အခန်း (၁၃၃) : ကိုယ် သဝန်တိုမိလိမ့်မယ်
အဆုံးတွင် ဂူမန်မန်က အိုးကို စန္ဒီဆီ သယ်ယူသွားနိုင်သောကြောင့် သူမ ဆန္ဒ ပြည့်ဝသွားသည်။ သို့သော်လည်း အိုးထဲတွင် ထိုင်နေသော သူမကို အဲလ်ဗစ်နှင့် လီရာက တစ်ဖက်တစ်ချက်စီ ပင့်ထားလေသည်။
ဂူမန်မန်က လာရာ လမ်းတစ်လျောက်တွင် သူမဘာသာ လှောင်ပြောင်မိသည်။ အိုးထဲတွင် ထိုင်နေရသည်က မည်သို့ ခံစားရကြောင်း သိရှိသွားလေပြီ။ အားလုံးက ရင်းနီးသော်လည်း ထိုအနေအထားက ကြည့်ရသည်မှာ နည်းနည်း အသစ် ဖြစ်နေလေ၏။
ဂူမန်မန်က စန္ဒီဂူဆီ ရောက်သည့်အခါ အဲလ်ဗစ်က ဂူနှင့် ဝေးဝေးမှ တိတ်တိဆိတ် ရပ်တန့်လိုက်ကာ ဂူမန်မန်နှင့် အိုးနှစ်ခုလုံးကို လီရာဆီ ပေးလိုက်သည်။
ဂူမန်မန်က ခေါင်းလေးစောင်းကာ မေးလိုက်သည် "ခေါင်းဆောင် မလိုက်ဘူးလား...."
အဲလ်ဗစ်က ဂူမန်မန်ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ဖြေကြားလိုက်သည် "ကိုယ်က နဇိုင်းရယ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆိုပေမဲ့ ပိုင်နက်အတွက် လိုက်နာရမဲ့ စည်းကမ်းတွေ ရှိသေးတယ်....."
ဂူမန်မန်က သူတို့သည် တူညီသော မျိုးနွယ်စုတွင် ဖြစ်သော်လည်း သူတို့တွင် ပိုင်နက် ခွဲခြားထားသော စိတ်ရှိကြောင်း ပြန်အမှတ်ရသွားသည်။ ထို့ကြောင့် သူမက လီရာဆီ လှည့်မေးလိုက်သည် "အဲဆို ဒယ်ဒီလီရာလဲ မလိုက်ဘူးလား ရှင်တို့နှစ်ယောက်က ဒီနားမှာ စောင့်နေလေ စန္ဒီကို ကျွန်မ သွားခေါ်လိုက်မယ် ပြီးတော့ အတူတူ ချက်စားကြတာပေါ့...."
သို့သော်လည်း လီရာက ခံညားဖွယ် ပြုံးရင်း ပြောလိုက်သည် "ကိုယ်က နတ်ဆေးဆရာဆိုတော့ ပိုင်နက်တွေနဲ့ ပတ်သတ်ပြီး ကန့်သတ်မထားဘူး ပြီးတော့ အာဒီလီရဲ့ ဒဏ်ရာက တော်တော်ဆိုးရွားတယ် သူ့ကို သေချာကြည့်ရဦးမှာ..."
"အာဒီလီ..." ဂူမန်မန်သည် စန္ဒီက သူမအတွက် ကာကွယ်ပေးပြီးနောက်တွင် နီနာ ပါတနာများက စန္ဒီပါတနာကို ဝိုင်း၍ အနိုင်ကျင့်ခဲကြသည်ကို ပြန်အမှတ်ရမိသွားကာ သုံးစက္ကန့်လောက် အေးခဲသွားသည်။ "ဟုတ်တာပေါ့ ဟုတ်တာပေါ့ သူက ကျွန်မကြောင့် ဒဏ်ရာ ရသွားတာပဲ ကျွနမတို့ သွားကြည့်သင့်တာပေါ့...."
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)