အခန်း (၁၀၁) : နှစ်လိုဖွယ် သာယာမှု အခြေအနေ
ဂူမန်မန်သည် စိတ်ထဲမှ ပြောဆိုနေစဉ် အမျိုးသား အုပ်စုကြီးသည် အပြေးအလွှား ပြန်ရောက်လာကြ၏။
ဂူမန်မန်သည် အမျိုးသားများလက်မှ လိုတာထက်ပိုကာ သယ်ဆောင်လာသည့် သားကောင်များကို မြင်ကာ သူမ သွေးတွေ ခဲကုန်ပြီဟု ခံစားမိလိုက်၏။
သေစမ်း..... ပထမအကြည့်တွင် အကာအကွယ်ပေးထားသည့် ကျား၊ ခြင်္သေ့၊ ဝက်ဝံနှင့် အခြားသော အမည်မသိ တိရစ္ဆာန်များစွာကို တွေ့လိုက်ရသည်။ သို့သော် သူမသည် ထိုအကောင်များက အဖိုးတန်ကြောင်း သိ၏။ တစ်ဖက်တွင်လည်း အမျိုးသားများသည် တိရစ္ဆာန်များကို ဂေါ်ဖီမုန်လာထုပ်များကဲ့သို့ ပစ်နေပြီး ဘိုဒီ၊ လီရာနှင့် အဲလ်ဗစ် ဖမ်းထားသည့် ငါးများနှင့်အတူတူ အပုံလိုက်ကြီး ဖြစ်သွားလေသည်။
ဘာတွေလဲ.....
ဂူမန်မန်သည် မွန်းကျပ်မှုကို ခံစားလိုက်ရပြီး ကောင်းကင်ကို တိတ်တဆိတ် မေးလိုက်မိသည် "သားရဲနတ်ဘုရားက ဒီလိုမျိုး ဖြုန်းတီးပစ်နေတာကို ဂရုမစိုက်ဘူးလား....."
လီရာသည် ဂူမန်မန်ကြည့်ရာ လိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကား လှပစွာ ကွေးညွှတ်သွားလေသည်။ ထိုအမျိုးသားများသည် စတေးမှုအကြီးကြီး လုပ်ရန်ပင် ဆန္ဒရှိကြ၏။ ဆောင်းဝင်တော့မည် ဖြစ်သည့်အတွက် ထိုဝှက်ထားသောသားကောင်များသည် အရင်ကတည်းမှ အမဲလိုက်ထားသည်များဖြစ်ကာ ဆောင်းကို အံ့တုသည့်အခါ ခံနိုင်ရည်မရှိသည့်အချိန်အတွက် စုဆောင်းထားကြခြင်း ဖြစ်၏။
ဂူမန်မန်အား စိတ်ကျေနပ်စေရန် သူတိုသည် ဆောင်းအတွက် အမဲလိုက်ထားသည့် သားကောင်များကို ထုတ်ယူလာကြ၏။ သူတို့သည် အမှန်တကယ်ပင် အချစ်ကြောင့် စုံလုံးကန်းနေလေချေပြီ။
"မင်းသဘောကျရဲ့လား....." ဂူမန်မန်သည် သူတို့အား ကြည့်နေသည်ကို မြင်သောအခါ သူလဲ မနေနိုင်ဘဲ မေးလိုက်မိ၏ "ငါနဲ့ အဲလ်ဗစ်လဲ အစာတွေ စုထားတာရှိတယ်..... မင်းသဘောကျရင် ထပ်အမဲလိုက် သွားလိုက်မယ်လေ....."
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)