အပိုင်း (၅)
မိသားစုဝင်များသည် မြေး အဘွား နှစ်ဦး ချစ်နေကြသည်ကို အစဆုံး မြင်တွေ့နေရသည်။ ရီရောင့်သုန်း၏ အစ်ကို နှစ်ယောက်သည် အားမကျဘူးဟုပြောရင် မှားပေလိမ့်မည်။ အငယ်ဆုံး ညီမ ဖြစ်သူ ဟွေမိန်ပင် အားကျနေသည်။
အဘွားသည် မြေးတွေ အားလုံးကို ကြင်ကြင်နာနာ ဆက်ဆံသော်လည်း ရောင့်သုန်းနှင့် ယှဉ်မရပေ။အဘွား၏ မျက်လုံးနှင့် နှလုံးသားထဲတွင် ရောင့်သုန်းသည် အထူးနေရာ ရထားသည်။
မောင်နှမ လေးယောက် ရှိသည့်ထဲတွင် ရောင့်သုန်းသည် အဘွား ကိုယ်တိုင် မွေးဖွားပေးခဲ့ရသည့် ကလေး ဖြစ်သည်။ သဲသောင်ပြင်ပေါ်တွင် မွေးဖွားလုနီးနီးပင် ဖြစ်ခဲ့သည်။
သူ မွေးပြီးသည်နှင့် အဘွား လက်ပေါ်ရှိ ရောင့်သုန်း
သည် အဘွားအား ရီပြခဲ့သည်။ ထိုအချိန်မှ စ၍ ရောင့်သုန်းသည် အဘွား အချစ်ဆုံး ဖြစ်ခဲ့သည်။ကလေး ဘဝမှ စ၍ အခုချိန်ထိ အချစ်ဆုံးဖြစ်သည်။
အခန်းထဲ ဝင်လာသည့်တိုင် အဖေသည် ဒေါသ မပြေသေးပါ။ ရေပိုက် ဖွင့်နေရင်းပင် သူ့အား စိုက်ကြည့်နေသည်။
အမှန်အတိုင်း ပြောရရင် သူ ဘယ်နား မှားသွား၍ သူ၏ မိဘများ ဒေါသထွက်လဲ နားမလည်ပါ။
အဲဒါ သူ့ရဲ့ပုံမှန်ပဲလား။
သူ စဉ်းစားကြည့်သော် နည်းနည်း သဘောပေါက်လာသည်။ ဖြစ်နိုင်ချေ ၂ ခု ရှိသည်။ မဟုတ်ရင် အဖေတို့ ဘာလို့ ဒေါသထွက်မှာလဲ။
"သခွါးမွှေး ဘယ်မှာလဲ။ ရောင့်သုန်းအတွက် ချန်ထားဦးလို့ ပြောတယ်လေ။ မြင်မိကြသေးလား"
အဘွားသည် ထိုင်ချရင်း သခွါးမွှေး စားနေသော ကလေးတွေအား မြင်၍ မေးလိုက်သည်။
ရောင့်သုန်း၏ အငယ်ဆုံး ညီမ ရီဟွေမိန်သည် စားရင်း ပြောလိုက်သည် "နည်းနည်း ချန်ထားတယ်။ စင်ပေါ်မှာရှိတယ်။ အစ်ကို သုံး ကိုယ့်ဘာကိုယ် ယူစားလို့ရတယ်"
ဖရဲသီးအား ခွဲ၍ ရောင့်သုန်းမှ လွဲ၍ လူတိုင်းသည် မျှစားကြသည်။ ရောင့်သုန်းသည် တစ်လုံးလုံး စားပြီးဖြစ်သည်။
