုံးဟင်းလျာ ကမာကြော်လည်းရှိသည်။

သူလည်းကြိုက်သည်။ အဲဒါအတွက် သူတစ်နေ့လုံးအချိန်ကုန်ကာ ကျောက်ဆောင်တွေမှ ခွါထားရခြင်းဖြစ်သည်။

သူစားပွဲတွင် ထိုင်လိုက်သည်နှင့် ကမာကြော်အား အရင်လှမ်းယူလိုက်သည်။ သူ အခု မယူရင် ခဏနေကျ ရှိမယ် မထင်တော့ပါ။ ကမာတွေက သူ့အားပြန်အားဖြည့်ပေးမည့် တန်ဖိုးရှိသော အစားအစာဖြစ်သည်။

“ဦးလေး သုံး၊ ဦးလေး သေးသေးလေးစားပြီး ကျွန်တော့်အတွက် နည်းနည်းချန်ထားပေးလို့ရမလား..”

“မင်းက မလုံလောက်သေးဘူးလား တချိန်လုံးတူနဲ့ လှမ်းယူနေတာ မြင်ပါတယ်”ရောင့်သုန်းသည် သူ့အတွက်ယူကာ သူ့မိန်းမပန်းကန်ထဲလည်း သေချာထည့်ပေးလိုက်သည်။

လင်းရှိုချင်းသည် သူမယောကျာ်းအပြုအမူအား ငေးကြည့်နေရင်း သူမအကြည့်တွေ နူးညံ့လာသည်။ သို့သော် သူမ စားချင်စိတ် မရှိ၍ သားကြီးပန်းကန်ထဲ ထည့်ပေးလိုက်သည်။

ကမာဖွင့်ရသည်မှာ မလွယ်ပေ။ တစ်ပန်းကန်စာရဖို့ ဖွင့်ရသည်မှာ အားအလွန်စိုက်ထုတ်ရသည်။ နေ့တိုင်း အနပ်တိုင်း စားနိုင်သည့်အရာလည်းမဟုတ်ပေ။ နေ့လည်စာနှင့် ညစာစားလိုက်ပါက နက်ဖြန်အတွက်ကျန်မည်ဟု အာမမခံနိုင်ပေ။

“ဦီးလေးလည်း အများကြီးစားတာပဲ”

ရောင့်သုန်းသည် တူအကြီးဖြစ်သူ ရီချန်းဟိုင်အား မျက်စောင်းထိုးလိုက်သည်။ ”ငါ တူးလာတာတဲ့ ကမာတွေကို ငါက စားလို့မရဘူးလား”

“စကားပြောမနေနဲ့ စားစရာရှိတာစားကြ” အမေအော်လိုက်သည်နှင့် အကုန်ငြိမ်ကျသွားသည်။

သည်နေ့နေ့လည်စာသည် တမူထူးခြားစွာ ဟင်းပွဲများများနေသည်။ ခါတိုင်းလိုမဟုတ်ဘဲ လူတိုင်းသည် စကားမပြောကြပေ။ စားစရာရှိတာကို အရသာခံစားနေကြသည်။

အရင်အခြေအနေတွင် ဟင်းပွဲ ၂ခုလောက်နှင့် အရွက်တွေသာ ရှိသည်။ သည်နေ့တွင် ဂဏန်း ပုစွန် ငါး ကမာ များစွာရှိသည်။

ဒါ့အပြင် မနေ့က လှေဖြင့် ပင်လယ်ထဲသွားကာ ငါးဖမ်းပြီး ရှာထားသော ပိုက်ဆံများလည်းရှိသည်။ထိုကြောင့် ဟင်းပွဲဒီလိုများရခြင်းမှာ ဖြစ်သင့်သည်။

အဖေသည် လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။ ”ငါ အိမ်ဆောက်ဖို့ အဖွဲ့အစည်းကို ပြောခဲ့ပြီ။ သူတိုနဲ့ ဆွေးနွေးခဲ့ပြီးပြီ သူတို့က ပင်လယ်နားက မြေနေရာတွေကို ခွဲဝေပေးဖို့ သဘောတူထားတယ် အဲနားကမြေတွေက အလွတ်ကြီး လယ်အတွက်လည်းသုံးမရတော့ အိမ်ဆောက်ဖို့ အဆင်ပြေဆုံးပဲ”

သူတို့ရွာလေးသည် ပင်လယ်ဘေးနားရှိ၍ မြေနေရာသိပ်မပေါလှပေ။ ယခုခွဲဝေပေးမည့်မြေနေရာသည် သူတို့ရွာနှင့် ဘေးနားရွာ သုန်းချောင် ရွာကြားတွင်ရှိသည်။

ရွာနှစ်ခုသည် နီးနီးလေးဖြစ်သည်။ သို့ပေမဲ့ သုန်းချောင်ရွာသည် အနည်းငယ် ပိုသေးသည်။အိမ်ခြေတစ်ရာလောက်ပဲ ရှိသည်။ သူတို့ရွာလို့ ပင်လယ်ဘေးနားတွင် မရှိပေ။ လမ်းဘေးတွင်ရှိသည်။ ထို့ကြောင့်ရေကျချိန်များတွင် သုန်းချောင်ရွာသူများသည် ဘေးနားရှိ ပါရှားရွာသို့လာကာ ပင်လယ်စာတူးကြသည်။

သုန်းချောင်ရွာနှင့် ပါရှားရွာသည် ရင်းနှီးကြသည်။ရောင့်သုန်း အဘွားဖြစ်သူပင် သုန်းချောင်ရွာသူဖြစ်သည်။

အဖေပြောပြီးနောက် ရောင့်သုန်းသည် ဘာအမူအရာမှ မပြဘဲ ဆက်စားနေသည်။ အကြောင်းမှာ အရင်ဘဝတွင် ထိုမြေနေရာတွင် ညီအကိုသုံးယောက် ဘေးကပ်လျင် အိမ်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သူ မသေဆုံးခင်ချိန်အထိ သူ အဲ့နေရာတွင်နေခဲ့သည်။

ကျန်တဲ့သူတွေတော့ သူ့လိုခံစားရမည်မဟုတ်ပါ။အကုန်လုံးသည် ကိုယ့်အိမ်နဲ့ကိုယ် အိမ်ခွဲရမည်ဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။

ဒုတိယအစ်ကို၏ မိန်းမသည် “အဲဒီမြေနေရာက ကောင်းတယ် ပင်လယ်နဲ့နီးတယ် တည့်တည့်သွားတာနဲ့ ရောက်ပြီ”

“အဖေ သမီးတို့ သုံးအိမ်ဆောက်မှာလား”အကြီးဆုံးအကို မိန်းမဖြစ်သူသည် မျက်မှောင်ကျုံကာပြောသည်။

ပုံမှန်ဆို နှစ်အိမ်ဆိုရသည်။ တစ်ယောက်က မိဘတွေအစက်ကြီးလာရင် စောင့်ရှောက်ဖို့ အတူနေရမှာ ဖြစ်သည်။

သို့ရာတွင် ကိုယ့်မိသားစုနှင့်ကိုယ် ခွဲမနေချင်သူ ဘယ်သူရှိလိမ့်။ အကြီးဆုံး ချွေးမပင် တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးရှိနေသည်။အတည်သာ နှစ်အိမ်ပဲဆောက်ပါက အိမ်အိုသည် အကြီးဆုံးသားအတွက် ကျန်လိမ့်မည်။

ရီရောင့်ဖုန်သည် မိန်းမအား နားမလည်သောမျက်နှာဖြင့်ကြည့်ကာ”နှစ်အိမ်ဆို လုံလောက်ပြီလေ ဘာလို့သုံးအိမ်လိုမှာလဲ”

အစ်ကို၏အမြင်တွင် သူသည် သားအကြီးဆုံးဖြစ်၍ မိဘများနှင့်အတူနေကာ စောင့်ရှောက်ခြင်းသည် သင့်တော်သည်။ အသုံးမကျတဲ့ အငယ်ကောင်နှင့် နေခြင်းသည် မဖြစ်သင့်ဟု တွေးသည်။

ရောင့်သုန်းသည် သူ၏အစ်မနှစ်ယောက်အား ကြည့်ကာ နှုတိခမ်းရွှဲ့လိုက်သည်။ သူ့ အစ်ကိုနှစ်ယောက်သည် ဖြူစင်ရိုးသားပါလျက် အမနှစ်ယောက်သည် တစ်ကိုယ်ကောင်းဆန်နေကြသည်။အကြင်နာတရားမရှိကြ။

သူ့အရင်ဘဝတွင် နေ့လည်စာစားပြီး သူအပြင်ထွက်သွားသည်။ ညနေမှ ပြန်လာသဖြင့် ဘာအကြောင်းမှမသိလိုက်ပေ။ အိမ်ခွဲပြီး ဆောက်ပေးမည်ဟုသာ သိရသည်။ ညီအကိုသုံးယောက် တစ်အိမ်စီရမည်ဟုသာ သိရသည်။

အခုမှသာ သူအခြေအနေအစုံကို သိရသည်။

အစ်ကိုကြီး၏ စကားများကို ကြားပြီး အမကြီးသည် စိတ်ပူနေပုံရသည်။ မိဘတွေနဲ့ ဘယ်သူနေမလဲဆိုသည်ကို ဆက်ဆွေးနွေးကြပါက အခြေအနေပိုဆိုးနိုင်သည်။

ရီရောင့်ဟွာသည် ရိုးရှင်းစွာဖြင့်”အဖေနဲ့ အမေ ဘယ်သူနဲ့ပဲ နေဖို့ ဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်တို့က စောင့်ရှောက်ပေးမှာပါ..အာ့ ဘာလို့လာဆွဲဆိတ်နေတာလဲ”

မိန်းမဖြစ်သူ သူ့အားကြည့်ကာ”ရှင်ကလည်း အဲလိုတွေပြောမနေပါနဲ့ဦး သူများတွေ အထင်လွဲလိမ့်မယ် အိမ်ကခွဲမှ မခွဲရသေးတာကို ခွဲမယ့်စကားတွေ ကြိုမပြောနဲ့လေ နော်”

သူမစကားများသည် နားထောင်ကောင်းသော်လည်း လူတိုင်းသည် အတွင်းစိတ်အား မြင်နေရသည်။ သူမသည် မိဘများနှင့် မနေချင်သည်ကို ဘယ်သူက မသိဘဲနေလိမ့်ပါ့မလဲ

အဖေသည် ချွေးမများ၏ စိတ်ထဲမှ တွက်ချက်နေမှုများအား သဘောပေါက်ကာ ဆက်မတိုက်တွန်းရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်”မင်းတို့တွေထဲက ဘယ်သူက ငါတို့အသက်ကြီးလာရင် စောင့်ရှောက်ချင်တာလဲ”

“အဖေတို့ သဘောပါ အဖေဆုံးဖြတ်တဲ့အတိုင်းပါပဲ အကြီးဆုံးသားနဲ့ နေတာကတော့ အဖြစ်သင့်ဆုံးပေါ့”

“ဟုတိတယ် အဖေနဲ့ အမေ ကျွန်တော်နဲ့ အသက်ကြီးတဲ့အချိန်နေချင်လည်း ရတယ် ဘာမှဖြစ်ဘူး” ရီရောင့်ဟွာ ခေါင်းညိတ်ရင်းပြောသည်။

ဒုတိယချွေးမသည် ဟန်လုပ်ပြုံးနေသော်လည်း မျက်နှာသည် သိသာနေသည်။ ”ရှင်ကလည်း အမေတို့က အခုမှ ငါးဆယ်လောက်ရှိသေးတာ အသက်ကြီးတဲ့အချိန်ကို ဘယ်လိုစဉ်းစားမှာလဲ”

အကြီးဆုံးအစ်မကလည်း ဝင်ပါကာ “ဟုတ်တယ် အမေတို့က သန်မာပြီး အလုပ်လုပ်နိုင်သေးတာကို နောက်ထပ် ဆယ်နှစ်လောက်က အေးဆေးပဲ အနားယူဖို့တောင် မလိုသေးဘူး”

“အဲ့တော့ တစ်ယောက်မှ အတူမနေချင်ကြဘူးပေါ့” အဖေ့မျက်နှာသည် မှောင်လာသည်။

“မဟုတ်ပါ..”

ချွေးမနှစ်ယောက် ပြန်မချေပခင် ရောင့်သုန်းသည် အေးဆေးစွာ “ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဆန္ဒရှိပါတယ် ကျွန်တော်တို့အတူ ဒီမှာနေရင်ရော အမေ၊ အဘွား”

အဲအချိန်တွင် လင်းရှိုချင်းသည် သူမယောကျာ်းအတွက် မတ်တပ်ရပ်ကာ “အမေ အဖေ သမီးတို့နဲ့ နေပါ”

အဘွားသည် ပျော်ရွှင်စွာ သဘောတူကာ”ကောင်းတယ် ရောင့်သုန်း အတူတူနေရအောင်”

“ထားလိုက်တော့ ဒီကောင်နေရရင် သူကငါ့ကို ထောက်ပံ့မှာလား ငါက ပြန်ထောက်ပံ့ရမှာလား”

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now