Chapter 44
November 15, 2023
အပိုင်း (၄၄)မနက်ပိုင်းတွင် ပင်လယ်အနီး ပတ်ဝန်းကျင်၌
မနေ့ကကဲ့သို့ ကြီးကြီးမားမား ဖမ်းမိဖို့ မျှော်မှန်းပြီး ပိုက်အနည်းငယ် ဆွဲယူဖို့ စီစဉ်ထားသည်။ နေ့ခင်းဘက် ဒီရေတက်ချိန်မှ ပင်လယ်စာတူးဖို့ သီးခြားကျွန်းကို သွားကြမည်။
ဝေးလံခေါင်သီသော ရေပြင်သို့ စွန့်စားရန် အစီအစဉ် မရှိပေ။ သူတို့ဟာ လေးနက်တဲ့ ငါးဖမ်းခရီးထွက်ဖို့ မစီစဉ်ထားကြ၊ တကယ့်တံငါသည်များသည် ပိုက်ဆွဲရန်အတွက် အနည်းဆုံး နံနက်စောစော ၂ နာရီ သို့မဟုတ် ၃ နာရီ ထကြရသည်။
အဘယ်ကြောင့်ဆိုသော ပစ်မှတ်နေရာကို ရောက်ရန် တစ်နာရီကျော် ကြာမည်ဖြစ်ပြီး ပိုက်ဆွဲ၊ ပိုက်ချရန်သည်လည်း တစ်နာရီကျော် ကြာမည် ဖြစ်သည်။
အဝေးကြီးသို့ သွားပါက တစ်ရက်အတွင်း ပိုက်ကွန်ကို အကြိမ်အနည်းငယ်ထက် ပိုမချနိုင်တော့ဘဲ အသွားအပြန်အတွက် ဒီဇယ်သာ ဖြုန်းတီးရာ ရောက်သွားနိုင်သည်။
မနေ့ကလို ကံကောင်းခြင်း ကြုံတွေ့ရန် သူတို့အားလုံး မျှော်လင့်နေကြသည်။ မရပါကလည်း သီးခြားကျွန်းကို သွားပြီး ပင်လယ်စာ ရှာရန်သာ စိတ်ကူးထားသည်။ လူများလှသဖြင့် လူတစ်ဦးစီ အနည်းငယ် စုဆောင်းပါက အများအပြား ဆုံးရှုံးမှု မဖြစ်နိုင်ပေ။
သည်နေ့ လှေထွက်သည်နှင့် ရီရောင့်သုန်း စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိတော့ချေ။ သူ မယုံနိုင်လောက်အောင် စိတ်အေးလက်အေး ဖြစ်နေသည်။ ပင်လယ်လယ်ခေါင်သို့ ရောက်သောအခါ ရီရောင်သုန်းက " ငါ၊ ရီရောင့်သုန်း ပြန်လာပြီ" ဟု ကြွေးကြော်လေ၏။
"ဟားဟား၊ ရောင့်သုန်း၊ စိတ်လှုပ်ရှားနေတာလား"
"ငါလည်း စိတ်လှုပ်ရှားတယ်ကွ။ ပင်လယ်ကြီးရေ၊ ငါ ပိုင်ဂွမ်း လည်း ပြန်လာပြီ။ ပင်လယ်စာတွေ အများကြီး ယူဆောင်လာပေးပါ"
