Chapter 146

653 89 0
                                    

အပိုင်း (၁၄၆)

ရီရောင့်သုန်း သူ့အား ငါးမျှားတံကမ်းပေးပြီး ငါးစာအဖြစ် သူ နှစ်သက်ရာ အသုံးပြုနိုင်စေရန် ငါးသေးလေးများနှင့် ပုစွန်များပါ တစ်ခါတည်း ပစ်ပေးလိုက်သည်။

သူက လက်များကို အမြန်ဝှေ့ယမ်းပြကာ

"မလိုဘူး မလိုဘူး၊ ငါ အခုလေးတင် မြေလှောင်ကွန်တွေ သိမ်းပြီးပြန်လာတာ၊ ပုံးထဲမှာ ရှိနေပြီးသား ငါးသေးလေးတွေ ပြန်ယူသွားလိုက်"

"အဆင်ပြေတာပဲ"

ရီရောင့်သုန်းက ငါးသေးလေးများကို ပုံးထဲ ပြန်ထည့်လိုက်ပြီး ပုစွန်များကို ကုန်းပတ်ပေါ် ပစ်တင်ထားလိုက်သည်။

လင်းလောင်လျို့က ငါးမျှားတံကို ကိုင်ကာ ပြုံးရင်းဖြင့်

"ဒါဆို ငါစမ်းကြည့်ပြီနော်၊ တစ်ခေါက်တည်း ဖမ်းမှာမလို့ ဖမ်းပြီးရင် ပြန်ပေးမယ်"

ပြောပြီးနောက် သူက ရီရောင့်သုန်း လမ်းစဉ်နောက်လိုက်ကာ ငါးကို ပိုင်းလိုက်ပြီး ချိတ်တွင်ချိတ်ကာ ပင်လယ်ထဲပစ်ချကာ

"ငါ ကံကောင်းမလားမကောင်းဘူးလားတော့ မပြောတတ်ဘူး ဘာငါးဖမ်းလို့ရမလဲ မသိဘူး?"

"စိတ်ရှည်ရှည်စောင့်ပါ ဦးလေးရ၊ အချိန်တန်ရင် ငါးစာက လာဟပ်မှာပဲ"

ရီရောင့်သုန်းက မေးထောက်ပြီး ပင်လယ်ပြင်ကို ငေးကြည့်ကာ ခံစားရသည်မှာလည်း လေး၊ ငါးမိနစ်လောက် ကုန်သွားပြီလို့ပင်။ လင်းလောင်လျို့မှာ ငါးစာပဲ ပြုတ်ကျသွားလေသလားကို ကြည့်ရန် ငါးမျှားတံကို မ,ကြည့်ချင်သော်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေချိန် ရှည်မျောမျောအရာတစ်ခု ကူးသွားသည်ကို လှမ်းမြင်လိုက်၏။

သုံးစက္ကန့်အတွင်းမှာ လင်းလောင်လျို့တစ်ယောက် ပျော်ရွှင်စွာဖြင့်

"ဟုတ်ပြီ ဟုတ်ပြီ"

သူက ဖြည်းဖြည်းချင် မ,တင်ရန် ကြိုးစားလိုက်သော်လည်း ၎င်းက အလွန်လေးနေမှန်း သတိထားမိလိုက်သဖြင့် အနည်းငယ် အံ့အားသင့်သွားပြီး အားစိုက်ဆွဲတင်လိုက်သည်။

"ငါးရှဉ့်ကြီး!"

ရီရောင့်သုန်း အံ့အားတသင့် ရေရွတ်မိသွား၏။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now