အခန်း (၁၅၀)

1.6K 150 6
                                    


အခန်း (၁၅၀) : ဒီနေ့ကစပြီးတော့ ငါက နင့်အပိုင်ပဲ

" ငါ့မန်မန်လေးက သွေးနံ့တွေ မကြိုက်ဘူး။ မြန်မြန် ထွက်သွားစမ်း ... မဟုတ်ရင် ငါလုပ်ပေးရမလား ..." လီရာ စကားမဆုံးခင် နီနာ ပါတနာတချို့က ပြေးမထွက်သွားရဲဘဲ လီရာကို ကြည့်ရင်း စန္ဒီတို့ပိုင်နက်ထဲမှ ဖြည်းဖြည်းချင်း သတိတကြီး ထွက်သွားလေသည်။

သူတို့က ခြေလှမ်း လှမ်းပြီးတိုင်း လီရာကို ပြန်လှည့်ကြည့်ကြသေးသည်။ လီရာက ဂူမန်မန်ဆီ သွားပြီး ဖက်နေသည်ကို မြင်မှ သူတို့က အမြန်အဆန် ထွက်သွားရဲကြတော့သည်။ ဒဏ်ရာရနေသည့် လူများကိုပင် သယ်ယူသွားကြသည်။ ကြောင်အနေသည့် နီနာကိုပါ သူမ ပါတနာ တစ်ယောက်က ချီပေးလာရသည်။ သူမ မျက်လုံးများက တုန်လှုပ်ချောက်ခြားကာ စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေပြီး အဖြစ်အပျက်များကို နားမလည်သကဲ့သို့ ဖြစ်နေသည်။

နီနာ ထွက်သွားသည်နှင့် စန္ဒီ မိသားစု၊ ဂူမန်မန်၊ လီရာနှင့် နီနာနောက်မှ လိုက်လာသည့် သားရဲတပိုင်း အမျိုးသမီးလေးသာ ကျန်ရှိလေသည်။

ဂူမန်မန်က သားရဲတစ်ဝက် အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည် " နင့် သခင်တောင် ထွက်သွားပြီ ဘာလို့ ရှိနေသေးတာလဲ .... "

အမျိုးသမီးလေးက နှုတ်ခမ်းကိုက်ကာ စိုးရိမ်ဟန်ဖြင့် တွေဝေနေပြီးနောက် ထစ်အ ထစ်အဖြင့် မေးလိုက်သည် " ဒီမှာ .... ဒီမှာ နေလို့ ရမလားဟင် ..."

" အို ... " ဂူမန်မန်က မျက်ခုံးပင့်ကြည့်ကာ မေးလိုက်သည် " နင်က နီနာ သူငယ်ချင်း မဟုတ်ဘူးလား။ နင်က ငါတို့နဲ့ရှိဖို့ မသင့်ဘူးလေ "

အမျိုးသမီးလေးက အဆက်မပြတ် ခေါင်းခါယမ်းရင်း မျက်ရည်များ စီးကျလာကာ ပြောလိုက်သည် " ငါက နီနာနဲ့ သူငယ်ချင်း မဟုတ်ပါဘူး။ သူမက ပြီးပြည့်စုံတဲ့ အမျိုးသမီးဖြစ်ပြီးတော့ ငါနဲ့ စန္ဒီက သားရဲတစ်ဝက်အမျိုးသမီးတွေလေ။ သူမ စကားနားမထောင်ရင် ငါလည်း အနိုင်ကျင့်ခံရတယ်။ ငါ ထပ်ပြီးတော့ အနိုင်ကျင့်မခံချင်တော့ဘူး ... အဲဒါကြောင့် ကျေးဇူးပြုပြီးတော့ နင်နဲ့ အတူတူ နေခွင့်ပေးပါ့လားဟင် .. ရတယ်မလား .... "

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now