အပိုင်း(၉)
ရောင့်သုန်းသည် သင်္ဘော ဘက်ကနေ ဘေးနားရှိကျောက်ဆောင်တွေဘက်အား ကြည့်လိုက်သည်။ကျောက်ဆောင်များပေါ်တွင် ယောက်သွား အသေးလေးများ ခရု သေးသေးလေးများအား တွေ့လိုက်သည်။
သည်ကျောက်ဆောင်များပေါ်သို့ ရွာသားများ မကြာခဏ လာရှာကြသဖြင့် ယောက်သွားကြီးများ မရှိကြတော့ပေ။ လက်သည်းခွံလောက်သာ ရှိသော ယောက်သွားဆံလေးများ ခရု သေးလေးများသာ ကျန်တော့သည်။
သူတို့သည် အရမ်း သေးလွန်းသည်။ အတွင်းမှ အသားသည် မရှိသလောက်ပင်။ စားစရာ မရှိပေ။သို့သော် သူတို့ထဲမှ အချို့သည် ကြီးထွားလာဦးမည်မှာ သေချာသည်။
ထိုအချိန်တွေ ကျောက်ဆောင်ကြားတွင် ကိရိယာများသုံးကာ ရှာနေကြသည်။ အမေလည်း ပါဝင်သည်။
သူ ချဉ်းကပ်ကာ တချက်လှမ်းကြည့်လိုက်သည်။ အမေသည် ဇွန်းခပ်ကြီးကြီး တစ်ချောင်း ကိုင်ထားသည်။ လက် တစ်ဖက်မှ လက်ကောက်ဝတ်တွင် ပုံး တစ်ခုကား ချိတ်ထားသည်။
ဇွန်းကြီးထဲတွင် ပွင့်နေသော ယောက်သွား ရောက်ရှိနေပြီ။ ပုံးထဲတွင် ခရုများနှင့် ကမာများရှိသည်။
“အမေ၊ ဘာလို့ ဒီ ရှုပ်ယှက်နေတဲ့ ကျောက်ဆောင်တွေထဲ ရှာနေတာလဲ။ မျက်လုံး မကောင်းဘဲ နေတော့မှာပဲ။ သဲပေါ်မှာ တူးပါတော့လား”
အမေသည် ယောက်သွားခွံတွေအား ဖွင့်ရင်း “အခြား လူတွေ အများကြီး သဲပေါ်မှာ တူးနေကြတာ။ ငါ ဒီမှာ ကမာရှာနေတာ။ အိမ်ပြန်ရောက်ရင် ကမာကောင်လေးတွေကို အကြော် လုပ်စားမလို့။ ကလေးတွေ မစားရတာကြာပြီ”
“ဒီမှာက ဘာမှ သိပ်မရှိတော့ဘူး။ ကျွန်တော်တို့ သင်္ဘော ပြင်ပြီးပြီလေ နောက်မှ အဖေ့ကို လူသိပ်မရှိတဲ့ ကျွန်းနေရာ လိုက်ပို့ပြီး တူးလို့ ရတာပဲ။ အခုက မကြာခင် ဒီနေရာကို ရေတက်ပြီး ရေပြန်ဖုံးလာတော့မှာ”
“မင်းပြောတော့ လွယ်တာ၊ လူ မရှိတဲ့ ကျွန်းက နေရာတွေက ချောနေတာပဲ။ မနည်းလမ်းလျှောက်ရတယ်။ လှိုင်း တစ်ချက် ပုတ်ပြီး ခြေလှမ်း မှားတာနဲ့ ပင်လယ်ထဲ ပါသွားပြီး ပင်လယ်နတ်ဘုရား မဇုကို တွေ့နေရပါဦးမယ်”
“အာ၊ အဲလောက်မဆိုးပါဘူး။ လှိုင်းငြိမ်ပြီး ရေကျတဲ့နေ့ကို ရွေးသွားရုံပဲ”
အမေသည် မျက်ခုံးအား ပင့်လိုက်ကာ သူ့အား ကြည့်လိုက်သည်။ ”အဲဒါဆို ပြောပြစမ်းပါ။ ဘယ်အချိန်က အတိအကျ ဒီရေကျပြီး ငြိမ်မှာလဲ။ မင်းအဖေနဲ့ မင်းအစ်ကိုတို့ အဆင်ပြေအောင်”
“အာ၊ အမေကလည်း ကျွန်တော်က ဘယ်လိုလို့ အတိအကျတွက်တတ်မှာလဲ”
ပင်လယ်က လေနဲ့ လှိုင်း အခြေအနေက သူ့လို လူ တွက်နိုင်သည့်အရာ မဟုတ်ပေ။
အမေသည် သူ့အား အထင်သေး အကြည့်ဖြင့် ကြည့်၍ ”မသိလည်း ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေ။ ကိုယ့်ကိစ္စကိုသာ လုပ်၊ တစ်နေရာသွားပြီး အေးအေးနေချင်နေ။ ငါ အလုပ်လုပ်နေတာကို လာရှုပ်မနေနဲ့”
ရောင့်သုန်း နှာခေါင်း ပွတ်လိုက်သည်။ သူက တကယ်ဘဲ စိတ်ပျက်စရာ ကောင်းနေလား။
“ဒီလိုလုပ်မယ်။ ကျွန်တော် ဒီဟာ လုပ်လိုက်မယ်။ အမေက သဲခုံး သွားတူး”
အတော်ကြာထိုင်ပြီး သူ ညောင်းနေသည်။ ထို့ကြောင့် ကျောက်ဆောင်တွင် ကမာတူးတာ အဆင်ပြေမည်ဟု တွေးသည်။
”လုပ်ချင်လို့လား”
“လုပ်ချင်တယ်၊ သေချာတယ်။ ကမာ တူးပြီး အခွံဖွင့်ရတာ ဘာမှဟုတ်ပါဘူး။ ကျွန်တော် ရတယ်”
သူ အခြားနေရာများတွင် မတော်သော်လည်း သည်နေရာတွင်တော့ ငယ်ငယ်လေးတည်းက ဒါမျိုးတွေဖြင့် ဆော့လာ၍ ကျွမ်းသည်။ ကျွမ်းကျင်မှုသည် အချိန်နှင့် ပျောက်ဆုံး မသွားနိုင်။
အမေသည် သူ့အား သေချာ ကြည့်နေသည်။ရုတ်တရက်ကြီး ယုံကြည်ချက် ရှိကာ အလုပ်ကြိုးစားချင်နေတဲ့ပုံပင်။
တကယ်ကြီးလား။
ငါ့သား တကယ် ပြောင်းလဲသွားတာလား။
“မင်း လုပ်နိုင်တယ်ဆို လုပ်၊ ပန်းကန် တစ်လုံးစာ အပြည့် မယူလာပေးနိုင်ရင် ရိုက်မှာ”
“ကျွန်တော် တူးနိုင်သလောက်တော့ တူးပေးမယ်ဗျာ။ ပန်းကန် တစ်လုံး အပြည့် ရမယ်လို့တော့ ဘယ်လိုလုပ် အာမခံနိုင်မှာလဲ။ ကံပေါ်လည်း မူတည်သေးတယ်။ ဒီကမာလေးတွေက သေးသေးလေးတွေကို..”
အမေသည် ပြန်မဖြေဘဲ သူ့ ဘေးနားအား ဇွန်းကြီးရယ် ဝက်အူလှည့်တွေ ထားခဲ့ပြီး “သေချာ ရှာနော်။ ကမာကောင် တစ်ပန်းကန်၊ ဖရဲစေ့ တစ်ပန်းကန်ရယ်၊ ခရု တစ်ပန်းကန်ရယ် ရချင်တယ်”
ရောင့်သုန်း မယုံကြည်မှုဖြင့် ကြည့်မိသည်။ သူ တစ်ခုခု ပြောင်းလဲသင့်လား မသိပေမဲ့။ အခုတော့ ပန်းကန် သုံးလုံးစာ တူးခိုင်းနေသည်။
“ရောင့်သုန်း အပြင်မသွားဘူးလား။ ဘာလို့ ကမ်းခြေ ရောက်နေတာလဲ” အဒေါ်ဖြစ်သူသည် တူရွင်း ကိုင်၍ ကျောက်ဆောင် တစ်လျှောက် လာ၍ သူ့ကို မြင်၍ မေးနေသည်။
“ဟုတ်တယ်။ အပြင်သွားဖို့ အရမ်းပူလို့။ ဒီနေ့လျှောက်မသွားချင်ဘူး”
“ကမ်းခြေကရော မပူဘူးလား။ နေက ခေါင်းပေါ်တည့်တည့်ကနေ တောက်နေတာလေ”
ရောင့်သုန်း အကြောင်းအရင်း ရှာမရတော့ အနည်းငယ် ရှက်သွားသည်။”ဟုတ်တယ်။ ဒီအတိုင်းကြည့်ဖို့ လာတာ”
စကားပြောမယ့်အစား တူးတာပဲ အာရုံစိုက်ရအောင်။ နည်းနည်းလောက် တူးပြီး ရေတက်လာပြီး အိမ်ပြန်မယ်။ ညစာ စားမယ်။
သားဥတွေ ရှိသော ကမာသည် သားပေါက်ချိန်တွင် အရွယ်ရောက်ပြီးသော မမျိုးဥနှင့် ဖိုမျိုးဥတွေကို ပင်လယ်ထဲ လွှတ်လိုက်သည်။ ထို့နောက် မျိုးဥ နှစ်ခုသည် ပင်လယ်ထဲတွင် ပေါင်းစည်းသွားသည်။ပေါင်းစည်းပြီး မျိုးဥသည် အခြားအရာများဖြင့် ပေါင်းစည်းခြင်းဖြင့် မာကျောခြင်းကို ဖြစ်စေသည်။ သူတို့ ကြီးထွားလာသည်နှင့် အခွံတွေပါ ဖြစ်လာသည်။ ထိုအခွံလေးတွေ အောက်တွင် ကမာလေးကို တွေ့နိုင်သည်။
ပင်လယ်ထဲ အနေကြာသော လှေတို့ သင်္ဘောတို့အောက်ခြေတွင် ကပ်၍ ကမာလေးများသည် ကြီးထွားကြတာလည်း ရှိသည်။ ထိုအခါ သင်္ဘောသားတို့သည် သင်္ဘော၍ အလေးချိန်လျော့စေရန် အောက်ခြေမှ ကမာတွေအား ခွါလေ့ရှိသည်။ထိုအခါ အရန်သင့်ပင် စားဖို့အတွက်ပါ ရသွားသည်။
သည်ကျောက်ဆောင်ပေါ်မှ ကမားများသည် သေးလွန်းသည်။ အခွံသေးလေးထဲမှ ကမာသည် ဝါစိမ်းရောင်ရှိသည်။ အရွယ်အစားမှာ ပဲစေ့လောက်သာရှိသည်။ ကမာကြီးတွေမှသာ ဖြူဆွတ်နေသော အရောင်ရှိသည်။
“ဒီသေးသေးလေးလေးတွေကို ဖွင့်နေလို့ ဘာရမှာလဲ။ ငါကရော ဘယ်အချိန် တစ်ပန်းကန် ပြည့်အောင် တူးနိုင်မှာလဲ” ရောင့်သုန်း ပွစိပွစိ ပြောရင်း ကမာ ဖွင့်နေသည်။
“ဒီလိုပဲ။ ငါတို့မှာ ရှိတာနဲ့ ဖြစ်အောင် လုပ်ရတာပဲ။ ကျွေးစရာ လူတွေ အများကြီး အိမ်မှာ ရှိတယ်။ နည်းနည်းလေးလည်း ရှာရမှာပဲ။ သဲခုံးတွေလို အမြဲတူးနေလို့ရမယ့် အရာ မဟုတ်ဘူးလေ”
သူ၏ အဒေါ်ဖြစ်သူသည် အလေးအနက် လေသံဖြင့် ရှင်းပြနေသည်။ ”ရောင့်သုန်း၊ မင်းလည်း ကလေးနှစ်ယောက်အဖေ ဖြစ်နေပြီ။ တစ်နေကုန် အရင်လို လျှောက်သွားနေလို့ မရတော့ဘူးနော်။ သင့်တော်တဲ့အလုပ်လေး ရှာဖို့ လိုနေပြီ။ မင်းမိန်းမနဲ့ ကလေးက မင်း အပေါ် မှီခိုနေတာ မင်းမိဘတွေက မင်းကိုတစ်သက်လုံး ကျွေးမထားနိုင်ဘူးနော်။ သိတယ်မလား”
“ကျွန်တော် အခု အလုပ်လုပ်နေတယ်လေ၊ အဒေါ်”
“အလုပ်လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပိုက်ဆံရမယ့် အလုပ် လုပ်ဖို့လိုတယ်လေ။ ပြီးတော့ တစ်ရက်တည်း လုပ်လို့ မရဘူးလေ။ မိသားစုကို ထောက်ပံ့တယ်ဆိုတာ တစ်နှစ်ပတ်လုံး ကြိုးစားရမယ့် အားစိုက်ထုတ်မှု လိုတယ်။ မင်းက ယောကျာ်းပဲ တာဝန်ယူမှု ရှိရမယ်….
သူမ၏ သင်ခန်းစာကို ဆက်တိုက် ဆက်ပြောနေသည် blah blah …
ရောင့်သုန်း နောင်တ ရသွားသည်။ သူ ဘာမှ မပြောဘဲနေခဲ့ပါက အဒေါ်လည်း ဘာမှပြောမည် မဟုတ်ပါ။ အခုတော့ ..
သူ ပြန်ငြင်း၍ မရပါ။ အကြီးဖြစ်သူ ပြောနေတာလည်း အမှန်ပင် သူ့ ကောင်းကျိုးအတွက် ပြောနေခြင်းဖြစ်သည်။ သို့သော် သူမ၏ သင်ခန်းစာသည် သူ့အား ခေါင်းကိုက်စေသည်။ သဲခုံးကောင် သွားတူးတာ ကောင်းမည်ဟုပင် တွေးမိနေသည်။ အဒေါ်သည် မရပ်မနားကို ပြောနိုင်လွန်းသည်။
“အဒေါ် ဒီမှာပဲ တူးနေဦးမှာလား။ ကျွန်တော် တစ်ချက် ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်”
ရေလည်းကျနေသေး၍ အဝေးဆုံး ကျောက်ဆောင်ဆီ သွားရှာရန် သူ ဆုံးဖြတ်လိုက်သည်။
ကံကောင်းမှုသည် သူ့ဘက်တွင် ရှိနေသည့်ပုံပင်။
သူသည် ရေနားက ကျောက်တုံးကို ရောက်သည်နှင့်
ပြာတာတာ ဂဏန်း နှစ်ကောင်ကို တွေ့လိုက်သည်။တွေ့တာ တော်လိုက်တာ။
သူသည် ရေပုံးတွေ ပစ္စည်းတွေ ဘေးချ၍ ဂဏန်းရှိရာသို့ ဖြေးဖြေးချင်း ကပ်သွားသည်။ ဂဏန်းသည် အန္တရာယ်ကို သိနေသည့်အတိုင်း လက်မ နှစ်ချောင်းကို ဟစိဟစိ လုပ်ရင်း အသင့်စောင့်နေသည်။
လက် တစ်ဖက်ကို ဂဏန်း တစ်ကောင်စီဖြင့် ဂဏန်းလက်မ မညှပ်ခံရစေရန် နှစ်ကောင်အား သေချာခွဲလိုက်သည်။
လက် တစ်ဖက်ပဲ ရှိသော ဂဏန်း တစ်ကောင်သည် ရောင်းရန် တန်ဖိုးကျမည် ဖြစ်သည်။ သို့သော် ပြဿနာ မရှိပါ။ အိမ်တွင် စားမည် ဖြစ်သည်။
လက်ထဲမှ ဂဏန်းများသည် သူတို့ လက်မအား ယမ်းပြနေကြသေးသည်။ သူတို့၏ လက်မညှပ်တာ ခံရပါက ပြဿနာ တက်မည်။ လက်သည်းပင် ကွဲနိုင်သည်။
![](https://img.wattpad.com/cover/351631341-288-k876931.jpg)