အခန်း (216)

2K 184 6
                                    

အခန်း (၂၁၆) : ရေနွေးသောက်ခြင်းက အဖျားအားလုံးကို ပျောက်စေသည်

ဂူမန်မန် နေမကောင်းသော်လည်း အဲလ်ဗစ် လက်ကို ဆုပ်ကိုင်လိုက်သောအခါ သက်တောင့်သက်သာ ဖြစ်လာမိသည်။ အဲလ်ဗစ် ပေးသောလုံခြုံတဲ့ ခံစားမှုမျိုးကို အရင်က မကြုံဖူးပေမဲ့ သူမ ထိုခံစားချက်ကို စွဲလမ်းနေပြီဖြစ်သည်။

“ ဒါတွေကို နှစ်ယောက်စာ ပြင်ထားတာဆိုပေမယ့် မင်းစားလိုက်လည်း ရပါတယ်။ ကိုယ်ဆာနေမှာကို မင်းစိတ်ပူစရာမလိုပါဘူး။” ဂူမန်မန် အဲလ်ဗစ်လက်ကို မျက်နှာနား ကပ်ထားလိုက်သည်။ သူလက်တွေက မီးကြောင့်နွေးထွေးနေသော်လည်း ဖျားနေသော သူမကို မမှီပေ။ အဲလ်ဗစ် လက်တွေကြောင့် သူမ မျက်နှာ အေးလာသည်ကို ခံစားလိုက်ရသည်။

ဂူမန်မန် ပြောလိုက်သည် “ ရှင် ဘာမှ မစားဘူးဆိုရင် ကျမသာ ထပ်ဖျားရင် စောင့်ရှောက်ဖို့ အားအင်တွေ ဘယ်လိုလုပ်ရှိမှာလဲ ဟုတ်တယ်မလား။”

သူ့ကို စကားပြောရန် သူမကိုယ်သူမ ဖိအားပေးနေသော ဂူမန်မန့်ကို ကြည့်ရတာ အဲလ်ဗစ် ရင်နာလာရသည်။ သူမ စကားပြောရတာ ဘယ်လောက်ခက်မလဲဆိုတာ သူသိသည်။ ဒါကိုပင် သူမက သူ့ကို အစာစားရန် စိတ်ပူပေးနေသည်။ ထိုအရာက သူ့ကို နွေးထွေးစေသည်။ သူသာ အစာကို ဒီထက်ပိုပြီး စုဆောင်းခဲ့လျှင် ဒီလိုကိစ္စမျိုးကို ရှောင်မန် စိတ်ပူစရာ မလိုပေ။

ဂူထဲမှာ အစာတွေပြည့်တဲ့အထိ အဲလ်ဗစ် တစ်လလောက်ကြိုကာ အမဲလိုက်ခဲ့သော်လည်း သူ ကျေနပ်မှုမရှိပေ။

အဲလ်ဗစ်က ဂူမန်မန့်မျက်နှာလေးကို ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ကျောက်မြတ်ရတနာလေးကဲ့သို့ မှတ်ယူကာ ကိုင်လိုက်ရင်း ဂရုတစိုက်မေးသည် “ မင်း နေပြန်ကောင်းအောင် ကိုယ်ဘာလုပ်ပေးရမလဲ ကိုယ့်ကိုပြော”

ဂူမန်မန်က ရေဆူနေတဲ့ ကျောက်အိုးကို မေးငေါ့ပြကာ ပြောလိုက်သည် “ ရေနွေးကို သောက်တာက ဆေးတစ်ခွက်ပဲ။ ကျမတို့ ကမ္ဘာမှာ လူတွေ အကုန်လုံးက ‘ရေနွေးသောက်ခြင်းက အဖျားအားလုံးကို ပျောက်ကင်းစေနိုင်တယ်’ လို့သိထားကြတယ်”

ဒီဟာက ဟာသတစ်ခုဖြစ်သော်လည်း အမျိုးသမီးတွေကို ရေများများ သောက်ဖို့ပြောတဲ့သူဟာ ရည်းစားမရှိတော့တာဖြစ်ဖြစ် လူပျိုသိုးကြီး အဖြစ် အဆုံးသတ်တတ်ကြသည်။ သို့သော် အခုချိန်တွင်တော့ ဂူမန်မန့်အတွက် အကောင်းဆုံးဆေးပင် ဖြစ်သည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now