အပိုင်း (၄)
သူ့ အဖေ၏ မေးခွန်းအား ကြားသည်နှင့် ဘေးဘက်ကိုကြည့်ကာ ခြေထောက် လှုပ်မိသည်။ "အဖေကလည်း၊ အဖေ မသိတာနဲ့ ကျွန်တော်ပါ မသိဘူး ပြောလို့ မရဘူးလေ။ ကျွန်တော်က ဒီအတိုင်း အလေလိုက်ပြီး ရှောက်သွားနေတာမှ မဟုတ်တာ"
အစကတော့ အတည်မေးပေမဲ့ ရီရောင့်သုန်း ပြန်ဖြေသော စကားများအား ကြားလိုက်ရ၍ အဖေ ဖြစ်သူ ဒေါသထွက်လာသည်။ "တစ်နေကုန်လျှောက်သွားနေတဲ့သူက အခုမှ လာပြီး ဘာအသံကောင်း ဟစ်နေတာလဲ၊ လက်ထပ်ပြီးတာတောင် အိမ်မှာမနေဘဲ ပျင်းရိနေတာ၊ ဘာအလုပ်မှလည်း မလုပ်ဘူး၊ မင်းကို ထောက်ပံ့ဖို့ ဘယ်သူ့ကို စောင့်နေတာလဲ မင်း အချိန်ဖြုန်းနေတာ မြင်ရမယ့်အစား မရှိတာမှ ကောင်းဦးမယ်"
သူ စကား ပိုပြောလေလေ ပို ဒေါသထွက်လေဖြစ်သည်။ ထို့ကြောင့် ဖိနပ်ပါ ချွတ်၍ ရိုက်ဖို့ အသင့်ပြင်နေသည်။
ငါးတွေအား စျေးနည်းနည်းဖြင့် ရောင်းရ၍ မပျော်ရွှင်နိုင် ဖြစ်နေသော ဖခင်သည် သူ့ ဒေါသအား ပုံချရန် လူရသွားသည်။
"အဖေ အဖေ၊ ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်လာတာလဲ။ အေးအေးဆေးဆေး စကား ပြောနေကြတာ၊ အကောင်းကြီးကို အဖေ စိတ်လျှော့လေ၊ ကျွန်တော် ဘာမှားလို့လဲ"
ပူပြင်းသော နွေတွင် ပြင်းထန်သော ဖိနပ်နံ့သည် သူ့မျက်နှာအား ရိုက်ခတ်သွားသည်။ သူ့ကို ယ်ပိုင် ခြေထောက်နံ့ရုံဖြင့် သူများ ခြေထောက်နံအား ခံနိုင်သည်ဟု မဆိုလိုပါ။ ထို့ကြောင့် သူ့ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။
သူ မြန်မြန် ရပ်၍ ရှောင်ရန် ကြိုးစားလိုက်သည်။ "အဖေ၊ ဘာလုပ်နေတာလဲ။ ရိုက်ချင်လည်း တုတ်လေး ဘာလေး သုံးပြီး ရိုက်ပါ။ အဖေရာ ဘာလို့ ဖိနပ်ကြီးနဲ့လည်း"
"မင်း သိထားတာတွေ ရှိလည်း ဘာလို့ ဖုံးကွယ်နေတာလဲ။ မင်းထက် ငါ့မြေးတွေကမှ ပိုတော်သေးတယ်။ မင်းလို ကောင်ကို ဘာလို့ မွေးထားမိပါလိမ့်"
သူတို့ နှစ်ယောက် အခန်းထဲတွင် ပြေးလိုက်ဖမ်းလိုက် လုပ်နေကြသည်။ အခန်းက သေးရုံသာမက လူတွေပါ ရှိသည့်အတွက် နေရာကျဉ်းနေသည်။ ရီရောင့်သုန်း အမြန်ပင် သူ့အမေနောက် ကွယ်လိုက်သည်။
![](https://img.wattpad.com/cover/351631341-288-k876931.jpg)