အခန်း (၁၄၈) : လီရာ ... ရှင် ဘာလုပ်မှာလဲ
ဂူမန်မန်က ခါးမှ အမြောက်မခံရခင်အထိ နီနာဆီ တဟုန်ထိုး ပြေးသွားရန် ကြံရွယ်နေခြင်း ဖြစ်သည်။
ဂူမန်မန်က ထိုသူကို အဲလ်ဗစ်ဟု ထင်ကာ လှည့်၍ ရှင်းပြရန် ကြံလိုက်သည့်အခါ လီရာ ပြုံးနေသည့် မျက်နှာကို မြင်လိုက်ရလေသည်။
ဂူမန်မန်က ပြောလိုက်လေသည် "လီရာ ... ရှင် ဘာလို့ ကျွန်မကို မ နေတာလဲ ..."
သို့သော် လီရာက စိတ်ကောက်နေသည့် သူမ နှာခေါင်းလေးကို တို့လိုက်ကာ သူ့လက်ထဲတွင် ဂဏန်းတစ်ကောင်လို ရှေ့တိုးနောက်ဆုတ်လုပ်နေသည့် ဂူမန်မန်ကို ကြည့်နေလိုက်သည်။ သူမက သူ့လက်ကို ကိုက်ဖို့ရာ ကြိုးစားနေသော်လည်း အားသုံးကာ သူက မေးလိုက်သည်
" ကိုယ့်ကို ဘာကတိပေးထားလဲ .... "
ဂူမန်မန်က မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အပြစ်ကင်းသည့်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။ သူမက စောစောလေးမှ ပြောထားသည့် ကိစ္စကို လုံးဝမေ့လျော့သွားလေ၏။
ရေပွက်နေသည့် ကျောက်အိုးကို လက်ညိုးထိုးပြကာ လီရာက မျက်ခုံးပင့်ရင်း ဂူမန်မန်ကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။ သူမ ပြောထားသည့် စကားကို မေ့လျော့သွားသည့်အတွက် ထိုကလေးမအတွက် အပြစ်ဒဏ်ကို စဉ်းစားနေဟန် ရသည်။
ဂူမန်မန်က လီရာညွှန်ပြရာကို လက်ကြည့်လိုက် ကျောက်အိုးကို မြင်လိုက်ရသည်။ ဆက်တိုက်ဆိုသလို သူမက လီရာကို ကတိပေးထားသည်ကို အမှတ်ရလိုက်သည်
" နောင်ကျ ကျမ ဘာသာ ကျမ ဘာမှမလုပ်ဘဲ နေ့စဉ်ဘဝ လုပ်ငန်းကိစ္စကိုတောင် မလုပ်နိုင်တဲ့လူကို နေပါ့မယ် ... "
ဂူမန်မန်က ရှက်ရွံစွာ ပြုံးလိုက်ရင်း လည်ပင်းရှင်းကာ လီရာလက်ထဲ တိုးဝေ့ပြီး ပြန်ဖက်ထားလိုက်သည်။
လီရာက သူမဆီမှ အမိန့်မှ အပြုံးလေးဖြင့် စောင့်နေလေသည်။
ဂူမန်မန်က လီရာကို ဖက်ထားရာမှ အားတက်သရော ကြည့်ကာ နီနာကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည် " လီရာ ကျမကို ကူပြီးတော့ သူမကို အပြစ်ပေး ပေးမယ် မလား ... "
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)