အခန်း (၁၃၅)

1.7K 150 1
                                    


အခန်း (၁၃၅) : ဂုဏ်ယူပါတယ် ရှင်က မခိုင်းဘဲ ဘယ်လို လုပ်ရမယ်ဆိုတာ သိသွားပြီကိုး

စန္ဒီက မြေပြင်ပေါ်တွင် ခင်းရန်အတွက် သူမ ပါတနာထဲမှ တစ်ယောက်ကို ဂူထဲမှ သားရဲအခင်း သွားယူရန် စေခိုင်းလိုက်သည်။ ဘိုဒီနှင့် အခြားလူများက အာဒီလီကို ထိုအခင်းပေါ် တင်ပေးလိုက်သည်။ လီရာက ကျောက်အိုးကို ဘေးချထားပြီး သူ့အမြီးဖြင့် ဂူမန်မန်ကို ပတ်ထားလိုက်ပြီး သူ့နောက်သို့ ခေါ်ထားလိုက်သည်။ အကြောင်းမှာ သူမ ကိုယ်တိုင် ရှေ့တိုးပြီး အာဒီလီ၏ ဒဏ်ရာများကို စစ်ဆေးမှာကို ကြိုတင်ကာကွယ်ထားခြင်း ဖြစ်၏။

ဂူမန်မန်က လီရာသည် သူမ သွေးနံ့ကို မခံနိုင်သည့်အတွက် ကာကွယ်ပေးထားမှန်း သိနေသည်။ သူမ နှလုံးသားတွင် နွေးထွေးသွားသော်လည်း အာဒီလီအတွက် စိတ်ပူပင်နေသေး၏။ ထို့အပြင် သားရဲလည်း အသက်တစ်ခု ဖြစ်ကာ သူက စန္ဒီ၏ ပါတနာလည်း ဖြစ်နေသေး၏။ လီရာက အာဒီလီ ဒဏ်ရာများက သူမနှင့် မဆိုင်ဘူးဟု ပြောသော်လည်း သူမက အပြစ်ရှိစိတ် ခံစားနေရဆဲ ဖြစ်သည်။

ထို့ကြောင့် သူမက ပထမဆုံး အနေဖြင့် ထိုအမြီးဖွာဖွာလေး ဆွဲဆောင်မှုကို ငြင်းဆန်ကာ လီရာ၏ ကျောကုန်းပေါ် တက်လိုက်သည်။ သူမက လီရာပခုံးပေါ်တွင် လဲလျောင်းနေပြီး ခေါင်းလေးကို လီရာနှင့်အတူ အာဒီလီ ဒဏ်ရာများ စစ်ဆေးရန် အလို့ဌာ ရှေ့သို့ ပြူထွက်လာသည်။

"ဒီလိုထားလိုက်ရင် သေချာပေါက် ပိုးဝင်မှာပဲ...." ဂူမန်မန်က သူမ ဘာသာ တိုးတိုးလေး ငြီးတွားလိုက်သည်။

လီရာက လှည့်ကာ ဂူမန်မန်ကို မေးလိုက်သည် "အဲဆို ဘာလုပ်ဖို့ အကြံပေးချင်လဲ....."

ဂူမန်မန်က ဘာရီတီတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများသည် သာမာန် ဗဟုသုတဟု ဆိုသော်လည်း လီရာနှင့် အခြားသူများအတွက် ထိုသည်က နတ်ဘုရားနှင့်ပင် ယှဉ်နိုင်သည့် အရည်အချင်း ဖြစ်၏။ ဂူမန်မန်၏ မြင့်မားသော အသိဉာဏ်ကား သားရဲလောကရှိ များစွာသော မျိုးနွယ်စုများမှ နတ်ဆေးဆရာများကို ကျော်လွန်နိင်သည်။

ထို့ကြောင့် လီရာက ဂူမန်မန်အတွေးကို လေးလေးနက်နက် မေးလိုက်ခြင်း ဖြစ်သည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now