အခန်း (၁၆၄) : အမှတ်တရ လမ်းကြား
ဂူမန်မန် သူမ ဘယ်အချိန် အိပ်ခဲ့တယ်ဆိုတာ သူမ ကိုယ်တိုင်တောင်မသိပေ။
သူမ လည်ချောင်းတွေ အရမ်းခြောက်ကပ်လာသောကြောင့် သူမ မျက်လုံးတွေကို ဖွင့်ရန်အားယူလိုက်သည်။ သူမ မျက်လုံးတွေ ဖောင်းအစ်နေပြီး အနည်းငယ်သာဖွင့်နိုင်သည်။
အဲလ်ဗစ်က ရေခွက်ကို ဂူမန်မန့် ပါးစပ်နားတေ့ပေးလိုက်သည့်အခါ ဂူမန်မန်သည် ရေကို အငမ်းမရ သောက်လေသည်။ အဲလ်ဗစ်က သူမ ရေသီးမည်စိုးသောကြောင့် သူမ နောက်ကျောကို ဖြည်းဖြည်းလေး ပုတ်ပေးနေသည်။
ဂူမန်မန် ရေသောက်ပြီးနောက် ရေခွက်ကို အဲလ်ဗစ်ထံ ပြန်ပေးလိုက်သည်။ ထို့နောက် သူမက ဘာမှမပြောပဲ အပြင်ထွက်ဖို့သာ မတ်တပ်ရပ်လိုက်သည်။
အဲလ်ဗစ်က ဂူမန်မန့် လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး ပြောလိုက်သည် “မင်း သူ့ကို သွားရှာဉီးမလို့လား”
အဲလ်ဗစ်ပြောသည့် “သူ” ဆိုတာ လီရာ့ကို ဆိုလိုမှန်း ဂူမန်မန်သိသည်။ အဲ့ဒီနာမည်ကို စဉ်းစားရုံနဲ့ပင် ဂူမန်မန့် နှလုံးသား နာကျင်နေရသည်။ သူမ လီရာ့ကို ထပ်တွေ့ပြီး အကြင်နာမဲ့သော စကားလုံးများကို နားထောင်ရန် အားလည်းမရှိပေ။ ထို့ကြောင့် သူမခေါင်းယမ်းလိုက်သည်။
အဲလ်ဗစ်က စိတ်သက်သာရာရပြီး ကိုင်ထားတဲ့လက်ကို အားလျှော့လိုက်သည်။
သူ ဂူမန်မန် အသည်းကွဲနေသည့် ပုံစံကို ထပ်မမြင်ချင်တော့ပေ။
အဲလ်ဗစ်က ရှေ့တစ်လှမ်းတိုးပြီး ဂူမန်မန်ကို ဖက်ရင်းပြောလိုက်သည် “မင်း ခြေထောက်ကဒဏ်ရာကြောင့် အချိန်တစ်ခုအထိ ကောင်းကောင်းလမ်းလျှောက်နိုင်မှာမဟုတ်ဘူး။ မင်းဘယ်သွားချင်လဲ။ ကိုယ်မင်းကို ခေါ်သွားပေးမယ်လေ။”
ဂူမန်မန် သူမ ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ အရေခွံလန်နေ ပြီး သွေးစများပင်မြင်ရလောက်သည် အထိဆိုးဝါးနေသည်။
ဒါပေမဲ့ ဘာလို့မနာတာပါလိမ့် .... အင်းလေ ရင်ထဲကဒဏ်ရာလောက် နာနိုင်ပါ့မလား။
VOUS LISEZ
အလှလေး ရှောင်မန် (Myanmar translation) Book 2
Roman d'amourThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)