အခန်း (၂၃၅) : စစ်သည်လေး၏ ရဲ့ရင့်သော တိုက်ခိုက်ခြင်း
ဂူမန်မန် ဘာတွေဖြစ်နေလဲ မသိပေမဲ့ အဲလ်ဗစ်ကို ယုံရန်သာ ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် သူမကို အဲလ်ဗစ် ပတ်ပေးခဲ့သော သားရေကို ပို၍တင်းကျပ်စွာပတ်ကာ ဂူအတွင်းပိုင်းသို့ တဖြည်းဖြည်းလျှောက်လာခဲ့သည်။ ငါးခြောက်သိုလှောင်ထားသော နေရာတွင်သာ ထိုင်လိုက်ပြီး ပိတ်ထားသော ဂူကို စိုးရိမ်စွာကြည့်နေမိသည်။
သူမ အမှောင်ထဲမှာ ကောင်းကောင်း မြင်နိုင်ပြီ ဖြစ်သော်လည်း သူမတွင် X-ray လို အမြင်အာရုံမဟုတ်သည့်အတွက် ပိတ်ထာသော နေရာ၏အပြင်ဘက်တွင် ဘာတွေဖြစ်နေလဲ မသိနိုင်ပေ။
ဂူထဲတွင် လုံးဝ တိတ်ဆိတ်နေသည်တော့ မဟုတ်ပေ။ ကျယ်လောင်သော အသံတစ်ခုက ဂူမန်မန်ကျောရိုးအထိပါ စိမ့်ဝင်သွားသည်။
သူမ ဒီ အသံကို ရင်းနှီးသည်။
ဒါက အဲလ်ဗစ်ရဲ့ ဝံပုလွေဟိန်းဟောက်သံပဲ။
ဒီအသံက အဲလ်ဗစ်က အသွင်ပြောင်းသွားတယ်လို့ ဆိုလိုတာလား။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူက ဘာလို့ ရုတ်တရက် အသွင်ပြောင်းလိုက်ရတာလဲ။ ဒီနေ့က ဆယ့်ငါးကြိမ်မြောက် လပြည့်ညမလို့လား။ အဲလ်ဗစ် သွေးကြွလာတာလား။
ဒါမှ မဟုတ် မတူညီတဲ့ စရိုက်လား။
အဲလ်ဗစ် ရဲ့ ကြမ်းကြုတ်တဲ့စရိုက် ပေါ်လာတာလား။
ပိတ်ထားသော ကျောက်ပုံကို ဝင်တိုက်သောအသံကို ကြားလိုက်ရသောအခါ စိတ်တွေပြင်းထန်လာရသည်။
ဂူမန်မန် ခေါင်းပင် ကိုက်လာသည်။
မဟုတ်သေးဘူး။ အပြင်မှာ အဲလ်ဗစ် တစ်ယောက်ထဲမဟုတ်ဘူး။
ဒါ…ဒါက တိုက်ခိုက်နေတဲ့ အသံပဲ
ဂူဝမှာ နှင်းခဲတွေပိတ်နေလို့ ဘယ်သူမှ ဝင်လာလို့ မရဘူးလို့ သူပြောခဲ့တယ် မဟုတ်လား။ ဒါဆို ရုတ်တရက် ကျူးကျော်သူက ဘာကြောင့်ရောက်နေရတာလဲ။
ဂူမန်မန် လုံးဝ စိတ်ပူလာသည်။ သူမ ကျောက်ဆောင်ကို မှီလိုက်ကာ အပြင်တွင် ဘာဖြစ်နေလဲသိချင်သောကြောင့် အပေါက်တူးနေသည်။
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)