အခန်း (၂၀၆) : သက်သေနှင့်တကွ ဖော်ထုတ်ခြင်း
“ မင်း…. ဘာလုပ်ချင်လို့လဲ” ငတုံးက စိတ်ဖိစီးနေသည်။ သူ့ ပါးစပ်ကို အတတ်နိုင်ဆုံး လှုပ်ကာ ပြောလိုက်သည်
“ ငါက ဆာရူဒါရဲ့ သစ္စာရှိတမန်တော်လေ။ မင်း ငါ့ကို သတ်ရင်….”
“ ငါက နှင်ထုတ်ခံရပြီးသား လူတစ်ယောက်ပဲလေ။ ဆာရူဒါက ငါ့ကို တခြား ဘာများလုပ်နိုင်ဉီးမှာ မလို့လဲ” လီရာက ပြုံးလိုက်သော်လည်း ငတုံး စကားတွေကို ခေါင်းထဲရောက်ပုံပင် မပေါ်ပေ။ သူ လက်တွင်ပိုအားထည့်လိုက်ပြီး လည်ပင်းကို ညှစ်ထားသည်။ ထို့နောက် သူ အနည်းငယ် ထပ်ကပ်သွားကာ တိုးတိုးလေးပြောလိုက်သည်
“ ဒါ့အပြင် တမန်တော်ကလည်း ငါ့နောက်ခံ အဖြစ်ရှိနေတာလေ။ ဒုတိယ ဘုရင်က ငါ့ကို တစ်ခုခု လုပ်ရဲမှာမလို့လား။”
လီရာ စကားပြောပြီးနောက် သူ့ခေါင်းကို တခြားဖက် လွှဲလိုက်ပြီး သူ့ အပြုံးက ပို၍ပင် တောက်ပလာသည်။
ငတုံးလည်း လုံးဝမလှုပ်ရဲသော်လည်း လွတ်အောင်တော့ ကြိုးစားကြည့်ရင်း လီရာ ခုလို ပြုံးအောင် ဘာက လုပ်လိုက်လဲဆိုတာကို စဉ်းစားနေသည်။
လီရာက ငတုံး ရည်ရွယ်ချက်ကို သိသော်လည်း စိတ်မတိုပေ။ ထို့အပြင် သူက ကြင်ကြင်နာနာ ပြုံးလိုက်ပြီး
“ မင်းက ငါတို့ မျိုးနွယ်စုကပဲဆိုတော့ ပိုပြီး သန့်သန့်ရှင်းရှင်း သေလို့ရအောင် လုပ်ပေးမယ်”
လီရာက ငတုံးလည်ပင်းကနေ လက်ရုတ်လိုက်ပြီး ရုတ်တရက် လည်ကို လိမ်ချိုးလိုက်သည်။ ထို့နောက် သူမြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ လည်လိမ်အချိုးမခံရခင် မြင်လိုက်ရသည်က ဆာရူဒါဆီ သတင်းပြန်ပို့ရမယ့် သူ့ပါတနာ အညှာအတာ ကင်းမဲ့စွာဖြင့် သူ့ခြေထောက်နား ပစ်ချခံလိုက်ရတာပင်ဖြစ်သည်။
“မင်း…” ငတုံး သူ့စကားတွေကို အဆုံးထိ ပြောခွင့်မရရှိခဲ့ပေ။
လီရာက ငတုံး၏ အဝတ်ဖြင့် လက်ကို သုတ်လိုက်ပြီး နောက်ထပ် သစ္စာရှိတမန်တော်ကို သတ်ချင်နေသော ဘာရီတီကို ကြည့်ကာ ပြောလိုက်သည်
ESTÁS LEYENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)