Chapter 29

2K 151 1
                                    

Chapter 29
October 30, 2023
အပိုင်း (၂၉)

ရီရောင့်သုန်းသည် သူ့ ပုံးကို သယ်ကာ ရေတိမ်ပိုင်းသို့ထပ်မံဆင်းပြန်သည်။ အနီးနားသို့ ရောက်သောအခါ "မင်းတို့ ကံကောင်းလာပြီလား"

"ကြောင်မျက်လုံး ခရုတစ်ကောင် ဖမ်းမိထားတာကိုကံကောင်းတယ်ဆိုလို့ ရလား" အားဂွမ်းက စိတ်ပျက်သောအမူအရာဖြင့် ပြောသည်။

"ဘာမှ မရှိတာထက်တော့ ပိုကောင်း‌ပါတယ်ကွ" ဟု အားဂွမ်းဆီသို့ လျှောက်လာရင်း ရေပုံးကို ပြန်ပေးကာ ပြောလိုက်သည်။

"အခုလို ဘာမှဖမ်းမမိပဲ ရေပုံးကြီးကြီး ကိုင်ထားရတာ ရှက်ဖို့ကောင်းလိုက်တာကွာ"

"ဟားဟားဟား~" သူ ရယ်မိသွားသည်။ "စိတ်မပူနဲ့ မင်းနာမည်သာ ပြောင်းလိုက်"

"အား~ အဲ့‌အကြောင်းမပြောပဲနေရအောင်။ ခရုတစ်

ကောင်အတွက်နဲ့ မီးမွှေးရမှာက အလဟသပဲ၊ ရော့မင်းပဲယူထားလိုက်" ဟု ဆိုကာ ရီရောင့်သုန်း၏ပုံးထဲသို့ထည့်လိုက်သည်။

"ဆက်ရှာကြည့်လေကွာ ဒီရေက အခုမှ ကျတာပဲ တော်ရုံနဲ့ပြန်တက်သေးမှာ မဟုတ်ဘူး။ ကောက်စရာတွေ အများကြီးကျန်ပါသေးတယ်"

"ကိစ္စမရှိပါဘူးကွာ၊ မင်းတို့ပဲ ဆက်လုပ်လိုက်တော့။ ငါကျောက်ဆောင်နားမှာ တစ်ခုခု ရှိမရှိ သွားကြည့်လိုက်အုံးမယ်" အားဂွမ်းသည် ပခုံးတွန့်ပြပြီး ကျောက်ဆောင်၏အစွန်းဘက်ဆီသို့ ဦးတည်သွားသည်။

"မနေ့က ကျောက်ဆောင်ကျောက်တန်းရဲ့ ဟိုဘက်ခြမ်းကို ငါသွားကြည့်ထားတယ်။ ပိုကြီးတဲ့ ပင်လယ်ဖရဲစေ့တွေနဲ့ခရုတွေ ရခဲ့တာ၊ မင်းအခု အဲ့မှာသွားရှာရင် ဘာမှသိပ်ကျန်တော့မှာ မဟုတ်ဘူး"

"ကိစ္စမရှိဘူး၊ ငါဒီတိုင်းသွားကြည့်လိုက်မယ်။ ဘာမှမရှိရင်လည်း အိမ်ပြန်ပြီးထမင်းပဲ သွားစားရတာပေါ့"

"ကောင်းပြီ၊ မင်းဘာသာမင်း ရှာကြည့်လိုက်တော့။နေရောင်ကလည်း ပြင်းနေတော့ ဘာမှမတွေ့ရင် စောစောပြန်ပြီး အနားယူတာက ပိုကောင်းပါတယ်"

"အမ်း"

ရောင့်သုန်း ပတ်ဝန်းကျင်ကို ကြည့်မိတော့ သူ့သူငယ်ချင်းများက ဒီနေရာကို ရှာဖွေပြီးမှန်း သဘောပေါက်လိုက်သည်။ဒါကြောင့် ကမ်းနားက ကျောက်ဆောင်တွေဆီ လျှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now