chapter 140 (Z)

1.4K 112 7
                                    


အခန်း (၁၄၀) : ဒယ်ဒီလီရာက ကျွန်မကို စားချင်တာလား

ဂူမန်မန်က သူမ မျက်လုံး မှိတ်ဖို့ ပြင်ခါနီးတွင် လီရာက သူ့ပန်းရောင် လျှာဖျားလေး ထုတ်ကာ ဂူမန်မန် နှာခေါင်းထိပ်ကို လာလျက်လိုက်သည်။

သူနှုတ်ခမ်းပေါ်က သွေးနီရောင် အရာကား ဆွဲဆောင်မှုရှိလွန်းသောကြောင့် သူမက မမှတ်မိတော့လောက်အောင် အထိ ဖြစ်သွားလေသည်။

လီရာက လက်ညိုးဖြင့် ဂူမန်မန် သွေးများကို ယူကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက်တွင် သူက ဂူမန်မန်ကို မှင်သက်နေသည့် မျက်ဝန်းအစုံဖြင့် ကြည့်ကာ "စိတ်ကူးထားတဲ့အတိုင်းပဲ မင်းက အရသာ အရမ်းရှိတယ်...."

ဘာကြီးလဲ....

ဂူမန်မန်က ပန်းရောင်ပူဖောင်းများ ဝေဆာနေသည့် စိတ်ကူးမှ လက်တွေ့သို့ ပြန်ရောက်လာသည်။ သူမက နှုတ်ခမ်းစူကာ ပြောလိုက်သည် "ဒယ်ဒီလီရာက ကျွန်မကို စားချင်နေတာလား..."

လီရာက ခဏတာ တွေးတောလိုက်ပြီး ပြောလိုက်သည် "ဒါက အကြံကောင်းပဲ..."

ဂူမန်မန်က သူမ မျက်နှာသေးသေးလေးကို မော့ကာ ငိုကြွေးရင်း ပြောလိုက်သည် "ဒယ်ဒီလီရာ ကျွန်မကို မစားပါနဲ့...."

လီရာက ပြုံးလိုက်ပြီး သူမနှာခေါင်းကို ထပ်လျက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် လှုပ်ရှားမှုက နူးညံ့ပြီး နှေးကွေးလှသည်။ ဂူမန်မန်၏ အာရုံတစ်ခုလုံးက သူမနှာဖျားထိပ်တွင်သာ ရှိနေသည်။ သူမက လီရာ၏ အပြုအမူ တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူမနှာဖျားကို မည်သို့ လျက်လိုက်ပုံက အဆုံး အကုန် မြင်လိုက်ရသည်။

သူက သွေးများ စွန်းနေသည့် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ကာ ဆွဲဆောင်မှုရှိသည့် အငွေ့အသက်ကို ထုတ်လွှင့်မှုကို ရပ်တန့်ရင်း ဂူမန်မန်ဆီ ချဉ်းကပ်လာသည်။  လီရာက လက်မဖြင့် ဂူမန်မန်နှုတ်ခမ်းကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး သူမျက်ဝန်းထဲက လိုချင်ဆန္ဒကို ဖုံးကွယ်မထားပေ "ကိုယ့် ပါတနာ လုပ်မလား အစာ အဖြစ်ခံမလား... ဘယ်ဟာရွေးမလဲ..."

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora