Chapter 116

1.4K 133 0
                                    

မမျှော်လင့်ထားစွာဖြင့် သူ အားကွမ်၏အိမ်သို့ရောက်သွားသည့်အချိန်တွင် အားကွမ်က ထွက်သွားနှင့်ပြီဖြစ်ပြီး သူကတော့ အားကွမ်အဖေ၏ ဆွဲခေါ်ခြင်းကို ‌ခံရကာ ဆုံးမစကားကို နာကြားရပါတော့သည်။

"အားသုန်း မင်းနဲ့ အားကွမ်က သူငယ်ချင်းကောင်းတွေမှန်း ငါသိပါတယ် ဒါပေမဲ့ မင်းတို့က မငယ်တော့ဘူးလေကွာ၊ ဒီလိုမိုက်ရူးရဲဆန်ပြီး နမော်နမဲ့နိုင်တဲ့ကိစ္စတွေကို ရပ်သင့်နေပြီ...."

"တိုင်ဖွန်းက ဝင်တော့မှာ ဒါတောင် မင်းတို့က ပင်လယ်ထဲခိုးထွက်ရဲကြတယ် ဟမ် ပိုက်ဆံက ဘယ်လောက်ပဲ အရေးကြီးပါစေ လူ့အသက်လောက်တော့ ဘယ်ဟာက အရေးကြီးနိုင်အုံးမှာလဲ၊ မင်းတို့က ငယ်ပါသေးတယ်ကွာ အရှေ့မှာ ပိုက်ဆံရှာလို့ရတဲ့အခွင့်အလမ်းတွေမှ အများကြီး"

"ဦးလေး ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဦးလေးစိတ်ပူရစေမဲ့ ဒီလိုအန္တရာယ်များတဲ့အလုပ်တွေကို လုံးဝ ထပ်မလုပ်တော့ပါဘူး၊ ဒီတစ်ကြိမ်တည်းနဲ့တင် လုံလောက်နေပါပြီ၊ ကျွန်တော်တို့လည်း တိုင်ဖွန်းဝင်ဖို့ ရက်ကျန်သေးတာပဲဆိုပြီးတွေးပြီး လေတွေလှိုင်းတွေ ကြမ်းလာရင်တော့ ချက်ချင်း ပြန်လှည့်လာမယ်ဆိုပြီး ထွက်သွားခဲ့မိကြတာပါ"

"မင်းတို့လူငယ်တွေ အလုပ်ကြိုးစားရဲတယ်ဆိုတာမှန်ပေမဲ့ ပင်လယ်ပြင်ဆိုတာက ဘယ်အရာမှ ခန့်မှန်းလို့မရဘူး၊ နောက်တ‌စ်ခေါက်ဆိုရင်တော့ မင်းတို့တွေ သတိထားကြပေါ့၊ မင်းတို့မှာ စိတ်ကူးတွေဘာတွေရှိရင်လည်း အိမ်ကလူကြီးတွေကို အရင်ဆုံး ပြောပေါ့ကွာ၊ အဲ့တော့မှ ငါတို့လည်း စိတ်ပူရသက်သာမှာ"

ရီရောင့်သုန်း ရိုးသားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ သူ့အဖေ၏ ဆူပူကြိမ်းမောင်းခံရမည်ကို မကြောက်ချေ။

"ကဲပါ ဒါကို မှတ်ထားပေါ့ကွာ၊ ဘယ်လိုလဲ ဒီနေ့အပြင်ဘက်ပင်လယ်က လှိုင်းအခြေနေ? လေတအားထန်လား?"

"နေ့လယ်မတိုင်ခင်တော့ အဆင်ပြေသေးတယ်၊ လေလည်းမထန်သလို လှိုင်းလည်း အဲ့လောက်မကြီးဘူး၊ မွန်းတည့်ချိန်လည်းကျော်ရော လှိုင်းက စပြီးထန်လာတာ၊ ကျွန်တော်တို့ ပြန်လာတဲ့အချိန်တုန်းကဆို အနောက်မှာ လှိုင်းလုံးကြီးတွေလိုက်လာတာ တော်တော်တော့ကြမ်းတယ်ဗျ၊ တိုင်ဖွန်းကတော့ တဖြည်းဖြည်းနီးလာပြီး ဦးလေးတို့လှေလည်း အကာကွယ်ဆိပ်ခံဆီ အမြန်ပို့ထားအုံး"
"အေး ဦးလေး အခုချက်ချင်းသွားလိုက်မယ်၊ အားကွမ်က အင်္ကျီသွားပို့မယ်လို့ ပြောသွားတာပဲ ဘာအင်္ကျီမှန်းတော့ ငါလည်းမသိဘူး၊ အိမ်မှာပဲ စောင့်နေပါ့လား သူ ခဏလောက်ဆို ပြန်ရောက်လောက်ပြီ"

"ကောင်းပြီ"

သူ့ကိုတောင် မစောင့်ဘဲ ထွက်သွားတာလား?

အဖေဖေး ထွက်သွားပြီးနောက်တွင် သူလည်း အားဝေ၏ယောက်ဖအိမ်ဆီ တန်းသွားလိုက်သည်။

မမျှော်လင့်ထားစွာဖြင့် လမ်းတစ်ဝက်တွင် မျက်နှာမည်းကြီးနှင့်ပြန်လာသည့် အားကွမ်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ?"

"CNM! အဲ့ဒီမိသားစုက ကျိုးကြောင်းကို မဆီလျော်ဘူး၊ မအံ့ဩတော့ဘူး သူတို့ ဒီလိုခွေးလိုလူကို မွေးထားတာ..."

အားကွမ်တစ်ယောက် လွန်စွာစိတ်ဆိုးကာ ဆဲရေးဆိုနေပြီးနောက် သူ့အားကြည့်ကာ

"ငါ မင်းကို လာရှာသေးတယ် မင်းမိန်းမက မင်းကိစ္စရှိလို့ထွက်သွားတယ်ပြောတယ်၊ အဲ့ဒါနဲ့ ငါလည်း တစ်ခါတည်း အားဝေယောက်ဖအိမ်ကို ကိုယ့်ဘာသာသွားလိုက်တာ၊ ဘယ်သူသိမှာလဲ မောင်းထုတ်ခံရလုနီးနီးပဲဆိုတာ"

" ****သူတို့ပြောတာ ငါကပဲ လူမှားတာတဲ့၊ သူတို့မျက်နှာတည့်တည့် အဝတ်ပစ်ပေါက်ပြတာတောင် ဒီလူတွေက ဝန်မခံဘူး သူတို့ကပြောလိုက်သေးတယ် ငါက အကောက်ကြံနေတာတဲ့၊ သူတို့ငါးကို ခိုးပြီးတော့များ ငါက စားရသောက်ရအုံးမယ်? ကြံကြီးစည်ရာ! ငါက နံစော်နေတဲ့ သူတောင်းစားမှမဟုတ်တာ၊ ဒီလူတွေ...."

"ချီး! မင်းပြောကြည့် ငါကပဲ အဆူဆဲခံထိလာတာမဟုတ်ဘူးလား? အဲ့ဒီမိသားစုက လျှာစောင်းကတော့ ထက်သလား မမေးနဲ့၊ အဲ့ဒီတစ်အုပ်နဲ့ ပြိုင်ပြီး ဆဲပြတော့ ငါ့ကို နှင်ထုတ်တာများ၊ စိတ်တိုလိုက်တာမှ..."

"အားဝေရဲ့မိန်းမကလည်း ဘူးခံငြင်းတာ ငါ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောဆိုလိုက်တာများ၊ ငါ သောက်ရမ်းကို ဒေါသထွက်နေပြီ၊ ပုံမှန်ဆို အားဝေ စကားသိပ်မပြောတာ မအံ့ဩတော့ဘူး၊ သူ့မိန်းမရဲ့စကားနဲ့တင် ပိပြားနေတာနေမှာ အဲ့ဒါကြောင့်လည်း သူ့စိတ်ကို ဒီလိုမျိုး သက်ရောက်သွားစေတာနေမှာ"

"အဲ့ဒီတစ်မိသားစုလုံး လူကောင်းကို တစ်ယောက်မှမရှိဘူး၊ ငါတို့ အရင်က အလေးအနက်ရှိကြတဲ့လူတွေမဟုတ်ဘူးဆိုပေမဲ့ အနည်းဆုံးတော့ ငါတို့က အကျိုးအကြောင်းသင့်ကြသေးတယ် မဟုတ်ဘူးလား?"
အားကွမ်တစ်ယောက် တကယ်ကို ဒေါသထွက်နေခြင်းဖြစ်ပြီး လက်သီးဆုပ်ကာ ပဲစေ့လွှတ်သလို တရစပ် မခံမရပ်နိုင်စကားပြောနေ၏။

"ငါသာကြိုသိရင် အဲ့ကောင်ကိုအမိဖမ်းပြီး အရောင်တချို့ကို မြင်နိုင်အောင် ရိုက်နှက်ပေးလိုက်အုံးမယ်"

ရီရောင့်သုန်း သူ့ဖော်ပြချက်များကို နားထောင်ပြီး အသေအချာနားလည်ကာ

"မင်း ငါ့ကို စောင့်ရမှာ အဲ့လိုဆို သူတို့ကို ဝိုင်းပြောဖို့ လူတစ်ယောက်အားပိုရတာပေါ့"

"မင်းဘယ်သွားမှန်း ဘယ်သူကသိမှာလဲ? ငါက မင်းအရင်သွားတယ်ထင်တာပေါ့!"

"ထားလိုက်တော့ နောက်ဆို ငါတို့အိမ်တံခါးရှေ့တောင် ဖြတ်မလျှောက်စေရဘူး၊ နောက်တစ်ခါဆို အဲ့ကလေး တစ်ယောက်တည်းတွေ့တာနဲ့ကြုံရင် ဆွဲရိုက်ပြီသာမှတ်"

"ဒီလိုကြုံဆုံရတာနဲ့တင် ချီး! တော်တော်ကို ကံဆိုးနေပြီ! နောက်တစ်ခါကြုံဖို့ဆိုတာကို ပြောမနေနဲ့တော့!"

"ဆုံရင်ရော ဘာဖြစ်မှာလဲ?"

မမျှော်လင့်ထားစွာဖြင့် အားဝေက သူတို့ဘေးတွင် ဝက်အသည်းလိုမျက်နှာဖြင့် လာရပ်နေပြီး သူတို့အား တိတ်လန့်သွားစေလုနီးပါးပင်။

အားကွမ်က ဒေါသထွက်ပြီး ကြမ်းတမ်းစွာဖြင့်

"ထိကြည့်လေ ထိတာနဲ့ သေပြီသာမှတ်! ဘာဖြစ်လဲဟုတ်လား ငါ တစ်ခါမှ ဒီလိုကြောင်သူတော်မျိုးကို မကြုံဖူးဘူး၊ ချီး လူသုံးယောက်နဲ့ ဖမ်းမိတာတောင် ဝန်မခံဘူး၊ မင်းတို့ ဘယ်ကနေများ ငါ့ကို တံမြက်စည်းနဲ့ရိုက်ဖို့ ယုံကြည်ချက်တွေ ရှိသွားကြတာလဲ? ငါကတောင် သူနဲ့ ကိစ္စဘယ်လိုရှင်းရမလဲဆိုတာ မစဉ်းစားရသေးဘူး....."

"အဲ့ဒါက မင်းတို့ကိုက ပုံကြီးချဲ့ချင်နေတာလေ၊ ငါးနည်းနည်းလောက်နဲ့ အိမ်ရှေ့ထိလာပြီး ပြဿနာရှာဖို့လိုလို့လား ဘယ်လောက်တန်တာမို့လို့လဲ? မင်းတို့က တမင်သက်သက်ကို လုပ်နေတာချည်း မင်းတို့မျက်လုံးထဲမှာ အဆင်ပြေတဲ့လူဆိုတာရော ရှိလို့လား?"

"မင်းခေါင်းမှာ တစ်ခုခုများ မှားနေတာလား? ဒါမှမဟုတ် ကန်းပဲကန်း၊ နားများ လေးပဲလေးနေတာလား? ငါးနည်းနည်း? ရှန်သုန်းငါးကွ! ငါက သေချာရှင်းပြနေတဲ့ကိစ္စကို မင်းတို့ဘက်က ရိုက်ထုတ်ဖို့လိုလို့လား"

နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဆဲရေးဆိုနေကြပြီး တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာကြကာ မည်သူက အရင်စလိုက်မှန်းမသိ နောက်ဆုံးတွင် နှစ်ယောက်သားက လုံးထွေး‌ကြတော့သည်။

ရီရောင့်သုန်းမှာ ဝင်ဆွဲရန် ရှေ့တိုးလိုက်သော်လည်း အမှတ်တမဲ့ဖြင့် အကြိမ်ကြိမ်သာ အထိုးခံလိုက်ရသည်။ သူ အလွန်စိတ်ဆိုးသွားပြီး လက်လွှတ်ကာ ဘေးသို့လျှောက်သွားလိုက်ပြီး သူတို့ကို ပေးပြီး ရန်ဖြစ်ခိုင်းလိုက်သည်!

နှစ်ယောက်သားက မြေပြင်ပေါ် လူးလှိမ့်နေကြပြီး နောက်ဆုံးတွင် အားအင်များကုန်ခန်းသွားကာ ဘေးတစ်ဖက်စီတွင် လဲလျောင်းရင်းဖြင့် လေကိုရှူရှိုက်နေပြီး အမှိုက်စကားများပြောကာ စတင် စကားများကြပြန်၏။

ရီရောင့်သုန်း နာကျင်နေသည့်ပါးကို ပွတ်ကာ

"မပြီးကြသေးဘူးလားကွာ၊ အားဝေ ငါတို့ကို မယုံရင် စုန်ကျန်မင်းနဲ့ ချန်ယန်ကျိုးကို မင်းသွားမေးလို့ရတယ်၊ မင်းယောက်ဖကို ဖမ်းမိတုန်းက သူတို့လည်း ရှိနေတယ်"

"ပြီးတော့ မင်းယောက်ဖခိုးသွားတာက ရိုးရိုးငါးမဟုတ်ဘူး ငါတို့ လှိုင်းတွေလေတွေကြားထဲသွားပြီးမှ ရလာခဲ့တဲ့ ရှန်သုန်းငါး၊ တစ်ကျင်း ၈ ယွမ်ရှိတာကို ဒါဇင်ကျော်နီးပါး ယူသွားခဲ့တာ၊ သူ့ကို ဘယ်သူပဲဖမ်းမိမိ သေချာပေါက် ရိုက်နှက်ကြမှာပဲ ဟုတ်တယ်မလား? ငါတို့က မင်းမျက်နှာကိုထောက်ပြီး ညှာတာပေးခဲ့တာကို မင်းမိသားစုက သိတတ်ရမှန်းမသိဘူး"

သူနားထောင်၏၊ မနားထောင်၏ကို ရီရောင့်သုန်း ဂရုမစိုက်ပါချေ။ သူပြောသင့်သည့်အရာကိုတော့ သူပြောရပေမည်။ ဒဏ်ရာဗရပွနှင့် အားကွမ်အား ဆွဲထူပေးပြီ အားဝေအား သူ့ကိုယ်သူ ဆန်းစစ်နိုင်ရန် တစ်ယောက်တည်းချန်ထားခဲ့ပြီး ထွက်လာလိုက်ကြသည်။

အားကွမ်တစ်ယောက် အောင့်အီးသည်းခံနေပြီး အသံတစ်သံပင်မထွက်ချေ။ ခပ်လှမ်းလှမ်းရောက်လာသည့် အချိန်တွင်မှ အနောက်ရှိ မည်သူမှ သူ့အသံအား မကြားနိုင်တော့သည်ကို သေချာကာမှပင် နာကျင်စွာ စတင်အော်ဟစ်လာ၏။

"အား! ကျစ်! သေအောင်နာတယ်ကွာ! သူက ပုံမှန်ဆို တိတ်ဆိတ်နေပေမဲ့ ထိုးတဲ့အချိန်ကျတော့ တယ်ကြမ်းချက်ကွာ! ချီး! ငါ့မျက်နှာတော့ ပျက်စီးသွားပြီနဲ့တူတယ်! အားလာလား! သောက်ရမ်းနာတယ်ကွာ! ‌ဖြည်းဖြည်းလျှောက်ပါဟ...."

"မင်းတို့နှစ်ယောက်စလုံး အတူတူပဲ၊ မင်းထိုးလိုက်လို့ သူ့ပါးစပ်ထောင့်မှာလည်း သွေးထွက်လာတာပဲ ငါတောင် မင်းအစား နှစ်ချက်တောင် အထိုးခံလာရတာ"

"ချီး! ငါ သူနဲ့ ဘာကြောင့် ညီအကိုတွေလုပ်ခဲ့မှန်းတောင် မသိတော့ဘူး"

"မြန်မြန် ပြန်ပြီးတော့ မိုချားဆီလိမ်းမှမဟုတ်ရင် မနက်ဖြန်ကျ ဝက်ခေါင်းလို ယောင်နေလိမ့်မယ်"

အားကွမ်မှာ နာကျင်နေသည့် ပါးပြင်ကို ထိရင် ဒေါသတကြီးဖြင့်

"ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး ကောင်မလေးနဲ့ သွားတွေ့ရတော့မလဲ"

အားကွမ် ပြောသည်ကိုကြားပြီး ရီရောင့်သုန်းတစ်ယောက် အားရပီတိဖြစ်ကာ

"အဟုတ်ပဲ၊ မင်း အိမ်ထဲမှာ လဝက်လောက် နေသင့်တယ် အပြင်မထွက်လာခဲ့နဲ့"


အားကွမ် ရုတ်တရက်ကြီး တစ်စုံတစ်ခုကို စဉ်းစားသွားမိကာ ပျော်ရွှင်စွာဖြင့်

"မဟုတ်မှ ငါ့အတွက် သောကရောက်နေတာလား မင်း?"

"ငါက ဘာလို့ သောကရောက်ရမှာလဲ? ဘာကို သောကရောက်ရမှာလဲ?"

ရီရောင့်သုန်း လက်ဖဝါးများကို ဖြန့်ကာ သူ့ခေါင်းနောက်ကို လက်တစ်ဖက်ဖြင့် ဖိပြီး ကျန်လက်တစ်ဖက်က မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ့အော်သံကို ကျေနပ်အားရသည်အထိ နားထောင်ပြီးကာမှ ရပ်လိုက်တော့သည်။

"နာတယ်ကွ! နာတယ်! ချီး ဘာလုပ်တာလဲ မင်း? လူသတ်မှု ကျူးလွန်ရလောက်အောင်အထိ ငါက သနားစရာမကောင်းနေလို့လား?

အားကွမ်မှာ သူ့လက်မှလွတ်ပြီးနောက်မှ သူနဲ့ ခပ်ဝေးဝေးတွင် နေလိုက်သည်။

"မင်းရဲ့ချစ်လှစွာသောမိန်းကလေးကို မင်းအတွက် စိတ်မကောင်းမဖြစ်စေချင်ဘူးလား? မင်း ငါ နှစ်ချက်လောက်ထိုးတာ ထပ်ခံလိုက်ပါလား? ဟိုက မင်းကို သနားချင်သနားလာမှာပေါ့?"
ဟမ့် အားကွမ် ဘယ်မိန်းကလေးကို ရည်ညွှန်းမှန်း သူ မသိတာကျလို့! အသိုက်နားကမြက်ကိုစားဖို့ ဒီကောင် ဘယ်လိုတောင် တွေးရဲရတာလဲ? ဟွန့် သူ သဘောတူရဲ့လားဆိုတာကိုလည်း အရင်ဆုံးမေးလိုက်အုံး!

"မင်းမှာ နည်းနည်းပါးပါး စာနာစိတ်လေးတောင် မရှိဘူးလား?"

"အိမ်ပြန်ရောက်ပြီ၊ မင်းလည်း မြန်မြန်ပြန်ပြီးဆေးသွားလိမ်းတော့ လောင်ဇစ်လည်း မိုချားဆီ လိမ်းလိုက်အုံးမယ်"

ရီရောင့်သုန်း သူ့ပါးပြင်များပင် စိမ်းပြာရောင်သန်းနေသည်ဟု ခံစားမိပြီး စကားပြောလိုက်ချိန်တွင်တောင် အနည်းငယ် နာကျင်နေ၏။ တကယ့်ကို ကပ်ဆိုက်တာပဲ။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now