အခန်း (၁၁၅) : ဘာရီတီ အသက်မရှင်ပေ
ဂူမန်မန်နှင့် စန္ဒီက လက်ကိုင်ထားရင်း မီးပုံဆီ လျှောက်လှမ်းလာစဉ် အဲလ်ဗစ်နှင့် ဘိုဒီကလဲ နောက်ကနေ လိုက်လာကြသည်။ ခွန့်တ်ကို ကျော်တက်လိုက်ပြီး ဂူမန်မန်က ခြေလှှမ်းများ ရပ်လိုက်ကာ အဲလ်ဗစ်ဆီ လှည့်ပြီး မေးလိုက်သည် "နီနာ ပါတနာတွေက ခွန့်တ်ကို ခေါ်မသွားဘူးလား ဒီမှာထားခဲ့ရင် သေသွားလိမ့်မယ်...."
"သူ့ကို ပို့ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်..." အဲလ်ဗစ်က ဂူမန်မန်ကို တခြားအမျိုးသားများအပေါ် ဂရုစိုက်တာ မလိုချင်ပေ။ မိတ်ဖက် ရှိနေသော သူများ အပါအဝင် ဖြစ်သည်။
ကံကောင်းစွာ ဂူမန်မန်က ခွန့်တ်အပေါ်တွင် အမြင်ကောင်း သိပ်မရှိချေ။ သို့သော် သူမက မျက်စိရှေ့တွင် သေမှာကို မမြင်ရက်နိုင်လောက်အောင် ကြင်နာနေပြီး သူ့အား လျှစ်လျူရှု မထားရက်ပေ။
သို့သော်လည်း...
"ဟမ်.. ခွန့်တ်က နတ်ဘုရား ပြစ်ဒဏ် စင်မြင့်ပေါ်က ရောက်လာပြီကို ဘာရီတီကို ဘာလို့ မတွေ့တာလဲ...." ဂူမန်မန်က ဘေးပတ်လည် ကြည့်ရင်း မေးလိုက်သည်။ သူမက ဘာရီတီ အရိပ်ပင် မတွေ့ပေ။
ဂူမန်မန် နောက်တွင် ရပ်နေသော ကော်လင်းက ခေါင်းကို ငုံ့ရင်း မျက်မှောင်ကျုတ်ကာ ဖြေလိုက်သည် "ဘာရီတီက အသက်မရှင်ခဲ့ဘူး သူက မနေ့ည နတ်ဘုရား ပြစ်ဒဏ်စင်မြင့်ပေါ်မှာ သေသွားခဲ့ပြီ .... အခု.."
"သေစမ်း .." ထိုအရာကို ကြားပြီး ဂူမန်မန်က များများစားစား မတွေးတောဘဲ စန္ဒီလက်ကို လွတ်ပေးလိုက်သည်။ ထို့နောက် စန္ဒီကို ဘိုဒီဆီ အပ်ထားကာ ပြောတော့သည် "အရင် စားနှင့်လိုက်နော် ဘာရီတီဆီ သွားကြည့်လိုက်ဦးမယ်..."
ဂူမန်န်က စိတ်အေးလက်အေး တွေးတောဖို့ရာ အချိန်မရှိပေ။ သူမက အဲလ်ဗစ်ဆီ တည့်တည့်သွားလိုက်ပြီးတော့ အော်ပြောလိုက်သည် "ခေါင်းဆောင် မြန်မြန် မြန်မြန်လာ နတ်ဘုရား ပြစ်ဒဏ် စင်မြင့်ဆီ သွားရအောင်..."
အဲလ်ဗစ်က မျက်မှောင်ကျုတ်လိုက်ပြီးတော့ ဘာရီတီအပေါ် သူ့အမြင်မကြည်မှုက ပို၍ပင် တိုးလာလေသည်။
ŞİMDİ OKUDUĞUN
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomantizmThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)