အခန်း (175) ( u & z )

2.1K 207 18
                                    

အခန်း (၁၇၅) : စတင် နားလည်သည်

လီရာ ဘာမှပြန်မပြောဘဲ နွယ်တွေနှင့် သီကုံးထားသည့် သစ်ရွက်ကို အဲလ်ဗစ်ဆီ ပေးလိုက်သည်။ ထို့နောက် အဲလ်ဗစ်ဆီ ဂျင်းခြောက်တွ ပေးရင်းပြောလိုက်သည်

“ သူမ ကအမြဲထူးဆန်းတာတွေကို ကြိုက်တယ်လေ”

အဲလ်ဗစ်က လီရာ ပေးတာကို ယူပြီး အနံ့ခံကြည့်လိုက်သောအခါ သစ်ရွက်တွင် ဆားခဲများပါနေကြောင်း သတိပြုမိသည်။ ဆားကို ထုပ်ပိုးထားပုံက ဂူမန်မန့် နည်းလမ်း အတိုင်းပင်ဖြစ်သည်။

ဒါဆို လီရာကလည်း ရေကန်နားမှာ ငါတို့နဲ့ ရှိနေခဲ့တာပေါ့။ ငါ အဲ့ဒါကို လုံးဝ သတိမထားမိခဲ့ဘူး .....

ထိုအချိန်အတွင်းတွင် အဲလ်ဗစ်က လီရာ ပြောခဲ့ဖူးသော “သားရဲကမ္ဘာက အရမ်းအန္တရာယ်များတယ်။ တစ်ယောက်တည်း ဂူမန်မန့်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး” ဟူသော စကား၏ အဓိပ္ပာယ်ကို သိလိုက်သည်။

ဒီနေ့ ငါတို့ နောက်ကို လိုက်ခဲ့တာဟာ လီရာသာ မဟုတ်ခဲ့ဘူးဆိုလျှင်…..

အဲလ်ဗစ် စိုးရိမ်တာကို စကားနဲ့ဖော်ပြမနေတော့ပဲ မေးလိုက်သည် “ငါ ဒါတွေကို မင်းဆီက ရတာလို့ သူမကို ပြောသင့်လား”

လီရာက ခေါင်းခါကာ ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည် “ အဲ့လိုပြောလိုက်လို့ ဒါတွေကို သူမ လက်မခံမှာ စိုးရိမ်မိတယ်”

အဲလ်ဗစ် ငြိမ်ကျသွားသည် ....

လီရာက ဂူမန်မန့်အကြောင်း ပိုနားလည်သည်ကိုတော့ ငြင်းလို့မရပေ။ သူကတော့ ဂူမန်မန် ဘာတွေးနေလဲဆိုတာ မသိဘဲ  သူမ လိုချင်တာကိုသာ လုပ်ပေးခဲ့သည်။ လီရာက ဂူမန်မန် ပါးစပ်ကမပြောခင် သူမ ဘာဖြစ်ချင်လဲ သိသည်။

ဤအရာကပင် သူ လီရာ့ကို ရှောင်မန့်စိတ်ထဲတွင် အနိုင်မရနိုင်သော အဓိက အချက်ပင်ဖြစ်ပေလိမ့်မည် ....

အဲလ်ဗစ် ခေါင်းညိတ်ကာ ပစ္စည်းတွေကို သယ်ရင်း ဂူထဲဝင်ရန် ပြင်လိုက်သည်။

လီရာ အဲလ်ဗစ်ကို တားရန် လက်ကို မြောက်လိုက်သည်။ သူ နှုတ်ခမ်းပါးက စကားလုံးတွေ ထွက်မလာခင် ရပ်တန့်လိုက်သည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Wo Geschichten leben. Entdecke jetzt