အခန်း (၁၂၃) : ရယ်ဖွယ်ကောင်းသည့် ပြက်လုံး
"စောစောက ပြောချင်တာ အဲဒီအကြောင်းလား..." အဲလ်ဗစ်က ဂူမန်မန်ကို တင်းတင်း ဖက်ထားလိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်သည်။ ထိုမှသာ သူ့ရင်ဘတ်ထဲမှ နာကျင်မှုက လျော့နည်းသွားလိမ့်မည် "ကိစ္စမရှိပါဘူး ဒီနေ့ကစပြီးတော့ ကိုယ် မင်းကို ကာကွယ်ပေးပြီး စောင့်ရှောက်ပေးပါ့မယ် ကိုယ့်အသက်ကို စတေးရရင်တောင မင်းကို နာကျင်အောင် ဘယ်တော့မှ မလုပ်ပါဘူး တကယ်လို့ တရက်ရက်ကျ သူက မင်းကို လာရှာရင်တောင် ပထမပါတနာကို သူ့အတွက် လက်လျော့ပေးပါ့မယ်..."
ဂူမန်မန်က ရယ်ရတော့မလား ငိုရမလား မသိတော့ပေ။ တစ်နေ့ကျ သူမနှင့် ယူရှီဂျင်းတို့ ပေးစားခံရလိမ့်မည်ဟု ထင်မထားပေ။ သေစမ်း... အတော်ကို ရယ်မောဖွယ် ပြက်လုံးတစ်ခုပဲ....
"မဟုတ်သေးပါဘူး... ခေါင်းဆောင် နားလည်မှု လွဲနေပြီ အဲဒါက တခြားတယောက် ဇာတ်လမ်းလေ.. အမျိုးသမီး ဇာတ်လိုက်က ကန်မိုယွန်းလေ ဂူမန်မန်မှ မဟုတ်တာ..."
"မင်းရဲ တုံ့ပြန့်မှုက ကိုယ့်နှလုံးသားကို နာကျင်စေတယ် အရင်ရက်တွေတုန်းက မင်း ပြဿနာတွေ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းရင်း ဖြစ်လောက်မယ်..." အဲလ်ဗစ် စကားများက မေးခွန်းမဟုတ်ဘဲ ထွက်ဆိုချက် တစ်ခုသာ ဖြစ်၏။ သူ့နှလုံးသားတွင် သူမပြောနေသော ဇာတ်လမ်းမျ အဓိက အမျိးသမီး ဇာတ်လိုက်ဟုပင် ယူဆထားလေသည်။ သူမ အရွယ်ရောက် အခမ်းအနားတွင် သူမ ငိုကြွေးခြင်းနှင့် ဆက်စပ်မိသွားလေ၏။ သူမ ငိုကြွေးသည့် အဓိက အကြောင်းရင်းကား ယူရှီဂျင်း အမည်ရသော အမျိုးသား မရှိခြင်းကြောင့်သာ ဖြစ်ရမည်။
အကယ်၍ သူမ စိတ်ထဲတွင် ယူရှီဂျင်းက သူမကို အကာအကွယ် ပေးတဲ့သူဟု မှတ်ယူထား၍ ပထမ ပါတနာ ခေါင်းစဉ်က အဲလ်ဗစ်အတွက် မဟုတ်နိုင်တော့ချေ။
အံ့ဩစရာ မရှိတော့ပေ။ သူမသည် အဖြေအတွက် ဒွိဟ ဖြစ်နေရုံသာမက ပထမ ပါတနာကိုလဲ အသိမှတ် မပြုချင်ပေ။ အကြောင်းမှာ သူမက ထိုအဆင့်အတန်းကို ထိုသူအတွက် ချန်ထားပေးခြင်း ဖြစ်နေသည်။
STAI LEGGENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
Storie d'amoreThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)