Chapter 6

2.7K 226 2
                                    


အပိုင်း(၆)


အဘွားသည် သူစိုက်ထားသော အပင်များအား အရမ်း ဂရုစိုက်၍ တန်ဖိုးထားသည်။ သူမစကားအားတစ်ယောက်ယောက် နားမထောင်ပါက တနေကုန် တကျည်ကျည်လုပ်၍ ဆူနေတတ်သည်။အခုမူ သူမ၏ အချစ်ဆုံး မြေးအား ပိုဂရုစိုက်၍ အခုလိုပြောခြင်း ဖြစ်သည်။


သူမသည် ပြောင်းဖူး အကုန် ခူးဆွတ်၍ ပြန်သွားရောင်းချင်သည်။ သူမ အသက်ရှင်နေတုန်းတွင် ပိုက်ဆံရနိုင်သမျှ စုထားချင်သည်။ ထိုမှသာ သူမ၏ မြေးအတွက် ချန်ထားခဲ့နိုင်မည် ဖြစ်သည်။


အဖေသည် သူ့သားသမီးနှင့် မြေးများအား ကြည့်၍ မနေ့ညက အမေနဲ့ ဆွေးနွေးခဲ့သည့်ကိစ္စအား စကား ဆက်ပြောချင်နေသည်။ သို့သော် တစ်ယောက်က နှောင့်ယှက်လိုက်သည်။


"အဘွား ဒီနေ့ မနက်က အဘွားထွက်သွားပြီး မကြာခင်လေ ဦးလေး နှစ်ယောက် ရောက်လာပြီး ပိုက်ဆံလာတောင်းသွားတယ်"


သည်နေရာတွင် တရားလိုတော့ လိုအပ်နေပြီ။


တရားလို-ရီဟွေမိန်


သည်မိသားစုသည် နောက်ဆုံးတွင် ပိုက်ဆံများများ ရှာနိုင်နေသည်။ အဲဒါကို ဦးလေးနှစ်ယောက်က အရှက်မရှိ တံခါးလာခေါက်ပြီး ဝေစုလာတောင်းနေသည်။ဒီကိစ္စသည် အပြင်တွင် လွယ်လွယ်ရှင်းလို့ မရပါ။ အဘွားအား ပြောမှရမည် ဖြစ်သည်။


အခန်းထဲမှ ကလေးများသည်လည်း "မှန်တယ် ဘွားဘွား၊ ဘိုးဘိုးကြီးနဲ့ ဘိုးဘိုး လတ်က အရမ်းညစ်ပတ်တာ"


"သူတို့က ခုံကိုတောင် ထုနှက်ပြီး သမီးတို့ကိုတောင် စိုက်ကြည့်သွားသေးတယ်"


"သမီးတို့ အဖေကိုလည်း ဆူပြီးတော့ စကားတောင်မပြောခိုင်းဘူး"


ကလေးများ၏ ပြောစကားများသည် သူ့အားခေါင်းကိုက်စေသည်။ ထို့ကြောင့် ရောင့်သုန်းသည် လက်ကာပြ၍ "သွားသွား ဒီမှာ ဘာမှလုပ်စရာ မရှိဘူး။ အပြင်ထွက် ကစားကြ အထဲဝင်မလာနဲ့"

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now