အခန်း (158) ( U & Z )

1.9K 211 59
                                    

အခန်း (၁၅၈) :  ဘာလို့ ကိုယ် မဟုတ်ရတာလဲ

သူမ မျက်နှာသစ်နေတုန်း တောင့်တင်းသွားမိသည်။ သူမ ရင်ဆိုင်ဖို့ မဆုံးဖြတ်ခင် နှုတ်ခမ်းကို ကိုက်လိုက်ပြီးတော့ ရေထဲကိုခဏကြည့်လိုက်သည်။

ရေစက်လေးတွေကို သူမ လက်လေးနှင့် အသာခါပြီးနောက် မတ်တပ်ရပ်လိုက်ပြီး အဲလ်ဗစ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ဘာကြောင့်မှန်း မသိပေမယ့် သူမက သူနဲ့ပတ်သက်ပြီး အပြစ်ရှိသလိုခံစား ရသည်။

ရင်ဆိုင်လိုက်ဖို့ တွန်းအားပေးခံရတဲ့အရာကနေ လွတ်မြောက်ဖို့ကြိုးစားတာက အသုံးမဝင်ဘူးမဟုတ်လား။ ဒါ့အပြင် သူမတွင် လွတ်မြောက်ရန်နေရာလည်းမရှိပေ။

“အဲလ်ဗစ်ရေ ရှင် ကျမအပေါ် ကောင်းတယ် ဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့ ကျမ ရှင့်ကို လက်ခံမပေးနိုင်ဘူး”

ဂူမန်မန်က အဲလ်ဗစ်နားကပ်သွားပြီး သုံးပေအကွာတွင် ရပ်နေသည်။

သူမခေါင်းကို မော့လိုက်ပြီးနောက် အလေးအနက်ဖြင့် ပြောလိုက်သည်

“ကျမ သိပါတယ်။ ဒီနေရာက ကျမ လာခဲ့တဲ့နေရာမဟုတ်ပဲ နဇိုင်းရယ် မျိုးနွယ်စုပဲလေ။ ကျမလည်း ဒီကအမူအကျင့်တွေအတိုင်းနေဖို့ ကြိုးစားပါတယ် ...  ဒါပေမဲ့ ကျမ ဒီလိုမျိုး အိမ်ထောင်ဖက်များတဲ့ ဆက်ဆံရေးကို တကယ်ကို လက်မခံနိုင်ဘူး”

အဲလ်ဗစ်က ကျောက်ရုပ်လိုမျိုး မလှုပ်မရှား ရပ်နေလေသည်။ ထို့နောက် ဂူမန်မန်ကို ကြည့် ပြီး မေးလိုက်သည်  “ဘာလို့ငါမဟုတ်ရတာလဲ”

ဂူမန်မန် ခဏတာ ငြိမ်သက်သွားလေသည်။

ဟုတ်ပါရဲ့ ... ဘာလို့များ အဲလ်ဗစ်ကို မရွေးမိပါလိမ့်

သူမ သူနဲ့ပထမဆုံး သိခဲ့ကြသည်။ စတွေ့တွေ့ချင်းက သူမ အိပ်မက်မက်နေသည်ဟုပင် ထင်ခဲ့သည်။ သူမက သူ့ကို ဖက်လိုက်ပြီး မှတ်မှတ်ရရ ပြောလိုက်သည်

“ကျမ ဒါအတွက် တာဝန်မယူဘူးနော်”

ဒါဟာ ဟာသသက်သက်ဖြစ်သော်ငြား ပြန်တွေးကြည့်လျှင် ထိုအတိုင်းသာ ဖြစ်သင့်သည်။

အဲလ်ဗစ်က သန်မာပြီးတော့ သူမ အပေါ် အရမ်းကောင်းသော လူတစ်ယောက်ဖြစ်လေသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora