Chapter 113

1.1K 140 0
                                    


အပိုင်း (၁၁၃)


မိုင်ပေါင်းများစွာ ဝေးသည့်နေရာမှ လှိုင်းများက တဖြည်းဖြည်း သေးသွားပြီး သူတို့ ဘေးတွင် မီတာအနည်းငယ်ခန့်သာ မြင့်သည့် လှိုင်းများကို မြင်ကာမှပင် နှစ်ယောက်သားမှာ ပင့်သက်ချနိုင်ကြတော့သည်။

"မင်း အမောင်းမြန်လို့ တော်သေးတယ်။ ငါ့မှာ ကြောက်လို့ သေတော့မယ်၊ ငါ့ စိတ်ထင် ဒီနေ့ မင်းကို ငါ ဒီမှာပဲနှုတ်ဆက်ရတော့မယ် ထင်တာ"

အလှမ်းဝေးသည့် နေရာသို့ ရောက်သွားသည့်အချိန်မှာတောင် အားကွမ်မှာ ကြောက်လန့်နေဆဲဖြစ်သည်။ ‌မည်သို့ဆိုစေ သူက ယခုမှ ၂၄ နှစ်အရွယ် လူငယ်လေးပင်။ ထို့အပြင် ဤမျှမြင့်သည့်လှိုင်းများနှင့် လေပြင်းများကို တစ်ခါမှ မကြုံဖူးသေးချေ။

"အဲ့လောက် မဟုတ်ပါဘူး။ အပြေးမြန်သွားလို့"

ရီရောင့်သုန်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း အလွယ်တကူ ဝန်ခံမည်တော့ မဟုတ်ပေ။

"အိုခေ၊ ကွန်ကို ဒီမှာပဲ ဆွဲလိုက်ရအောင်။ ဒီကွန်ဆွဲပြီးရင် အမြန်ပြန်ကြရအောင်၊ လှိုင်နဲ့ လေတွေက တဖြည်းဖြည်း ကြီးလာပြီး"

"လုပ်လုပ်၊ ကွန်ကို ဆွဲ၊ ကမ်းစပ်ကို ပြန်ရောက်မှပဲ ဘေးကင်းတော့မှာ"

"ကြည့်ရသေးတာပေါ့။ မင်း နောက်ဆို တိုင်ဖွန်ရက်ကြီး ပင်လယ်ထဲ လာရဲအုံးမလားလို့"

အားကွမ်က သူ့ကို စွေကြည့်ကာ ;

"မင်းကရော မလာချင်တာကျလို့"

တိုင်ဖွန် ဝင်ဖို့ လိုသေးတယ်ဆိုပြီး နှစ်ယောက်စလုံး တွေးနေကြတာ မဟုတ်လို့လား။

သူ၏ နှစ်များစွာ အတွေ့အကြုံအရ သူတို့သာ ဝေးဝေးမသွားလျှင် လှိုင်းလည်း ဤမျှထိ မကြီးနိုင်ပေ။ ယနေ့အတွက်က ကပ်သီးလေး ကံကောင်းသွားသည်ဟု သတ်မှတ်ရမည်....

"ပေါက်ကရတွေ ပြောမနေနဲ့။ ဒီကွန်က လေးတယ်ကွ၊ မြန်မြန်လာကူ၊ ကြည့်ရတာ ကျင်း တစ်ရာ၊ ကျင်း နှစ်ရာနီးပါး ရှိတယ်ကွ"

ရီရောင့်သုန်း လက်ကို အမြန့်ဆန့်ထုတ်ပြီး ကွန်ကိုဆွဲကြည့်သော်လည်း ဆွဲရခက်ကြောင်း သိလိုက်ရသည်။

"ဘာဖြစ်လို့လဲ။ အရမ်းလေးတာပဲ။ ပုံမှန်ဆို ငါတို့လှေသေးလေးနဲ့ ကွန်ဆွဲရင် ကျင်းရာကျော်တာပဲဟာ"

"အားစိုက်ထည့်ဟ"

"ငါ့ အားတွေ အကုန်လုံး နို့ညှစ်တဲ့ထဲ ထည့်ထားတာကွ"

"ဘယ်သူ နို့လဲ။ ဒါနဲ့ ဘာဆိုင်လို့လဲ"

"မင်း မြင်းစီးတဲ့အခါ ဒီလိုပဲ ဆိုးသွမ်းတာလား။ ကွန်ကို ဆွဲနေရတာတောင်မှ ညစ်ညမ်းစကားတွေပြောနေနိုင်တုန်းပဲ၊ သေချာနေပြီ၊ မင်းတော့ အချိန်အကြာကြီး single လုပ်ပြီး နှာဘူး ဖြစ်သွားတာပဲ နေမယ်"

"ဒါဆိုလည်း မင်းညီအစ်ကိုကို ကူပြီး ဖြေရှင်းပေးလေကွာ"

"CNM* မင်း သောက်ပြသနာကို ဖြေရှင်းပေးရမယ် အသေပဲ ခံလိုက်မယ်ကွ။ ငါက အဖြောင့်၊ ငါ့မိန်းမကိုပဲ ငါကြိုက်တာ"
(T/N : *အရမ်းရိုင်းတဲ့ ဆဲတဲ့ စကားလုံးပါ)

"မင်းကတော့ မြင်းစီးနေတာပဲ..."

နှစ်ယောက်သားမှာ တစ်ယောက်ကို တစ်ယောက် ဆဲဆိုလာကြပြီး ဒေါသကို အားထဲ ထည့်လိုက်ကြကာ ကွန်ကို ဖြည်းဖြည်းချင်း အားစိုက်ထည့်ကာ ဆွဲတင်လိုက်၏။

ငါးများ အစ ပေါ်လာသည်နှင့် နှစ်ယောက်သားမှာ ကွန်၏ တကယ့် မျက်နှာအစစ်ကို မြင်လိုက်ကြသည်။

"တလုံး သွယ်" (Giant Grouper)

"တလုံး သွယ်ကြီးကွ"

နှစ်ယောက်စလုံး တစ်ပြိုင်တည်း အကျယ်ကြီး ရေရွတ်မိလာကြသည်။ သူတို့မှာ လက်ချော်လုနီးပါးပင် ဖြစ်သွားပြီး လျှောမှတစ်ဆင့် ကွန်က ပြန်ကျလုနီးနီး ဖြစ်သွား၏။

"မြန်မြန်၊ မြန်မြန်၊ ဆွဲထား"

နှစ်ယောက်သား ကွန်ကို ဆွဲတင်နိုင်ဖို့ အတော်လေး အားထုတ်လိုက်ရသည်။

ကုန်းပတ်ပေါ်ရှိ တလုံး သွယ်ကြီးကို ကြည့်ပြီး နှစ်ယောက်သားမှာ လွန်စွာ အံ့ဩပျော်ရွှင်နေကြသည်။

တလုံးသွယ်၏ သိပ္ပံအမည်က Giant Grouper ဖြစ်ပြီး Pig Grouper ဟုလည်း အမည်ရကာ Grouper အမျိုးအစားထဲတွင် ၎င်းက အကြီးဆုံး အမျိုးအစား ဖြစ်သည်။

"ချမ်းသာတော့မှာမလား"

"ခုဏက လှိုင်းတွေ ဒီလောက်ကြီးနေတာ မအံ့ဩတော့ဘူး။ လတ်စသတ်တော့ ဒီကောင်ကြီးကြောင့်ကို၊ Grouper တွေထဲမှာမှ တကယ့် အကြီးဆုံး Grouper ကြီး"

ရီရောင့်သုန်းက ပျော်ရွှင်စွာဖြင့် ထိုကောင်ကြီးကို ပုတ်လိုက်သည်။

"ဒီတစ်ကောင်က ကျင်း တစ်ရာ၊ နှစ်ရာလောက် ရှိတယ်မလား။ ငါတို့မှာ ရှန်သုန်း နှစ်ကောင်လည်း ရှိထားတယ်"

"ချိန်ကြည့်ရင် သိမှာပဲ။ သေချာပေါက် ကျင်း တစ်ရာကျော်ပြီး နှစ်ရာ နီးပါးလောက် ရှိမယ်၊ ဒါပေမဲ့ ကျင်း ၁၀၀ ကျော်ရုံနဲ့တင် ဒီGrouperကြီးကို ရတနာလို့ သတ်မှတ်လို့ရနေပြီ၊ တန်ဖိုးကလည်း သေချာပေါက်မြင့်မှာ၊ ဈေးကောင်းနဲ့ ရမှာ ကျိန်းသေတယ်"

"ဘေးဖယ်ရအောင်။ ငါးလေးတွေ၊ ပုစွန်တွေကို မဖိမိစေနဲ့"

နှစ်ယောက်သားက ငါးကို အတူ မလိုက်ပြီး အောက်တွင် ငါးနှင့် ပုစွန်များစွာ ရှိနေသေးသော်လည်း အနှီ Grouper ကြီး ရှေ့တွင်တော့ ဤငါးများက သေးငယ်သယောင်။

ရီရောင့်သုန်း တစ်ကျင်း ခွဲခန့်ရှိသည့်‌ ရွှေငါးမုတ်များကို Grouper ကြီး၏ ခေါင်းပေါ် ပစ်တင်လိုက်သည်။ စိတ်ထဲတွင် ယှဉ်ကြည့်ရင်းဖြင့် စိတ်လှုပ်ရှားမှုများက မျက်လုံးထဲမှ ယိုဖိတ်လုနီးနီးပင်။

"ငါတော့ ချမ်းသာပြီကွာ"

"ချီးကွာ။ အနည်းဆုံးတော့ ဒီတစ်ခေါက်က အချည်းနှီး မဖြစ်သွားဘူး၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အန္တရာယ်ဆိုတာ အခွင့်အလမ်းနဲ့ လာတယ်ဆိုတာ။ အကျိုးအမြတ်ကတော့ ကြီးချက်ကွာ။ ယွမ်ရာနဲ့ချီကို ရမှာ"

အားကွမ်မှာ အရှေ့သို့သွားပြီး သူ့ကို ကြိမ်ကြိမ် ခုန်နမ်းချင်နေမိသည်။

"ကျင်း နှစ်ဆယ်ကျော်တဲ့ ရှန်သုန်းလည်း ရှိသေးတယ်။ အဲ့ဒါလည်း ပိုက်ဆံ အများကြီး တန်တာ၊ ရေကူး ကဏန်းကြီး အပုံလိုက်ကလည်း ကောင်းတယ်။ ငါးတွေလည်း ရှိနေသေးတယ်...."

"တန်တယ်ကွာ။ ပိုက်ဆံရပြီ"

နှစ်ယောက်သား စကားပြောနေချိန်တွင် လှိုင်းများက ကုန်းပတ်ပေါ် ပြင်းထန်စွာ ရိုက်ခတ်လာပြန်ပြီး လေကလည်း ကြမ်းလာပြန်၏။ ရီရောင့်သုန်းက ပြုံးရင်းဖြင့် ;

"လှိုင်းတွေက ပြန်ကြီးလာပြန်ပြီ။ မင်း ငါးတွေကို ခွဲထားလိုက်။ ငါလှေကို မောင်းပြီး ဒီကနေ ဆိပ်ခံဆီအမြန် ပြန်ထွက်မယ်"

စောစောစီးစီး ငွေထုတ်မယ့် လမ်းလေးဆီ ဦးတည်ကြစို့။

"အိုခေ၊ မင်း သွားလေ။ ဒီနေရာကို ငါနဲ့သာ လွှဲထားလိုက်"

အားကွမ်က Grouper ကြီး အနားတွင်သာ တဝဲဝဲလည်နေပြီး သူ့ မျက်နှာထက်ရှိ အပြုံးမှာ ပျောက်ကို ပျောက်မကွယ်သွားပေ။ အချိန်အတော်ကြာသည်အထိ ငါးနှင့် ပုစွန်များကို သူမခွဲသေးချေ။

အဲ့ဟာတွေက တလုံး သွယ်လောက်မှ ရှားပါးပြီးမကြီးတာ။

ပင်လယ်ထဲ အကြိမ်ကြိမ် ထွက်ပြီးနောက်တွင် ယနေ့တွင်တော့ သူ အချီကြီး ရလာခဲ့ပြီ ဖြစ်ပြီး ယခင်ကဆို အရေအတွက် ခပ်များများသာ ရရုံရခဲ့ခြင်းဖြစ်သည်။

ရီရောင့်သုန်း၏ ပါးစပ်ထောင့်မှာလည်း အချိန်ပြည့်ဆိုသလို အပေါ်တက်နေပြီး အားကွမ်တစ်ယောက် ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်ကို ကြည့်ပြီး သူက ပြုံးရင်းဖြင့် စနောက်လိုက်၏။

"မင်း သွားရည်တွေကိုလည်း သုတ်စမ်းပါအုံးကွာ။ မဟုတ်ရင် တလုံးသွယ်ကြီးလည်း မျောသွားပါအုံးမယ်"

အားကွမ်က သုတ်လိုက်ပြီး သူ တကယ်ကို သွားရည်တွေ ကျနေခြင်းပေ။ သူက ကိုယ်တွင် သုတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူ့အင်္ကျီက ညစ်ပတ်နေတာပဲလေ။

"ငါက မင်းလိုမှ မဟုတ်တာ၊ ငါ့အတွက်က ဒီနေ့မှ အချီကြီး မိလာဖူးတာ"

ဟုတ်တယ်။

ရီရောင့်သုန်းလည်း စိတ်လှုပ်ရှားပါသည့်တိုင် အားကွမ်လောက်တော့ အခြေအနေ မဆိုးသေးပေ။

လွန်ခဲ့သည့်နေ့ကပင် အနှီ Grouper ကြီးထက် ဈေးအနည်းငယ် ပိုသည့် ၅၅ ကျင်း ရှိသည့် ကော့ဒကြီး တစ်ကောင်ကို သူဖမ်းမိခဲ့သည် မဟုတ်လား။ ကော့ဒငါးက ငါးစီဖောင်းကြောင့် ဈေးကြီးသည်ဆိုလျှင် အနှီ Grouper ကြီးက ၎င်း၏ အရွယ်အစားနှင့် အလေးချိန်ကြောင့် တစ်ကိုယ်လုံး‌ တန်ဖိုး ရှိ၏။

"ငါတို့ပြန်သွားရင်တော့ကွာ။ သူတို့တွေ မနာလိုဖြစ်မှာ မြင်ယောင်သေးတယ်"

အားကွမ်က တုံ့ဆိုင်းရင်းဖြင့်လည်း ;

"ငါတို့ ဒီနေ့ အန္တရာယ်ထဲ ထွက်လာတာ အားကျန်းနဲ့ အသေးလေးကိုတောင် မပြောဖြစ်ခဲ့ရဘူး၊ သူတို့ကြားရင် စိတ်မကောင်း ဖြစ်မလား မသိဘူး"

ရီရောင့်သုန်းက မျက်မှောင်ကြုတ်ကာ ;

"ဖြစ်စရာလား။ သူငယ်ချင်းတိုင်း တပူးပူး တတွဲတွဲနဲ့ အမြဲတမ်း စိတ်ချင်း တိုက်ဆိုင်ကြလိမ့်မယ်လို့ ဘယ်သူပြောလဲ။ မင်းဘာသာ မင်းသွားဖို့ ဆုံးဖြတ်တဲ့ကိစ္စမှာ သူများအမြင်ကိုပါ ယူဖို့လိုသေးလို့လား။ မင်း ငါး ရတာ၊ မရတာက ကံပေါ်လည်း မူတည်သေးတယ်၊ ဒါက အန္တရာယ်ထဲ လာပြီးမှ ရလာတာ"

"ငါ ကြောက်တာက သူတို့ အားဝေလို အများကြီးတွေးနေကြမှာကို"

"မဟုတ်တာကွာ။ အားဝေက လူသာ ငြိမ်တာ အတွေးက အရမ်းများတယ်၊ အားကျန်နဲ့ အသေးလေးက အရမ်းပေါင်းရ လွယ်တယ်၊ ဒီကိစ္စက တအား စွန့်စားရာကျတယ်၊ လူနည်းသွားတာက မကောင်းတဲ့ ကိစ္စလို့ မဆိုလိုဘူး။ ငါတို့ကသာ ကံကို ပုံအောထားကြတာ"

"အမ်း"

အားကွမ်မှာလည်း ယခုအချိန်တွင် သူငယ်ချင်းကောင်းဖြစ်သည့် အားဝေကြောင့်ဖြင့် ထိတ်လန့်နေပြီ ဖြစ်သည်။ သူတို့က ယခုထိတိုင် စိတ်ဆိုးနေကြပြီး အဆက်အဆံ မရှိကြတော့ချေ။

တကယ်တမ်းတွင် သူငယ်ချင်းဆိုသည်မှာ အလွန် ရင်းနှီးသည့် သူငယ်ချင်းနှင့် သာမန် သူငယ်ချင်းဟူ၍ ရှိပြီး၊ လှေဝယ်ချင်သည့် ကိစ္စပဲဖြစ်ဖြစ် ပင်လယ်ထဲ သွားသည့် ကိစ္စပဲဖြစ်ဖြစ် မည်သူမဆို ရင်းနှီးသည့်သူနဲ့ပဲ သွားကြမည် မဟုတ်လား။

လူတိုင်းကို အပါခေါ်နေစရာလိုလို့လား။

အနှီကိစ္စအား ခဏ ဘေးချိတ်ထားပြီး အားကွမ်တစ်ယောက် ငါးများကို စတင်ခွဲထုတ်တော့သည်။

Grouper ကြီးက အလွန်ကြီးပြီး ထည့်မည့်ပုံလည်းမရှိသဖြင့် ကုန်းပတ်ပေါ် သည်အတိုင်း ပစ်ထား,ထားလိုက်သည်။

အပြန်လမ်းတွင် ပင်လယ်ရေ မျက်နှာပြင် အထက်၌ လှေတစ်စီးပြီး တစ်စီးကို တွေ့လိုက်ရပြီး အထူးသဖြင့် သူတို့မြို့ရှိ အကာကွယ်ဆိပ်ခံဆီ ချဉ်းကပ်လာသည်နှင့် ဆိပ်ကမ်းထဲသို့ ဝင်ရန် စီတန်းနေကြသည့် လှေတန်းကြီးကို တွေ့လိုက်ရ၏။

သူတို့တွင် ကုန်များပါလာပြီး ကုန်ကို အရင်ချမည်ဖြစ်၍ ရီရောင့်သုန်း တစ်ယောက် သူတို့ဆိပ်ခံဆီကိုသာ တိုက်ရိုက် မောင်းသွားလိုက်သည်။

နေ့တစ်ဝက် ကြာပြီးနောက်တွင် ဆိပ်လံရှိ လှေအရေအတွက် တစ်ဝက်နီးပါးခန့် လျော့သွားပြီး အနည်းငယ်သာ ကျန်နေသေးကာ လေပြင်း၊ လှိုင်းပြင်းများနှင့်အတူ ယိမ်းထိုးနေ၏။

ယနေ့တွင် ကမ်းစပ်၌ လှိုင်းများ ရှိနေသော်လည်း တမန်နေ့ မနက်က ဆိပ်ခံမှာ တည်ငြိမ်နေသဖြင့် တိုင်ဖွန် ဝင်တော့မည် ဖြစ်ကြောင်း ညွှန်ပြနေခြင်းပေ။

အသေအချာ ရှာဖွေပြီးနောက်တွင် သူ့မိသားစုရှိ အသေးလေးနှင့် အားကျန်းတို့၏ လှေကို မတွေ့ရချေ။ သူတို့ အကာအကွယ် ဆိပ်ခံဆီ မောင်းသွားလောက်သည် ဖြစ်မည်ဟု တွေးကာ စိတ်သက်သာရာရသွားတော့သည်။

လှေပင် ကမ်းမကပ်ရသေးခင် ကမ်းစပ်ရှိ ပြန့်ကျဲနေသည့် လူများက သူတို့ကို စိုက်ကြည့်လာကြသည်။

"ကြည့်စမ်း။ လှေပေါ်က ဘာတွေလဲ။ ဘာငါးလဲ။ ဒီလောက်တောင် ကြီးတယ်လား"

သူ့ဘေးရှိ လူကလည်း သူကြည့်နေသည့် နေရာအတိုင်း လိုက်ကြည့်ပြီး အံ့အားသင့်သွားကာ ;

"တလုံးသွယ်ကြီးလား"

တလုံးသွယ်ကြီး၊ ဒီလောက် ကြီးတာ မှားစရာကို မရှိဘူး။

"လခွမ်း၊ တိုင်ဖွန်ရက်ကြီးကို ပင်လယ်ထဲ သွားပြီး တလုံးသွယ်ကြီးကို ရလာခဲ့တာများလား"

"ဘယ်မျိုးမစစ်လဲ။ သေမှာ မကြောက်ဘူးလား။ တိုင်ဖွန် ရက်ကြီးကိုတောင် ကွန် သွားဆွဲနေကြတယ်"

လှေ ကမ်းကပ်ပြီးချိန်မှာတော့ အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။

"အားကွမ်နဲ့ အားသုန်း၊ မျိုးမစစ်လေး နှစ်ကောင်"

"သူတို့တော့ ချမ်းသာပြီပဲ။ အရမ်း ကံကောင်းကြတာ။ ရီလောင်စမ်း မိသားစုက ဒီနောက်ပိုင်း ကံဇာတာတွေ တက်တာ တရှိန်ထိုးပဲ။ ကောင်း‌တဲ့အရာတွေချည်း သူတို့အိမ်မှာ ဖြစ်တာ"

"ငါကြားတာ တလောတုန်းကမှ သူတို့ ခရုသင်း ပုလဲ တစ်လုံး ရထားတာဆို။ ပြီးတော့ စစ်ရှင်ပန်းရော"

"ဒီမိသားစုကတော့ ကံဇာတွေတက်တာ ကျတော့မဲ့ပုံတောင် မပေါ်ဘူး၊ ဖုန်ရွှေကောင်းတဲ့ မြေကို ရောင်းပြီးသွားတာတောင် စီးပွားရေးက ဖြစ်တုန်းပဲ"

"ငါတို့အလှည့် ဘယ်တော့များမှ ကျမလဲ မသိဘူး။ ဒီတလုံးသွယ်က ကျင်း တစ်ရာကျော်၊ နှစ်ရာနီးပါး ရှိတာမလား"

  ...

တိုင်ဖွန်ရက်များတွင် ကမ်းစပ်ပေါ်၌ လူသိပ်မရှိပြီး စကား အများကြီး ပြောနေကြသည့် လူအနည်းငယ်သာရှိကာ သူတို့က စုဝေးလာပြီး တလုံးသွယ်ကြီးကို လက်ညိုး တထိုးထိုးဖြင့် ဆွေးနွေးနေကြကာ မျက်နှာထက်တွင် အားကျမှု အပြည့်၊ စကားလုံးများထဲတွင်လည်း ချဉ်စူးစူးနံ့များ ပါနေ၏။

သူတို့က စူးစမ်းလိုစိတ်ကိုလည်း မဖုံးကွယ်ထားပြီး တစ်ယောက်နှင့် တစ်ယောက် စကားကျယ်ကျယ်ပြောနေကြကာ သူတို့ ပြောနေသည့် စကားများကို လေက ရီရောင့်သုန်းနှင့် အားကွမ်တို့၏ နားများဆီ သယ်ဆောင်လာပေး၏။

နှစ်ယောက်သားကတော့ လေးလေးနက်နက် မတွေးကြချေ။ လှေကို ကမ်းကပ်ပြီး အခြေကျသည်နှင့် ‌တလုံးသွယ်ကြီးကို ကုန်းပတ်ပေါ်မှ မ,ချလိုက်ကြသည်။

ကမ်းစပ်သို့ ချပြီးနောက်တွင် အားလုံးမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

"အိုး၊ အကြီးကြီးပဲ။ လူ့တစ်ဝက်စာလောက် ရှိတယ်"

"ကျစ်ကျစ်ကျစ်ကျစ်၊ ဒီတလုံးသွယ်ကြီးက မသေးဘူးကွ၊ ကောင်လေး နှစ်ယောက်တော့ ချမ်းသာပြီးပဲ"

"မင်းတို့ ဘယ်ကနေ ဒီလောက် ကြီးတာ ဖမ်းမိလာလဲ။ တိုင်ဖွန်က ဝင်တော့မှာကိုကွာ။ မင်းတို့မလို့ ပင်လယ်ထဲ သွားရဲတယ်"

အားလုံးက သူတို့ ဘေးနား လျှောက်လာကြပြီး ပြောဆိုကြလေသည်။

လူအုပ်ကြီး သူတို့ နားဝိုင်းနေ၍လည်း လမ်းလျှောက်ဖို့က ခက်ခဲပြီး အားကွမ်မှာ မနေနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ;

"ပင်လယ်ထဲက ဖမ်းတာ မဟုတ်မှဖြင့် ဘယ်နေရာကနေ ဖမ်းလာရဦးမှာလား။ ဖယ်စမ်းပါဦးဗျာ"

အားချိုင်ကလည်း တံခါးကနေ လှမ်းမြင်လိုက်ရပြီး အမြန် ပြေးထွက်လာ၏။ တလုံးသွယ်ကြီးအား မျက်လုံးတောက်တောက်များဖြင့် ကြည့်ကာ ;

"ငိုးဟ။ အရမ်းကြီးတာပဲ။ မင်းတို့ မိလာကြတာလား"

အနီးအနားရှိ အဝယ်ဒိုင်းများမှ တခြားလူများလည်း စုရုံးလာပြီး ;

"ဒီလောက်ကြီးတဲ့ တလုံးသွယ်ကြီလား။ ရှားတယ်ကွာ။ ငါ့ဆီမှာ ရောင်း"

"သွားပါ သွားပါ။ သူတို့ဟာတွေကို ငါ လက်ခံထားတာ"

အားချိုင်က မျက်လုံးကြီးပြူးပြီး စီးပွားရေး စနိုက်ကြော်များအား မောင်းထုတ်ကာ ရီရောင့်သုန်းနှင့် အားကွမ်တို့ဘက် ‌ချက်ချင်း လှည့်ပြုံးပြကာ ;

"မြန်မြန်လုပ်လေ။ ငါ့ ချိန်ခွင်စက်ဆီ ယူသွားလိုက်မယ်"

နှစ်ယောက်သားက အားချိုင်၏ နေရာသို့ တစ်ခါတည်း လမ်းလျှောက် ဝင်သွားလိုက်သည်။

"ဒီဟာ အရင် ချိန်ကြရအောင်။ နောက်မှာ ပစ္စည်းကောင်းလေးတွေ ရှိသေးတယ်"

အားချိုင်မှာ သူတို့ နှစ်ယောက်အား လက်မ,မထောင်ပေးဘဲ မနေနိုင်တော့ချေ။

"ဒီတစ်ကောင်က ကျင်း တစ်ရာကျော်၊ နှစ်ရာလောက် ရှိတယ်၊ မင်းတို့ နှစ်ယောက် တကယ်ကို သတ္တိရှိကြတာပဲ။ မင်းတို့တော့ ထောပြီပဲ"

"အပိုတွေ ပြောမနေနဲ့တော့။ မြန်မြန် အလေးချိန်,ချိန်၊ ကျင်း ဘယ်လောက်ရှိလဲလို့"

"အရင် ချိန်မယ် အရင်ချိန်မယ်။ ချိန်ပြီးတာနဲ့ ဝယ်လတ်ဆီ ကူပြီး ဆက်သွယ်ပေးမယ်"

အားချိုင်က ၅၀ kg တုံး နှစ်တုံး ထည့်လိုက်ပြီး အလွန် များသွားမှန်း တွေ့လိုက်ရကာ တစ်တုံးကို ပြန်နှုတ်ပြီး 25 kg တုံးကို ထည့်ကာ 10 kg တုံးကိုပါ ထပ်ထည့်လိုက်သည်။

ချိန်တွယ်စက် ဘေးနားရှိ လူအုပ်ကြီးမှာ ခေါင်းတထောင်ထောင်ဖြင့် အလေးချိန်ကို ကြည့်ကာ ဆွေးနွေးနေကြပြန်၏။

"ကျင်း၂၀၀ မရှိဘူးပဲ။ အရမ်းကြီးတော့ ငါ့ စိတ်ထင် ၂၀၀ လောက် ရှိမယ် ထင်တာ"

"၂၀၀ တော့ မရှိဘူး။ ၁၈၀ လောက် ရှိမယ် ထင်တယ်"

နောက်ဆုံးတွင် အားချိုင်က စကေးလ်ကို သေချာကြည့်ပြီးနောက်မှ ;

"ကျင်း ၁၉၀"

လူအုပ်ကြီးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်။ သူတို့ ရွာရှိ မည်သူကမှ ကျင်း ၁၉၀ ရှိသည့် တလုံးသွယ်ကြီးကို မရဖူးပြီး မြို့ထဲရှိ လူတောင်မှ ဤမျှကြီးသည့် အကောင်ကို မရဖူးလောက်ပေ။

ရီရောင့်သုန်းနှင့် အားကွမ်ပင် ပါးစပ်ဟောင်းလောင်း ဖြစ်သွားရသည်။

ဘယ်လိုတောင်၊ ကျင်း ၁၉၀ တဲ့လား။



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now