အခန်း (185) ( u & z )

2K 209 6
                                    

အခန်း (၁၈၅) : ကျမ အခွင့်ထူးခံ လူသား မဖြစ်ချင်ဘူး။

အော့လေ တုန်လှုပ်သွားပြီး သူ့ခေါင်းကို ရမ်းကာ ပြောလိုက်သည် “ မဟုတ်ပါဘူး။ မင်းက မင်းရဲ့ကိုယ်ပိုင်ရိက္ခာကိုပဲ ထိန်းသိမ်းရမှာပါ”

ဂူမန်မန် ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်ပြီး မေးလိုက်သည် “အဲဒါဆိုရင် ကျမဆီကို ဘာလို့ ရိက္ခာတွေ အများကြီးပို့မှာလဲ”

အော့လေ ရယ်လိုက်ကာ ပြောသည် “ မင်းက မျိုးနွယ်ရဲ့ အလှပဂေးလေးလေ ရိက္ခာကို မင်း အရင် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ပြီးမှသာ နီနာ၊ စန္ဒီ နဲ့ မာယာတို့က ရွေးလိမ့်မယ်။”

ဂူမန်မန် ခေါင်းကို မော့လိုက်ပြီး လက်ထောင်ပြလိုက်ကာ သူ့ကို ရပ်တန့်စေရင်းပြောလိုက်သည် “ ဘာလို့ နီနာက အရင် ရွေးချယ်ခွင့်မရတာလဲ။ စန္ဒီနဲ့ မာယာကလည်း အမျိုးသမီးတွေပဲလေ သူတို့လည်း ဂရုစိုက်ခံသင့်ပါတယ်။”

အော့လေ မျက်တောင် ပုတ်ခက်ပုတ်ခက်လုပ်ရင်း သူမကို ပြောလိုက်သည် “ဒီဟာက မျိုးနွယ်စု အတွင်းမှာ ဖြစ်နေကြပဲ မဟုတ်လား။ အလှပဆုံးသူ ရွေးပြီးမှ တခြားအမျိုးသမီးတွေနဲ့ သားပေါက်လေးတွေက ရွေးခွင့်ရှိတာ”

ဂူမန်မန် တောက်ခေါက်ကာ မေးလိုက်သည် “ နဇိုင်းရယ်မှာ သားပေါက်လေးတွေ  ရှိလို့လား။ ကျမ ဘာလို့မမြင်တာပါလိမ့်။”

အော့လေ ခေါင်းငိုက်စိုက်ကြရင်း ပြောလိုက်သည် “ အစတုန်းက သားပေါက်လေးတွေရှိပါတယ်။ ဒါပေမဲ့ နီနာက ခွန်တ်ကို သူမ အသိုက် တစ်ခုလုံးဖျက်ဆီးဖို့ တွန်းအားပေးခဲ့တယ်လေ။”

ယခင် နံပါတ်တစ် အလှပဂေးဖြစ်တဲ့နီနာဟာ အဲလ်ဗစ်အတွက် သားပေါက်လေးတွေ မွေးပေးချင်ခဲ့တာကြောင့် သူမအသိုက်ကို ခွန်တ်အား ဖျက်ခိုင်းစေခဲ့သည်။

အဲ့တာကို စဉ်းစားကြည့်လိုက်လျှင် သူမက အရူး ဆန်လှသည်။ တိရစ္ဆာန်တွေတောင် သူတို့ကလေးကို အထိခိုက်မခံသော်လည်း နီနာကတော့ ရက်စက်လှသည်။

ဂူမန်မန် နီနာ့အကြောင်း မပြောချင်ပေ။ ပြောလျှင်လည်း အကောင်းထွက်လာမည်မဟုတ်ပေ။ ပြီးတော့ တစ်ယောက်မကောင်းကြောင်းကို ကွယ်ရာတွင်လည်း ပြန်မပြောတတ်ပေ။ သဘောထား ကွဲလွဲမှုရှိပါက ထိပ်တိုက် ဖြေရှင်းတာမျိုးပဲလုပ်မည်။ သူများနောက်ကွယ်တွင် မကောင်းမပြောချင်ပါ။ အဲ့လို လုပ်ခြင်းက အောက်တန်းကျသောကြောင့် ဖြစ်သည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now