အခန်း (242)

2.2K 225 28
                                    

အခန်း (၂၄၂) : ရည်းစားဟောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အပြုအမူကို ထိန်းသိမ်းပေးပါ

လီရာက တုန်လှုပ်နေသော အသံဖြင့်ပြောလိုက်သည် “ ကိုယ် သားရဲနတ်ဘုရားကို သက်သေထားပြီးတော့ ကိုယ့်သစ္စာတရားတွေကို မင်းအပေါ်ပုံအပ်လိုက်မယ်။ ဒီနေ့ကစပြီးတော့ မင်းကသာ ကိုယ့်ရဲ့တစ်ယောက်တည်းသောနတ်ဘုရား၊ ကိုယ့်ဘဝ၊ ကိုယ့်ရဲ့ အရာရာပါ။”

ဂူမန်မန် ခန္ဓာကိုယ် တောင့်သွားကာ ဘာမှမပြောနိုင်ပဲ အသက်ရှူရတာပါ ခက်ခဲလာရသည်။

သူမ လီရာ့ကြောင့်နဲ့ အများကြီးငိုခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမ လီရာ့အတွက် ထပ်ငိုမှာ မဟုတ်တော့ပေ။ အခုတော့ သူ့စကားများကြောင့် သူမ မျက်လုံးများနီရဲလာရသည်။

လီရာ သူမဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူမကို ရင်ခွင်ထဲ ထပ်မံဆွဲသွင်းလိုက်သည်။ ထိုနွေးထွေးမှုက သူ့ အသားအရေတွေပါ လောင်ကျွမ်းလာသလို ခံစားရသည်။ တစ်ယောက်ယောက်ကို အသက်ရှူကြပ်စေနိုင်သော နာကျင်မှုမျိုးဖြစ်သည်။ သူ့ ခန္ဓာကိုယ်ရှိ သွေးများခဲသွားသလို ခံစားရပြီး သူမ အပေါ်ကိုသာ အာရုံစိုက်ထားမိသည်။

လီရာ ဂူမန်မန့်ပုခုံးပေါ် မေးစေ့တင်လိုက်ပြီး အသံတွေက တုန်လှုပ်နေသည်။ သူမကြိုက်ခဲ့သော အပြုံးကို ထိန်းသိမ်းသော်လည်း မရပေ။ သူပြောလိုက်သည်

“ ကိုယ် စောစောက ပြောခဲ့တဲ့စကားတွေ အကုန်လုံးက အလိမ်အညာတွေလို့ ထင်နေတာလား။ ကိုယ် ဘယ်တုန်းကမှ တစ်ယောက်ယောက်ရဲ့ ပါတနာ မဖြစ်ဖူးပါဘူး။ ဘယ်တုန်းကမှ…..
မန်မန်…ကိုယ်တောင်းပန်ပါတယ်ကွာ….ကိုယ်ပြောတာလေးကို ယုံပေးပါကွာ နော်”

ဂူမန်မန် မျက်ရည်တွေ သုတ်လိုက်ပြီး သူမကို လွှတ်ပေးအောင် လီရာ့ခြေထောက်ကို တက်နင်းလိုက်သည်။

လီရာ ညည်းတွာလိုက်သော်လည်း လက်တွေကတော့ နည်းနည်းလေးမှ မလှုပ်ပေ။ သူ ဂူမန်မန့်ကို ဖက်ထားဆဲဖြစ်ပြီး လွှတ်ပေးရန် ဆန္ဒမရှိပေ။

တုန်လှုပ်စွာဖြင့် ဂူမန်မန် အသက်ပြင်းပြင်း ရှူလိုက်ကာ ခက်ခဲစွာဖြင့် ပြောလိုက်သည်။ သူမ ပြောသော စကားလုံးတိုင်းက ရှင်းလင်းနေပေသည်

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora