အခန်း (၁၂၁) : ဂူမန်မန်၏ မျက်စိ အစာကျွေးခြင်း အလှတရား
ဂူမန်မန်က ခိုးကြောင်ခိုးဝှက် ရယ်မောလိုက်တော့သည် "ရှင် ဒီငါးကင်ကို စားပြီးတာနဲ့ ပြောပြမယ်..."
သားရဲလောကရှိ အမျိုးသားများက အမျိုးသမီးများကဲ့သို့ ဖူးဖူးမှုတ်ခြင်း မခံရပေ။ သူတို့သည် ဝါးရခက်သည့် အရိုးများကိုပင် စားခဲ့ရသည်။ ထိုမျှ ခါးသက်သော အသားက ဘိုဒီအတွက် ကိစ္စအကြီးကြီး မဟုတ်ပေ။ နောင်တွင် စန္ဒီကို အရသာကောင်းကောင်း ထောက်ပံ့ပေးနိုင်ရန် ဘိုဒီက မျက်တောင်တစ်ချက် မခတ်ဘဲ ငါးတစ်ကောင်လုံးကို ပါးစပ်ထဲ ထည့်ကာ အကြိမ်ရေ အနည်းငယ် ဝါးစားပြီး မျိုချလိုက်တော့သည်။ ထို့နောက်တွင် သူမ ပြောမည့် စကားတစ်လုံးကိုပင် လွတ်သွားမည်ကို စိုးထိတ်နေသည့်အလား သူက ဂူမန်မန်တွင် တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဂူမန်မန်က သူမငါးကင်ကို စန္ဒီနှင့် ဝေမျှစားလိုက်ပြီး နောက်ထပ် ငါးအစိမ်းကို ကောက်ယူကာ ဘိုဒီကို ဗိုက်ခွဲခိုင်းလိုက်သည်။ သူမက အတွင်း အစိတ်ပိုင်းတစ်ခုကို ညွှန်ပြလိုက်ပြီးတော့ "တွေ့လား.. အဲဒါကို သည်းခြေအိတ်လို့ ခေါ်တယ် ငါးကို ခွဲရင်းနဲ့ အဲဒါကို မတော်တဆ ခွဲမိသွားရင် စောစောက အရသာ အတိုင်း ဖြစ်သွားလိမ့်မယ်... "
ဘိုဒီက မျက်လုံးများ ကပ်ပါသွားတော့မတတ် ငါးဗိုက် ကလီစာများကို သေချာကြည့်နေလေ၏။ ငါးညှီနံ့က မည်မျှပင် ပြင်းနေစေကာမူ စန္ဒီအတွက် သူ သည်းခံနိင်သည်။
ကျန်သော အမျိုးသားများက ငါးစားနေသည့် အမျိုးသမီးများကို ငေးကြည့်လိုက် သူတို့ ယူဆောင်လာသော ဝံပုလွေ၊ ကျား၊ ကျားသစ်များကို ပြန်ကြည့်လိုက် လုပ်နေကြသည်။
ခဏတာ တွေဝေနေသော်လည်း အဲလ်ဗစ်၏ ဖိအားကြောင့် ဂူမန်မန်ဆီသွားကာ ထိုအသားများကို မည်သို့ စားရမည်နည်းဟုလဲ မမေးရဲကြချေ။ ဂူမန်မန်က အစားကို မဖြူန်းတီးရန် မှာထားသည့်အတွက် အမျိုးသားများက သူတို့သားကောင်များကို အရေခွံခွာပြီး အရင်တုန်းက စားသကဲ့သို့ အစိမ်းစားလိုက်ကြတော့သည်။ စားနေရင်း ဂူမန်မန်ကို ကြည့်လိုက်ကြပြီး အသားကို အစိမ်းလိုက်စားနေကြသော်လည်း အရင်ကထက်ပင် အရသာပိုရှိနေကြလေ၏။

BẠN ĐANG ĐỌC
အလှလေး ရှောင်မန် (Myanmar translation) Book 2
Lãng mạnThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)