Chapter 37

2K 148 0
                                    

Chapter 37
အပိုင်း (၃၇)November 08, 2023

အားလုံး၏ တအံ့တသြ အကြည့်တွေကြား ရီရောင့်သုန်းတစ်ယောက် ရေချိုးရန်နှင့် ငါးဖမ်းကိရိယာတွေကို သိမ်းရန် ကြံရွယ်ပြီး အိမ်ထဲသို့ ဝင်ခဲ့သည်။

"အားချင်း၊ ကိုယ့်ကို ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးထားပါလား။ ကိုယ်ခဏနေရင် စောစောထွက်ရမယ်"

"အို့"

လင်းရှိုချင်းသည် သူမ အလုပ်ကို ချက်ချင်းရပ်လိုက်ပြီး သူ့အတွက် ခေါက်ဆွဲကို စတင်ချက်ပြုတ်သည်။ ကန္တာရကျွန်းကို သွားလည်ပြီး ပင်လယ်စာရှာဖို့ စီစဉ်ထားကြောင်း မနေ့ညက သူမကို အသိပေးထားပြီး ဖြစ်သည်။ ဒါကြောင့် သူမသည် သူ၏ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး လက်ခံခဲ့သည်။

ကျန်ခယ်မ နှစ်ယောက်က သူ ထမင်းစားပြီးရင် ပင်လယ်ထဲသွားဖို့ ရည်ရွယ်ထားမှန်း မသိဘဲ သူ့စကားကြားတော့ မျက်လုံးများလှည့်ကြသည်။ အိမ်

အလုပ်တွေကို ကူညီပေးရင်း နောက်ဆုံးတော့ တိုးတက်မှုတချို့ ရခဲ့တယ်လို့ သူတို့ ထင်ခဲ့ကြပေမယ့် ထမင်းစားပြီးတာနဲ့ ချက်ချင်း ထွက်ခွာဖို့ ပြောနေသည်လေ။

မူလက အမေ ရီသည် သူ့အား အနည်းငယ် ကြိမ်းမောင်းရန် စဉ်းစားခဲ့သော်လည်း လင်မယားနှစ်ယောက် အသီးသီး၏ အခန်းကဏ္ဍကို ကျေကျေနပ်နပ် လက်ခံပြီး ကလေးဆိုးလေးသည်လည်း အိမ်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် အရှုံးပေး၍ စကားလုံးများကို မျိုချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။ သူမသည် လေသံတိုးတိုးဖြင့် ညည်းညူသည်။

ရီရောင့်သုန်း တစ်ယောက် ခေါက်ဆွဲကို စားပြီးသွားသောအခါမှ လိုအပ်သော ကိရိယာများ ထုပ်ပိုးထားသည့် ပုံးကို လှမ်းယူလိုက်သည်။ သူ့အိတ်ကပ်ထဲသို့ အိတ်တစ်လုံးလည်း ထည့်လိုက်သည်။ ထို့နောက် အလျင်အမြန်ပင် ဆိပ်ခံဆီသို့ ဦးတည်သွားသည်။

ရီမိသားစုမှ အမျိုးသမီးများသည် ဆန်လှော်၊ အသီးအရွက်များ ခူး‌နေကြသည်။ ပင်လယ်စာ တူးဖို့ မသွားခင် သည်နေ့အဖို့ နေ့လည်စာ ကြိုပြင်ထားကြသည်။ အိမ်ဆောက်လုပ်မှုသည် မနက်ဖြန်တွင် စတင်မည် ဖြစ်ပြီး နေ့စဉ်စားသုံးမှု သိသိသာသာ တိုးလာမည်ဖြစ်သည်။ ကုန်ကျစရိတ်အချို့ကို လျှော့ချရန်အတွက် သဲဂုံးများ ပိုမိုတူးရန် လိုအပ်သည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now